တာခ်ီလိတ္ၿမိဳ႕ တာေလာ့ရပ္ကြက္အတြင္း ဌာန(၁၀)ခုျဖင့္ ျပည္သူ႔၀န္ေဆာင္မႈအျဖစ္ အခမဲ့ ေဆာင္ရြက္ေပး

တာခ်ီလိတ္ၿမိဳ႕ တာေလာ့ရပ္ကြက္အတြင္း ဌာန(၁၀)ခုျဖင့္ ျပည္သူ႔၀န္ေဆာင္မႈအျဖစ္ အခမဲ့ ေဆာင္ရြက္ေပး
ဖေဖော်ဝါရီ 19, 2019
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ရီလ(၁၅)ရက္ေန႔ကစတင္ကာ စမ္းသပ္ကာလ သတ္မွတ္ၿပီး ေဆာင္ရြက္ေနသည့္ ဌာန (၁၀) ခုပါ One Stop Shop(OSS) အဖြဲ႕မွ တတိယေျမာက္ေန႔အျဖစ္ တာေလာ့ရပ္ကြက္၊ တာေလာ့ေစ်းအတြင္းရွိ ဗုဒၶဘာသာတရုတ္ဘံုေက်ာင္းတြင္ ေဖေဖာ္၀ါရီ (၁၉) ရက္ေန႔ မနက္ (၁၀) နာရီမွစတင္ၿပီး ၀န္ေဆာင္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးေနေၾကာင္းသိရသည္။

ဆက္လက္၍ ၿမိဳ႕ေပၚရပ္ကြက္မ်ားျဖစ္သည့္ မကာဟိုခမ္းရပ္ကြက္ အတြက္ (၂၀) ရက္ေန႔၊ ဆန္ဆိုင္း(ခ)ရပ္ကြက္အတြက္ (၂၁) ရက္ေန႔၊ ဆန္ဆိုင္း(က)ရပ္ကြက္ အတြက္ (၂၂) ရက္ေန႔၊ မယ္ေခါင္ရပ္ကြက္ အတြက္ (၂၅) ရက္ေန႔၊ ရန္ေအာင္ေျမရပ္ကြက္ အတြက္ (၂၆) ရက္ေန႔၊ ၀ိန္းေက်ာက္ရပ္ကြက္အတြက္ (၂၇) ရက္ေန႔၊ ပါဆတ္ရပ္ကြက္အတြက္ (၂၈) ရက္ေန႔၊ ေဆခမ္းရပ္ကြက္အတြက္ မတ္လ (၁) ရက္ေန႔တို႔တြင္ မနက္ (၁၀) နာရီမွ စတင္၀န္ေဆာင္မႈ ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕ေပၚရပ္ကြက္မ်ားၿပီးသြားပါက တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာအုပ္စုမ်ားအထိ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - #ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ် ဖေဖော်ရီလ(၁၅)ရက်နေ့ကစတင်ကာ စမ်းသပ်ကာလ သတ်မှတ်ပြီး ဆောင်ရွက်နေသည့် ဌာန (၁၀) ခုပါ One Stop Shop(OSS) အဖွဲ့မှ တတိယမြောက်နေ့အဖြစ် တာလော့ရပ်ကွက်၊ တာလော့ဈေးအတွင်းရှိ ဗုဒ္ဓဘာသာတရုတ်ဘုံကျောင်းတွင် ဖေဖော်ဝါရီ (၁၉) ရက်နေ့ မနက် (၁၀) နာရီမှစတင်ပြီး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်းသိရသည်။

ဆက်လက်၍ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် မကာဟိုခမ်းရပ်ကွက် အတွက် (၂၀) ရက်နေ့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွက် (၂၁) ရက်နေ့၊ ဆန်ဆိုင်း(က)ရပ်ကွက် အတွက် (၂၂) ရက်နေ့၊ မယ်ခေါင်ရပ်ကွက် အတွက် (၂၅) ရက်နေ့၊ ရန်အောင်မြေရပ်ကွက် အတွက် (၂၆) ရက်နေ့၊ ဝိန်းကျောက်ရပ်ကွက်အတွက် (၂၇) ရက်နေ့၊ ပါဆတ်ရပ်ကွက်အတွက် (၂၈) ရက်နေ့၊ ဆေခမ်းရပ်ကွက်အတွက် မတ်လ (၁) ရက်နေ့တို့တွင် မနက် (၁၀) နာရီမှ စတင်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက်များပြီးသွားပါက တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - #ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~