Writen by
Tachileik News Agency
2:02:00 PM
-
0
Comments
ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ က်င္းပမည့္ ရွမ္းျပည္အေရွ႕ပိုင္းကိုယ္စားျပဳ Mister Global၊ Miss & Mrs Queen of the World Tachileik အတြက္ လူေတြ႕စစ္ေဆးျခင္းကို ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၇)ရက္ေန႔ နံနက္(၉)နာရီတြင္ တာခ်ီလိတ္ၿမိဳ႕ရွိ ဂိုးလ္ဒင္းခ်ယ္ရီဟိုတယ္၌ က်င္းပျပဳလုပ္သည္။အဆိုပါ ၿပိဳင္ပြဲတြင္ အိမ္ေထာင္မရိွသည့္ အမ်ိဳးသားႏွင့္ အမ်ိဳးသမီးလူငယ္မ်ားအတြက္ Mister ႏွင့္ Miss ေရြးခ်ယ္ပြဲအျပင္ အိမ္ေထာင္ရွင္အမ်ိဳးသမီးမ်ားအတြက္ Mrs ၿပိဳင္ပြဲကိုပါ ထည့္သြင္းက်င္းပျခင္းျဖစ္ၿပီး ၿပိဳင္ပြဲကို ကမၻာ့အဆင့္မီၿပိဳင္ပြဲမ်ား အတုိင္း က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
ၿပိဳင္ပြဲကို ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၁) ရက္ေန႔ ညေန (၆)နာရီတြင္ တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမ ရပ္ကြက္၊ ပါလွ်ံတရုတ္(တာ့ဟြား)ဘံုေက်ာင္းတြင္ က်င္းပသြားမည္ျဖစ္ၿပီး အဆိုေတာ္ဖိုးျပည့္ႏွင့္အဖြဲ႕ ေဖ်ာ္ေျဖမည္ျဖစ္ေၾကာင္း ႏွင့္ ၿပိဳင္ပြဲႏွင့္ပတ္သက္၍ အေသးစိတ္သိရိွလိုပါက ဖုန္း 09 428231070ႏွင့္ 09 250478077 တုိ႔သို႔ ဆက္သြယ္ေမးျမန္းႏုိင္ေၾကာင္း သိရသည္။
ဓါတ္ပံု - ဟန္စိုးထိုက္ ၊ ေက်ာ္ဇင္ဟိန္း
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ကျင်းပမည့် ရှမ်းပြည်အရှေ့ပိုင်းကိုယ်စားပြု Mister Global၊ Miss & Mrs Queen of the World Tachileik အတွက် လူတွေ့စစ်ဆေးခြင်းကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့ နံနက်(၉)နာရီတွင် တာချီလိတ်မြို့ရှိ ဂိုးလ်ဒင်းချယ်ရီဟိုတယ်၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ပြိုင်ပွဲတွင် အိမ်ထောင်မရှိသည့် အမျိုးသားနှင့် အမျိုးသမီးလူငယ်များအတွက် Mister နှင့် Miss ရွေးချယ်ပွဲအပြင် အိမ်ထောင်ရှင်အမျိုးသမီးများအတွက် Mrs ပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲကို ကမ္ဘာ့အဆင့်မီပြိုင်ပွဲများ အတိုင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ ညနေ (၆)နာရီတွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျှံတရုတ်(တာ့ဟွား)ဘုံကျောင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုတော်ဖိုးပြည့်နှင့်အဖွဲ့ ဖျော်ဖြေမည်ဖြစ်ကြောင်း နှင့် ပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်း 09 428231070နှင့် 09 250478077 တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း
No comments
Post a Comment
Note: Only a member of this blog may post a comment.