တာခ်ီလိတ္ရွိ NIEC ေက်ာင္းက ပညာေရးဆိုင္ရာျပပြဲ က်င္းပ

တာခ်ီလိတ္ရွိ NIEC ေက်ာင္းက ပညာေရးဆိုင္ရာျပပြဲ က်င္းပ
ဖေဖော်ဝါရီ 28, 2019
By Tachileik News Agency

 ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ပံုလို႔လမ္း၌ ဖြင့္လွစ္ထားရွိသည့္  ႏိုင္ငံတကာအဆင့္မွီ မူလတန္းႏွင့္ အထက္တန္းေက်ာင္း (  Nelson International Education Center - NIEC )ေက်ာင္း၏ ပညာေရးဆိုင္ရာျပပြဲကို ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ ၂၈ ရက္ေန႔ ေန႔လည္ပိုင္းက က်င္းပရာ ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္အတူ မိဘမ်ားလည္း ပါဝင္ တက္ေရာက္ၾကသည္။

အဆိုပါ ျပပြဲတြင္ ေက်ာင္းသား/သူမ်ား တႏွစ္ပတ္လံုး သင္ၾကားၿပီး ကိုယ္တိုင္ျပဳလုပ္ထားေသာ  အဂၤလိပ္ ၊ သခ်ာၤ ၊ သိပၸံ ၊ သမိုင္း ၊ ပထ၀ီ ၊ ကြန္ျပဴတာ ၊ လူမႈေရး ၊ အားကစား ႏွင့္ က်န္မာေရး ပညာေပး စသည့္ ဘာသာရပ္ဆိုင္ရာ လက္ေတြ႔ စမ္းသပ္မႈမ်ား၊ ရုပ္ပံုကားခ်ပ္ မ်ားကို ျပသထားျခင္းျဖစ္သည္။

ျပပြဲတြင္ အေကာင္းဆံုးခင္းက်င္းျပသမႈဆု၊ အေရာင္ စံုလင္စြာျပသႏိုင္မႈဆု၊ တီထြင္ဆန္းသစ္ျပသႏုိင္မႈဆု၊ အေၾကာင္းအရာစံုလင္စြာ ျပသႏိုင္မႈဆု ႏွင့္ အေကာင္းဆံုးတင္ျပေျပာဆိုႏိုင္မႈ ဆုမ်ားကိုလည္း အုပ္စုအလိုက္ ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

တက္ေရာက္လာသည့္ မိဘမ်ားကိုယ္တိုင္ပါ၀င္ စမ္းသပ္ ၊ ကစားႏိုင္သည့္ အစီအစဥ္ မ်ားလည္း ပါရွိၿပီး ကေလးမ်ား၏ တက္ေျမာက္မႈ စြမ္းရည္မ်ားကို ၾကည့္႐ွူႏိုင္ရန္ စီစဥ္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထိုက္ ၊ ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ပုံလို့လမ်း၌ ဖွင့်လှစ်ထားရှိသည့် နိုင်ငံတကာအဆင့်မှီ မူလတန်းနှင့် အထက်တန်းကျောင်း (  Nelson International Education Center - NIEC )ကျောင်း၏ ပညာရေးဆိုင်ရာပြပွဲကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ကျင်းပရာ ကျောင်းသားကျောင်းသူများနှင့်အတူ မိဘများလည်း ပါဝင် တက်ရောက်ကြသည်။

အဆိုပါ ပြပွဲတွင် ကျောင်းသား/သူများ တနှစ်ပတ်လုံး သင်ကြားပြီး ကိုယ်တိုင်ပြုလုပ်ထားသော အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ သမိုင်း၊ ပထဝီ၊ ကွန်ပြူတာ၊ လူမှုရေး၊ အားကစား နှင့် ကျန်မာရေး ပညာပေး စသည့် ဘာသာရပ်ဆိုင်ရာ လက်တွေ့ စမ်းသပ်မှုများ၊ ရုပ်ပုံကားချပ် များကို ပြသထားခြင်းဖြစ်သည်။

ပြပွဲတွင် အကောင်းဆုံးခင်းကျင်းပြသမှုဆု၊ အရောင် စုံလင်စွာပြသနိုင်မှုဆု၊ တီထွင်ဆန်းသစ်ပြသနိုင်မှုဆု၊ အကြောင်းအရာစုံလင်စွာ ပြသနိုင်မှုဆု နှင့် အကောင်းဆုံးတင်ပြပြောဆိုနိုင်မှု ဆုများကိုလည်း အုပ်စုအလိုက် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တက်ရောက်လာသည့် မိဘများကိုယ်တိုင်ပါဝင် စမ်းသပ်၊ ကစားနိုင်သည့် အစီအစဉ် များလည်း ပါရှိပြီး ကလေးများ၏ တက်မြောက်မှု စွမ်းရည်များကို ကြည့်ရှူနိုင်ရန် စီစဉ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~