တာချီလိတ်တွင် တရားမဝင်လောင်းကစား အွန်လိုင်းဂိမ်းပြုလုပ်နေသည့် ထိုင်းလူငယ်(၆)ဦးကို ကွန်ပျူတာပစ္စည်းများဖြင့် ဖမ်းဆီးရမိ

ဖေဖော်ဝါရီ 12, 2019
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ ဝိန်းကျောက်ရပ်ကွက်အတွင်း၌  တရားမဝင် အွန်လိုင်းဂိမ်း လောင်းကစားပြုလုပ်သည့် ထိုင်းနိုင်ငံသား (၆)ဦးအား ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ညနေ(၃)နာရီ ဝန်းကျင်က ဖမ်းဆီးရမိကြောင်း သိရသည်။

ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)၌ ထိုင်းနိုင်ငံသားများ တရားမဝင်လောင်းကစား အွန်လိုင်း ဂိမ်းများ ပြုလုပ်နေကြောင်း သတင်းအရ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦး၊ တာချီလိတ်မြို့ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင် နှင့် တပ်ဖွဲ့ဝင်များ၊ ရဲအုပ်ကိုကိုဦး နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊  ပြည်နယ်(မှု/ကူ)ရဲတပ်ဖွဲ့မှ တပ်ကြပ် ထွန်းဝင်းဇော်၊ ခရိုင်(မှု/ကူ)ရဲတပ်ဖွဲ့မှ ရဲအုပ်မြင့်နိုင် နှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ၊ ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းစိုင်းနှင့် အဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များမှ သတင်းရ နေအိမ်အား ဝင်ရောက်စစ်ဆေးရှာဖွေရာ ကွန်ပျူတာများဖြင့် အွန်လိုင်းဂိမ်းလောင်းကစား ပြုလုပ်နေသည့် ထိုင်းနိုင်ငံသား(၅)ဦး နှင့် ထိုင်းနိုင်ငံသူ(၁)ဦး စုစုပေါင်း (၆)ဦးတို့အား သက်သေခံ ကွန်ပျူတာပစ္စည်းများဖြင့် တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ကွန်ပျူတာများဖြင့် အွန်လိုင်းဂိမ်းပြုလုပ်နေသည့် ထိုင်းနိုင်ငံသား အသက်(၂၅)နှစ်ရှိ တွီ၊ အသက်(၂၅)နှစ်ရှိ  တီရဆစ်၊ အသက်(၂၁)နှစ်ရှိ နရအစ်၊ အသက်(၂၁)နှစ်ရှိ ပိစ်ပန်မ်၊ အသက်(၂၁)နှစ်ရှိ ချီရဝပ် နှင့် ထိုင်းနိုင်ငံသူ အသက်(၂၁)နှစ်ရှိ အွန်နွန်တို့ နှင့်အတူ အွန်လိုင်းဂိမ်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများဖြစ်ပြီး အမျိုးအစားအစုံအလင်ပါရှိသည့် မော်နီတာ(၁၁)လုံး၊ Mother Box (၇)လုံး၊ UPS (၈)လုံး၊ ကီးဘုတ်(၇)လုံး၊ Mouse(၇)ခု၊ မီးပလပ်ပေါက်ခုံ (၄)ခု၊ Wifi ဖမ်း/လွှင့်သည့် စက်(၁)လုံး နှင့် ခေါက်စားပွဲခုံ (၅)လုံး အပြင် အွန်လိုင်းဂိမ်းကစားရာတွင် အသုံးပြုသည့် အမျိုးအစားစုံလင်သည့် လက်ကိုင်ဖုန်း (၉)လုံး တို့အား သက်သေခံပစ္စည်းများအဖြင့် တွေ့ရှိသိမ်းဆည်း ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။

တရားမဝင် အွန်လိုင်းဂိမ်းလောင်းကစားပြုလုပ်သည့် အဆိုပါ ထိုင်းနိုင်ငံသား ထိုင်းနိုင်ငံသား (၆)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၇၁/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - KHS

~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ ဝိန်းကျောက်ရပ်ကွက်အတွင်း၌ တရားမဝင် အွန်လိုင်းဂိမ်း လောင်းကစားပြုလုပ်သည့် ထိုင်းနိုင်ငံသား (၆)ဦးအား ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်က ဖမ်းဆီးရမိကြောင်း သိရသည်။

ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)၌ ထိုင်းနိုင်ငံသားများ တရားမဝင်လောင်းကစား အွန်လိုင်း ဂိမ်းများ ပြုလုပ်နေကြောင်း သတင်းအရ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦး၊ တာချီလိတ်မြို့ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင် နှင့် တပ်ဖွဲ့ဝင်များ၊ ရဲအုပ်ကိုကိုဦး နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ပြည်နယ်(မှု/ကူ)ရဲတပ်ဖွဲ့မှ တပ်ကြပ် ထွန်းဝင်းဇော်၊ ခရိုင်(မှု/ကူ)ရဲတပ်ဖွဲ့မှ ရဲအုပ်မြင့်နိုင် နှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ၊ ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းစိုင်းနှင့် အဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များမှ သတင်းရ နေအိမ်အား ဝင်ရောက်စစ်ဆေးရှာဖွေရာ ကွန်ပျူတာများဖြင့် အွန်လိုင်းဂိမ်းလောင်းကစား ပြုလုပ်နေသည့် ထိုင်းနိုင်ငံသား(၅)ဦး နှင့် ထိုင်းနိုင်ငံသူ(၁)ဦး စုစုပေါင်း (၆)ဦးတို့အား သက်သေခံ ကွန်ပျူတာပစ္စည်းများဖြင့် တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ကွန်ပျူတာများဖြင့် အွန်လိုင်းဂိမ်းပြုလုပ်နေသည့် ထိုင်းနိုင်ငံသား အသက်(၂၅)နှစ်ရှိ တွီ၊ အသက်(၂၅)နှစ်ရှိ တီရဆစ်၊ အသက်(၂၁)နှစ်ရှိ နရအစ်၊ အသက်(၂၁)နှစ်ရှိ ပိစ်ပန်မ်၊ အသက်(၂၁)နှစ်ရှိ ချီရဝပ် နှင့် ထိုင်းနိုင်ငံသူ အသက်(၂၁)နှစ်ရှိ အွန်နွန်တို့ နှင့်အတူ အွန်လိုင်းဂိမ်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများဖြစ်ပြီး အမျိုးအစားအစုံအလင်ပါရှိသည့် မော်နီတာ(၁၁)လုံး၊ Mother Box (၇)လုံး၊ UPS (၈)လုံး၊ ကီးဘုတ်(၇)လုံး၊ Mouse(၇)ခု၊ မီးပလပ်ပေါက်ခုံ (၄)ခု၊ Wifi ဖမ်း/လွှင့်သည့် စက်(၁)လုံး နှင့် ခေါက်စားပွဲခုံ (၅)လုံး အပြင် အွန်လိုင်းဂိမ်းကစားရာတွင် အသုံးပြုသည့် အမျိုးအစားစုံလင်သည့် လက်ကိုင်ဖုန်း (၉)လုံး တို့အား သက်သေခံပစ္စည်းများအဖြင့် တွေ့ရှိသိမ်းဆည်း ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။

တရားမဝင် အွန်လိုင်းဂိမ်းလောင်းကစားပြုလုပ်သည့် အဆိုပါ ထိုင်းနိုင်ငံသား ထိုင်းနိုင်ငံသား (၆)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၇၁/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - KHS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~