မေကြးတိုင္းေဒသႀကီးအတြင္း တာ၀န္ယူမႈ တာ၀န္ခံမႈရွိၿပီး ေဘးကင္းလံုၿခံဳမႈရွိသည့္ စားသံုးဆီမ်ား ထုတ္လုပ္ေရာင္းခ်လာေရးအတြက္ စီမံခ်က္ေရးဆြဲ ေဆာင္ရြက္မည္

မေကြးတိုင္းေဒသႀကီးအတြင္း တာ၀န္ယူမႈ တာ၀န္ခံမႈရွိၿပီး ေဘးကင္းလံုၿခံဳမႈရွိသည့္ စားသံုးဆီမ်ား ထုတ္လုပ္ေရာင္းခ်လာေရးအတြက္ စီမံခ်က္ေရးဆြဲ ေဆာင္ရြက္မည္
ဖေဖော်ဝါရီ 28, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္း စားသံုးဆီထုတ္လုပ္ေရာင္းခ်သည့္ လုပ္ငန္းရွင္မ်ား အေနျဖင့္ တာဝန္ယူမႈ၊ တာဝန္ခံမႈရိွၿပီး ေဘးကင္း လံုျခံဳမႈရိွေသာ စားသံုးဆီမ်ား ထုတ္လုပ္ေရာင္းခ်လာေရးအတြက္ တစ္ႏွစ္အတြင္း စီမံခ်က္တစ္ရပ္ ေရးဆဲြေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း  သိရသည္။

“ကြ်န္ေတာ္တို႔ ၂၀၁၉ခုႏွစ္ (၄)လပိုင္း (၁)ရက္ေန႔ကေန ၂၀၂၀ ခုႏွစ္ (၄)လပိုင္း (၁)ရက္ေန႔အထိ စီမံခ်က္ကာလကို တစ္ႏွစ္ သတ္မွတ္ဖို႔ အၾကမ္းဖ်င္း လ်ာထားပါတယ္။ ဒီလမွာလုပ္မယ့္ တိုင္းေဒသႀကီး စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖဲြ႔ အစည္းအေဝးမွာ အတည္ျပဳႏိုင္မယ္ ထင္ပါတယ္။ စားေသာက္ကုန္ ေတြနဲ႔ ပတ္သက္ၿပီး PMS လို႔ ေခၚတဲ့ ေစ်းကြက္ေထာက္လွန္းေရးအေနနဲ႔ ေစ်းကြက္ထဲက သံသယရိွတဲ့ ပစၥည္းကို ဝယ္တယ္။ ေနျပည္ေတာ္ဓာတ္ခဲြခန္းကို ပို႔စစ္တယ္။ အေျဖထြက္ရင္ ေၾကညာေပးၿပီး အေရးယူတဲ့ အပိုင္းကိုေတာ့ ေကာ္မတီနဲ႔ အေရးယူတယ္။ ဒါကိုေတာ့ လတိုင္းေလာက္ လုပ္ေလ့ ရိွပါတယ္။ ဆီနဲ႔ပတ္သက္ၿပီး သီးသန္႔ပေရာဂ်က္ အေနနဲ႔ကေတာ့ ဒါ ပထမဆံုးလုပ္မွာျဖစ္ပါတယ္” ဟု အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန မေကြးတိုင္းတာဝန္ခံ ေဒါက္တာျပည့္ထူးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာဝန္ယူမႈ၊ တာဝန္ခံမႈရိွၿပီး ေဘးကင္းလံုျခံဳမႈရိွေသာ စားသံုးဆီမ်ား ထုတ္လုပ္ေရာင္းခ်လာေရးအတြက္ စီမံခ်က္ အေကာင္အထည္ေဖာ္ေဆာင္ႏိုင္ရန္ လက္လီေရာင္းခ်သည့္ ေစ်းကြက္မွစ၍ စစ္ေဆးမႈမ်ား ျပဳလုပ္မည္ျဖစ္ရာ မိမိတို႔ ဝယ္ယူခဲ့ေသာ စားသံုးဆီအေရာင္းဆိုင္(သို႔)ဆီစက္မွ အမွတ္တံဆိပ္ပါ ေျပစာေဘာင္ခ်ာ ရယူျခင္း၊ မိမိတို႔ကလည္း စားသံုးသူမ်ားကို ေျပစာေဘာင္ခ်ာျဖင့္ ေရာင္းခ်ရန္ လိုအပ္လာမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စီမံခ်က္ ေရးဆဲြႏိုင္ေရးအတြက္ မေကြးတိုင္းေဒသႀကီး စားသံုးသူေရးရာဦးစီးဌာန မွ ၂၀၁၉ခုႏွစ္ ေဖေဖာ္ဝါရီ လ(၂၇)ရက္ ညေနပိုင္းက မေကြးကုန္စည္ဒိုင္ခန္းမ၌ ဆီစက္ပိုင္ရွင္မ်ား၊ ဆီလုပ္ငန္းရွင္မ်ားႏွင့္ ေတြ႔ဆံုပဲြျပဳ လုပ္ကာ အျပန္အလွန္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း စားသုံးဆီထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များ အနဖြေင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ဘေးကင်း လုံခြုံမှုရှိသော စားသုံးဆီများ ထုတ်လုပ်ရောင်းချလာရေးအတွက် တစ်နှစ်အတွင်း စီမံချက်တစ်ရပ် ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ၂၀၁၉ခုနှစ် (၄)လပိုင်း (၁)ရက်နေ့ကနေ ၂၀၂၀ ခုနှစ် (၄)လပိုင်း (၁)ရက်နေ့အထိ စီမံချက်ကာလကို တစ်နှစ် သတ်မှတ်ဖို့ အကြမ်းဖျင်း လျာထားပါတယ်။ ဒီလမှာလုပ်မယ့် တိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အစည်းအဝေးမှာ အတည်ပြုနိုင်မယ် ထင်ပါတယ်။ စားသောက်ကုန် တွေနဲ့ ပတ်သက်ပြီး PMS လို့ ခေါ်တဲ့ ဈေးကွက်ထောက်လှန်းရေးအနေနဲ့ ဈေးကွက်ထဲက သံသယရှိတဲ့ ပစ္စည်းကို ဝယ်တယ်။ နပြေည်တော်ဓာတ်ခွဲခန်းကို ပို့စစ်တယ်။ အဖြေထွက်ရင် ကြေညာပေးပြီး အရေးယူတဲ့ အပိုင်းကိုတော့ ကော်မတီနဲ့ အရေးယူတယ်။ ဒါကိုတော့ လတိုင်းလောက် လုပ်လေ့ ရှိပါတယ်။ ဆီနဲ့ပတ်သက်ပြီး သီးသန့်ပရောဂျက် အနေနဲ့ကတော့ ဒါ ပထမဆုံးလုပ်မှာဖြစ်ပါတယ်” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မကွေးတိုင်းတာဝန်ခံ ဒေါက်တာပြည့်ထူးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ဘေးကင်းလုံခြုံမှုရှိသော စားသုံးဆီများ ထုတ်လုပ်ရောင်းချလာရေးအတွက် စီမံချက် အကောင်အထည်ဖော်ဆောင်နိုင်ရန် လက်လီရောင်းချသည့် ဈေးကွက်မှစ၍ စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ရာ မိမိတို့ ဝယ်ယူခဲ့သော စားသုံးဆီအရောင်းဆိုင်(သို့)ဆီစက်မှ အမှတ်တံဆိပ်ပါ ပြေစာဘောင်ချာ ရယူခြင်း၊ မိမိတို့ကလည်း စားသုံးသူများကို ပြေစာဘောင်ချာဖြင့် ရောင်းချရန် လိုအပ်လာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံချက် ရေးဆွဲနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မှ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ လ(၂၇)ရက် ညနေပိုင်းက မကွေးကုန်စည်ဒိုင်ခန်းမ၌ ဆီစက်ပိုင်ရှင်များ၊ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲပြု လုပ်ကာ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~