ေက်ာင္းမ်ားတြင္ က်ဴရွင္စနစ္ရိွေနျခင္းမွာ အစိုးရ၊ ဆရာႏွင့္ ေက်ာင္းသားမိဘမ်ားတြင္ တာဝန္ရိွေနေၾကာင္း ႏုိင္ငံေတာ္အတိုင္ပင္ခံ ေထာက္ျပ

ေက်ာင္းမ်ားတြင္ က်ဴရွင္စနစ္ရိွေနျခင္းမွာ အစိုးရ၊ ဆရာႏွင့္ ေက်ာင္းသားမိဘမ်ားတြင္ တာဝန္ရိွေနေၾကာင္း ႏုိင္ငံေတာ္အတိုင္ပင္ခံ ေထာက္ျပ
ဖေဖော်ဝါရီ 9, 2019
By Tachileik News Agency

ေက်ာင္းမ်ားတြင္ က်ဴရွင္စနစ္ပေပ်ာက္ေရးအတြက္ အမွတ္ေပးစနစ္မွ အဆင့္သတ္မွတ္ေပးသည့္စနစ္သို႔ ေျပာင္းလဲသည့္တုိင္ က်ဴရွင္စနစ္ရိွေနဆဲျဖစ္ျခင္းမွာ ပညာေရးစနစ္ထူေထာင္သည့္ အစိုးရအပါအဝင္ ဆရာ၊ဆရာမမ်ား၊ ေက်ာင္းသားမိဘမ်ားတြင္လည္း တာဝန္ရိွေနသည္ဟု ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္က ေထာက္ျပေျပာဆိုလုိက္သည္။

“ကၽြန္မတို႔ ဒီကိစၥဟာ မိဘ၊ ဆရာ အားလံုး၀ိုင္းၿပီးေတာ့ လုပ္ရမယ့္ကိစၥပါ။ က်ဴရွင္ျဖစ္ေပၚလာတာ ဆရာ၊ ဆရာမေတြနဲ႔ ဆိုင္တယ္၊ မိဘေတြနဲ႔လည္း ဆိုင္တယ္၊ စနစ္နဲ႔လည္း ဆိုင္တယ္။ စနစ္ကေတာ့ ကၽြန္မတို႔ရဲ႕ အစိုးရရဲ႕ တာ၀န္ျဖစ္ပါတယ္။ က်န္တဲ့ ႏွစ္ပိုင္းက မိဘ ဆရာ၊ ဆရာမေတြရဲ႕ အပိုင္းေတြ။ ဆရာ၊ ဆရာမေတြနဲ႔ မိဘေတြက ကိုယ့္အပိုင္းကိုယ္ေတာ့ တာ၀န္ယူရပါမယ္။ စနစ္ဆိုတာ ဘာလဲဆိုေတာ့ ပထမက်ဴရွင္ စရရင္းအေၾကာင္း တစ္ခုကေတာ့ ဆရာ၊ ဆရာမမ်ားရဲ႕ လခ မလံုေလာက္လို႔ေပါ့။ လခမလံုေလာက္တဲ့ အခါက်ေတာ့ ေဘးက၀င္ေငြရေအာင္လို႔က်ဴရွင္ ျပတာေတြကျဖစ္လာတယ္။ ေနာက္ၿပီးက်ေတာ့ အတန္းထဲမွာ စနစ္မေကာင္းလို႔ အတန္းထဲမွာ ေကာင္းေကာင္း စာသင္ႏိုင္တဲ့ အေျခအေန မရိွတဲ့ အခါက်ေတာ့ မိဘေတြက သူတို႔သား၊ သမီးေတြပညာေရး တတ္ေစခ်င္လို႔ဆိုၿပီးေတာ့ က်ဴရွင္ေပးတဲ့ ဆီကိုလႊတ္တာျဖစ္တယ္။ မိဘေတြမွာလည္း တာ၀န္ရိွတယ္။ ဆရာ၊ ဆရာမေတြ မွာလည္း တာ၀န္ရိွတယ္။ စနစ္ကိုထူေထာင္လိုက္တဲ့ အစိုးရမွာလည္း တာ၀န္ရိွတယ္”ဟု ႏိုင္ငံေတာ္၏ အတုိင္ပင္ခံ ပုဂၢိဳလ္ေအာင္ဆန္းစုၾကည္က ပညာေရးစနစ္ႏွင့္ပတ္သက္၍ ေထာက္ျပေျပာဆိုလုိက္သည္။

ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕သို႔ ေရာက္ရိွစဥ္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၇)ရက္ေန႔က အထက(၂)၌ လူထုေတြ႔ဆံုပြဲျပဳလုပ္ရာ ေက်ာင္းမ်ားတြင္ က်ဴရွင္စနစ္မ်ား ရိွေနျခင္းႏွင့္ပတ္သက္၍ ေဒသခံတစ္ဦးက တင္ျပမႈကို ေျဖၾကားစဥ္ ယင္းကဲ့သို႔ ထည့္သြင္းေျပာၾကားသြားျခင္းျဖစ္သည္။

ျမန္မာႏုိင္ငံတြင္ အေျခခံပညာေက်ာင္းမ်ားတြင္သာမက တကၠသိုလ္မ်ားအထိ ျပင္ပတြင္ က်ဴရွင္သင္ၾကားသည့္ စနစ္ ထြန္းကားေနျခင္းျဖစ္ၿပီး ပညာေရးဝန္ထမ္းမ်ား လစာမလံုေလာက္မႈမွာလည္း က်ဴရွင္သင္ၾကားသည့္စနစ္ ထြန္းကားေစသည့္ အေၾကာင္းရင္းတြင္ ပါဝင္ေနသျဖင့္ ဝန္ထမ္းမ်ားအား လစာတုိးေပးျခင္းအပါအဝင္ ပ့့ံပိုးမႈမ်ားလုပ္ေဆာင္ရန္ ႀကိဳးစားေနေၾကာင္း သိရသည္။

“ကၽြန္မတို႔၀န္ထမ္းေတြရဲ႕ လခေတြက ျမင့္သင့္သေလာက္မျမင့္ဘူး။ ကၽြန္မတို႔ႀကိဳးစားေနတယ္။ ျမႇင့္ေပးဖို႔ ႀကိဳးစားေနတယ္။ မၾကာခင္က ၀န္ထမ္းလစာေတြ ကၽြန္မတို႔ျမႇင့္ေပးခဲ့တယ္။ တစ္ခ်ိန္လံုးလခကို မတိုးေပးႏိုင္ေတာ့ ေနာက္တစ္ဖက္ တစ္လမ္းကေန အေျခအေနေတြေကာင္းေအာင္လို႔ ဥပမာ ၀န္ထမ္းအိမ္ယာေတြကို ဦးစားေပးၿပီးေတာ့ ေဆာက္ေပးတယ္။ အဲဒါေတြက ေဘးကေန ၀င္ေငြလိုအပ္မႈ ေလ်ာ့သြားေအာင္လို႔ ဒါက ကၽြန္မတို႔စနစ္အရႀကိဳးစားတာ။ ရပ္မိရပ္ဖေတြ ဘက္ကလည္း က်ဴရွင္ဘက္ကို တြန္းပို႔တဲ့လုပ္ရပ္ေတြ တားေပးပါ”ဟု ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္က ေျပာသည္။

မိဘမ်ားအေနျဖင့္ ကေလးမ်ား၏ အမွတ္ၿပိဳင္ဆုိင္ျခင္းမ်ားကလည္း မလုပ္သင့္ မလုပ္ထုိက္သည့္ ကိစၥမ်ားျဖစ္သည္ဟု ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္က ေျပာၾကားသြားသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကျောင်းများတွင် ကျူရှင်စနစ်ပပျောက်ရေးအတွက် အမှတ်ပေးစနစ်မှ အဆင့်သတ်မှတ်ပေးသည့်စနစ်သို့ ပြောင်းလဲသည့်တိုင် ကျူရှင်စနစ်ရှိနေဆဲဖြစ်ခြင်းမှာ ပညာရေးစနစ်ထူထောင်သည့် အစိုးရအပါအဝင် ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများတွင်လည်း တာဝန်ရှိနေသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထောက်ပြပြောဆိုလိုက်သည်။

“ကျွန်မတို့ ဒီကိစ္စဟာ မိဘ၊ ဆရာ အားလုံးဝိုင်းပြီးတော့ လုပ်ရမယ့်ကိစ္စပါ။ ကျူရှင်ဖြစ်ပေါ်လာတာ ဆရာ၊ ဆရာမတွေနဲ့ ဆိုင်တယ်၊ မိဘတွေနဲ့လည်း ဆိုင်တယ်၊ စနစ်နဲ့လည်း ဆိုင်တယ်။ စနစ်ကတော့ ကျွန်မတို့ရဲ့ အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ ကျန်တဲ့ နှစ်ပိုင်းက မိဘ ဆရာ၊ ဆရာမတွေရဲ့ အပိုင်းတွေ။ ဆရာ၊ ဆရာမတွေနဲ့ မိဘတွေက ကိုယ့်အပိုင်းကိုယ်တော့ တာဝန်ယူရပါမယ်။ စနစ်ဆိုတာ ဘာလဲဆိုတော့ ပထမကျူရှင် စရရင်းအကြောင်း တစ်ခုကတော့ ဆရာ၊ ဆရာမများရဲ့ လခ မလုံလောက်လို့ပေါ့။ လခမလုံလောက်တဲ့ အခါကျတော့ ဘေးကဝင်ငွေရအောင်လို့ကျူရှင် ပြတာတွေကဖြစ်လာတယ်။ နောက်ပြီးကျတော့ အတန်းထဲမှာ စနစ်မကောင်းလို့ အတန်းထဲမှာ ကောင်းကောင်း စာသင်နိုင်တဲ့ အခြေအနေ မရှိတဲ့ အခါကျတော့ မိဘတွေက သူတို့သား၊ သမီးတွေပညာရေး တတ်စေချင်လို့ဆိုပြီးတော့ ကျူရှင်ပေးတဲ့ ဆီကိုလွှတ်တာဖြစ်တယ်။ မိဘတွေမှာလည်း တာဝန်ရှိတယ်။ ဆရာ၊ ဆရာမတွေ မှာလည်း တာဝန်ရှိတယ်။ စနစ်ကိုထူထောင်လိုက်တဲ့ အစိုးရမှာလည်း တာဝန်ရှိတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အောင်ဆန်းစုကြည်က ပညာရေးစနစ်နှင့်ပတ်သက်၍ ထောက်ပြပြောဆိုလိုက်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့ ရောက်ရှိစဉ် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့က အထက(၂)၌ လူထုတွေ့ဆုံပွဲပြုလုပ်ရာ ကျောင်းများတွင် ကျူရှင်စနစ်များ ရှိနခြေင်းနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက တင်ပြမှုကို ဖြကြေားစဉ် ယင်းကဲ့သို့ ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းများတွင်သာမက တက္ကသိုလ်များအထိ ပြင်ပတွင် ကျူရှင်သင်ကြားသည့် စနစ် ထွန်းကားနခြေင်းဖြစ်ပြီး ပညာရေးဝန်ထမ်းများ လစာမလုံလောက်မှုမှာလည်း ကျူရှင်သင်ကြားသည့်စနစ် ထွန်းကားစေသည့် အကြောင်းရင်းတွင် ပါဝင်နေသဖြင့် ဝန်ထမ်းများအား လစာတိုးပေးခြင်းအပါအဝင် ပံ့ပိုးမှုများလုပ်ဆောင်ရန် ကြိုးစားနေကြောင်း သိရသည်။

“ကျွန်မတို့ဝန်ထမ်းတွေရဲ့ လခတွေက မြင့်သင့်သလောက်မမြင့်ဘူး။ ကျွန်မတို့ကြိုးစားနေတယ်။ မြှင့်ပေးဖို့ ကြိုးစားနေတယ်။ မကြာခင်က ဝန်ထမ်းလစာတွေ ကျွန်မတို့မြှင့်ပေးခဲ့တယ်။ တစ်ချိန်လုံးလခကို မတိုးပေးနိုင်တော့ နောက်တစ်ဖက် တစ်လမ်းကနေ အခြေအနေတွေကောင်းအောင်လို့ ဥပမာ ဝန်ထမ်းအိမ်ယာတွေကို ဦးစားပေးပြီးတော့ ဆောက်ပေးတယ်။ အဲဒါတွေက ဘေးကနေ ဝင်ငွေလိုအပ်မှု လျော့သွားအောင်လို့ ဒါက ကျွန်မတို့စနစ်အရကြိုးစားတာ။ ရပ်မိရပ်ဖတွေ ဘက်ကလည်း ကျူရှင်ဘက်ကို တွန်းပို့တဲ့လုပ်ရပ်တွေ တားပေးပါ”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

မိဘများအနဖြေင့် ကလေးများ၏ အမှတ်ပြိုင်ဆိုင်ခြင်းများကလည်း မလုပ်သင့် မလုပ်ထိုက်သည့် ကိစ္စများဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသွားသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~