ငွေသောင်ယံကျွန်းမှ မြသလွန်ဘုရားဘက်ရှိ သဲသောင်ပြင်သို့ ဖြတ်ကူးသည့် (၄)ဦးအနက် (၃)ဦး ရေနစ်သေဆုံး

ငွေသောင်ယံကျွန်းမှ မြသလွန်ဘုရားဘက်ရှိ သဲသောင်ပြင်သို့ ဖြတ်ကူးသည့် (၄)ဦးအနက် (၃)ဦး ရေနစ်သေဆုံး
ဖေဖော်ဝါရီ 4, 2019
By Tachileik News Agency

သေဆုံးသွားသူ (၃) ဦးမှာ မကွေးမြို့ တောင်တွင်းလမ်းပေါ်ရှိ ရှင်ဝိုင်း ဟသာင်္တ မုန့်ဟင်းခါးဆိုင်မှဖြစ်ပြီး အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁) ဦး ပါဝင်သည့်အဖွဲ့မှ ငွေသောင်ယံခေါ် သဲသောင်ပြင်ကျွန်းသို့ လာရောက် လည်ပတ်ပြီး မြသလွန်ဘုရားဘက်ရှိ သဲသောင်ပြင်သို့ ရေတိမ်သည့်အထင်ဖြင့် ဖြတ်ကူး လာကြရာတွင် သဲသောင်ပြင်သို့ ရောက်ရှိခါနီးတွင် ရေနက်လာသဖြင့် ပြန်လှည့်လာရာ ရေစီးအားကြောင့် အောက်ဖက်သို့ ပါသွားရာမှ  ငွေသောင်ယံကျွန်းသို့ ရောက်ရှိခါနီးတွင် ရေနက်ထဲသို့ ကျသွားခြင်း ဖြစ်ကြောင်း သိရသည်။


ရေနစ်ပျောက်ဆုံနေသူ (၃) ဦးကို ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ခေမာလူမူကယ်ဆယ်ရေးအဖွဲ့နှင့် ရေလုပ်သားများ ပူးပေါင်းပြီး ငါးမျှားတန်းများဖြင့် ရှာဖွေရာတွင် နေ့လည် (၁၂)နာရီ (၄၅)မိနစ်ခန့်တွင် အသက်(၂၀)နှစ်ရှိ မောင်စည်သူ နှင့် အသက်(၂၀)ရှိ မောင်ညိုကြီးတို့၏ အလောင်းများကို ငါးမျှားချိတ်တွင် ချိတ်မိဆယ်ယူနိုင်ခဲ့ပြီး အသက်(၁၉)နှစ်ရှိ မောင်ဝေယံကို ဆက်လက်ရှာဖွေနေ ကြောင်း သိရသည်။


သတင်း #ဖီးနစ်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဧရာဝတီမြစ်အတွင်း ပေါ်ထွန်းနေသည့် ဒေသအခေါ် ငွေသောင်ယံကျွန်းမှ မြသလွန်ဘုရားဘက်ရှိ သဲသောင်ပြင်သို့ မြစ်ဖြတ်ကူးရာမှ လူ(၃)ဦး ရေနစ်သေဆုံးမှု ဖေဖော်ဝါရီလ (၃) ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ရာတွင် ဖေဖော်ဝါရီလ (၄) ရက်နေ့ နေ့လည် (၁၂) နာရီ (၄၅) မိနစ်အချိန်ခန့်တွင် (၂) ဦး၏ အလောင်းများကို ဆယ်ယူရရှိခဲ့သော်လည်း ကျန် (၁)ဦးကို ဆက်လက်ရှာ ဖွေနေလျက်ရှိကြောင်း သိရသည်။

သေဆုံးသွားသူ (၃) ဦးမှာ မကွေးမြို့ တောင်တွင်းလမ်းပေါ်ရှိ ရှင်ဝိုင်း ဟင်္သာတ မုန့်ဟင်းခါးဆိုင်မှဖြစ်ပြီး အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁) ဦး ပါဝင်သည့်အဖွဲ့မှ ငွေသောင်ယံခေါ် သဲသောင်ပြင်ကျွန်းသို့ လာရောက် လည်ပတ်ပြီး မြသလွန်ဘုရားဘက်ရှိ သဲသောင်ပြင်သို့ ရေတိမ်သည့်အထင်ဖြင့် ဖြတ်ကူး လာကြရာတွင် သဲသောင်ပြင်သို့ ရောက်ရှိခါနီးတွင် ရေနက်လာသဖြင့် ပြန်လှည့်လာရာ ရေစီးအားကြောင့် အောက်ဖက်သို့ ပါသွားရာမှ ငွေသောင်ယံကျွန်းသို့ ရောက်ရှိခါနီးတွင် ရေနက်ထဲသို့ ကျသွားခြင်း ဖြစ်ကြောင်း သိရသည်။

“ရေနက်ထဲကို လေးယောက်လုံး ပြုတ်ကျသွားတာလို့ သိရတယ်။ အမျိုးသမီးလေးကတော့ ပြန်ပေါ်အလာမှာ မြို့ဟောင်းရပ်က ငါးဖမ်းလှေနဲ့ ရေလုပ်သားတစ်ဦးက တွေ့ပြီး ကယ်ဆယ် လိုက်နိုင်တယ်”ဟု နံကပ်ကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရေနစ်ပျောက်ဆုံနေသူ (၃) ဦးကို ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ခေမာလူမူကယ်ဆယ်ရေးအဖွဲ့နှင့် ရေလုပ်သားများ ပူးပေါင်းပြီး ငါးမျှားတန်းများဖြင့် ရှာဖွေရာတွင် နေ့လည် (၁၂)နာရီ (၄၅)မိနစ်ခန့်တွင် အသက်(၂၀)နှစ်ရှိ မောင်စည်သူ နှင့် အသက်(၂၀)ရှိ မောင်ညိုကြီးတို့၏ အလောင်းများကို ငါးမျှားချိတ်တွင် ချိတ်မိဆယ်ယူနိုင်ခဲ့ပြီး အသက်(၁၉)နှစ်ရှိ မောငေ်ဝယံကို ဆက်လက်ရှာဖွေနေ ကြောင်း သိရသည်။

မကွေးမြို့၊ နံကပ်ကျွန်းကျေးရွာအုပ်စုရှိ ဧရာဝတီမြစ်အတွင်း ပေါ်ထွန်းနေသည့် ဒေသအခေါ် ငွေသောင်ယံဟု အမည်ပေးထားသည့် သဲသောင်ပြင်ပေါ်တွင် စားသောက်ဆိုင်များ ဖွင့်လှစ်ထားရှိ၍ ယင်းနေရာဆီသို့ လှေပျော်စီးအသင်းမှ လှေများဖြင့် သွားရောက်နိုင်သဖြင့် လာရောက်လည်ပတ်မှုများ ရှိနေကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓါတ်ပုံ - ခေမာလူမှုကယ်ဆယ်ရေးအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~