ရက္ေပါင္း (၇၀)ေက်ာ္က်င္းပမည့္ မန္းေရႊစက္ေတာ္ဘုရားပြဲေတာ္အတြက္ လံုၿခံဳေရးရဲကင္းမ်ား ခ်ထားမႈ အေျခအေန စစ္ေဆး

ရက္ေပါင္း (၇၀)ေက်ာ္က်င္းပမည့္ မန္းေရႊစက္ေတာ္ဘုရားပြဲေတာ္အတြက္ လံုၿခံဳေရးရဲကင္းမ်ား ခ်ထားမႈ အေျခအေန စစ္ေဆး
ဖေဖော်ဝါရီ 4, 2019
By Tachileik News Agency

မေကြးတုိင္းေဒသႀကီးတြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၉)ရက္ေန႔မွစ၍ ရက္ေပါင္း(၇၀)ခန္႔ က်င္းပမည့္ မန္းေရႊစက္ေတာ္ ဘုရားပြဲေတာ္ကာလအတြင္း လံုၿခံဳေရးေဆာင္ရြက္မည့္ ရဲကင္းမ်ားကို တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴးက ေဖေဖၚဝါရီလ (၃)ရက္ေန႔တြင္ လုိက္လံစစ္ေဆးထားေၾကာင္း သိရသည္။

မေကြးတိုင္း ေဒသႀကီးရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး ခင္ေဇာ္သည္ မင္းဘူး(စကု)ၿမိဳ႕နယ္၊ မန္းေရႊစက္ေတာ္ ဘုရားပြဲေတာ္ ကာလအတြင္း လံုၿခံဳေရး ေဆာင္ရြက္မည့္ မင္းဘူးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးႏွင့္ ရဲတပ္ဖြဲ႕၀င္မ်ား၊ ရဲကင္း ေနရာခ်ထားမႈမ်ားကို စစ္ေဆးသည့္အျပင္ ရဲတပ္ဖြဲ႕က လံုၿခံဳေရးရယူမည့္ ယာဥ္ရပ္နားကြင္းမ်ားႏွင့္ ဆင္စခန္းတို႔တြင္ လံုၿခံဳေရးတာဝန္ခ်ထားမႈအေျခအေနမ်ားအား စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။

ဘုရားပြဲေတာ္ က်င္းပေရးအတြက္ အနီးကပ္ႀကီးၾကပ္ႏိုင္ရန္ လုပ္ငန္းေကာ္မတီကို မင္းဘူး ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ဥကၠဌ၊ ခရုိင္ရဲတပ္ဖဲြ႔မွဴးက အတြင္းေရးမွဴးအျဖစ္ အသီးသီးတာဝန္ယူကာ ဌာနဆိုင္ရာမ်ား ပါဝင္ေသာ လုပ္ငန္းဆိုင္ရာေကာ္မတီႏွင့္ ဆပ္ေကာ္မတီ (၉)ခုျဖင့္ ႀကီးၾကပ္ ေဆာင္ရြက္ သြားမည္ျဖစ္ကာ ပြဲေတာ္ကာလလံုၿခံဳေရးအတြက္ ရဲတပ္ဖြဲ႕က ရဲကင္းမ်ား ခ်ထား ေဆာင္ရြက္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။

ယခုႏွစ္ မန္းေရႊစက္ေတာ္ဘုရားပြဲေတာ္ကာလတြင္ မင္းဘူး/စကုၿမိဳ႕နယ္ မန္းေရႊစက္ေတာ္ဘုရားအနီး ႀကိဳးျပင္ကာကြယ္ေတာရိွ ဆင္စခန္းကို စတင္ဖြင့္လွစ္မည့္အျပင္ ပြဲေတာ္ဝန္းအတြင္း ယာဥ္ရပ္နားခေကာက္ခံသည့္ စနစ္ကိုလည္း ဖ်က္သိမ္းထားျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီးတွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၉)ရက်နေ့မှစ၍ ရက်ပေါင်း(၇၀)ခန့် ကျင်းပမည့် မန်းရွှေစက်တော် ဘုရားပွဲတော်ကာလအတွင်း လုံခြုံရေးဆောင်ရွက်မည့် ရဲကင်းများကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် လိုက်လံစစ်ဆေးထားကြောင်း သိရသည်။

မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော်သည် မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော် ဘုရားပွဲတော် ကာလအတွင်း လုံခြုံရေး ဆောင်ရွက်မည့် မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရဲကင်း နေရာချထားမှုများကို စစ်ဆေးသည့်အပြင် ရဲတပ်ဖွဲ့က လုံခြုံရေးရယူမည့် ယာဉ်ရပ်နားကွင်းများနှင့် ဆင်စခန်းတို့တွင် လုံခြုံရေးတာဝန်ချထားမှုအခြေအနေများအား စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

ဘုရားပွဲတော် ကျင်းပရေးအတွက် အနီးကပ်ကြီးကြပ်နိုင်ရန် လုပ်ငန်းကော်မတီကို မင်းဘူး ခရိုင်အုပ်ချုပ်ရေးမှူးက ဥက္ကဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူးက အတွင်းရေးမှူးအဖြစ် အသီးသီးတာဝန်ယူကာ ဌာနဆိုင်ရာများ ပါဝင်သော လုပ်ငန်းဆိုင်ရာကော်မတီနှင့် ဆပ်ကော်မတီ (၉)ခုဖြင့် ကြီးကြပ် ဆောင်ရွက် သွားမည်ဖြစ်ကာ ပွဲတော်ကာလလုံခြုံရေးအတွက် ရဲတပ်ဖွဲ့က ရဲကင်းများ ချထား ဆောင်ရွက်နခြေင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကာလတွင် မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားအနီး ကြိုးပြင်ကာကွယ်တောရှိ ဆင်စခန်းကို စတင်ဖွင့်လှစ်မည့်အပြင် ပွဲတော်ဝန်းအတွင်း ယာဉ်ရပ်နားခကောက်ခံသည့် စနစ်ကိုလည်း ဖျက်သိမ်းထားခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~