ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ႏွင့္ မိုင္းေယာင္းၿမိဳ႕ လူထုေတြ႔ဆံုပြဲတြင္ ကုန္သြယ္ေရးႏွင့္အတူ ေဒသလိုအပ္ခ်က္မ်ား တင္ျပ

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ႏွင့္ မိုင္းေယာင္းၿမိဳ႕ လူထုေတြ႔ဆံုပြဲတြင္ ကုန္သြယ္ေရးႏွင့္အတူ ေဒသလိုအပ္ခ်က္မ်ား တင္ျပ
ဖေဖော်ဝါရီ 5, 2019
By Tachileik News Agency

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၅)ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္ၿမိဳ႕ရွိ ေအာင္ျမတ္ခန္းမတြင္ က်င္းပျပဳလုပ္သည့္ လူထုေတြ႔ဆံုပြဲအၿပီး မိုင္းေယာင္းၿမိဳ႕သို႔ ရဟတ္ယာဥ္ျဖင့္ ဆက္လက္ထြက္ခြာကာ ေန႔လည္(၁း၅၀)နာရီအခ်ိန္က မိုင္းေယာင္း ေဒသခံမ်ားႏွင့္ လူထုေတြ႔ဆံုပြဲ ျပဳလုပ္ၿပီးေနာက္ ညေန(၃)နာရီေက်ာ္တြင္ က်ဳိင္းတံုသို႔ ဆက္လက္ ထြက္ခြာ သြားေၾကာင္း သိရသည္။

မိုင္းေယာင္းၿမိဳ႕တြင္ ျပဳလုပ္သည့္ လူထုေတြ႔ဆံုပြဲသို႔ တက္ေရာက္လာသူအခ်ဳိ႕က မိုင္းယုၿမိဳ႕တြင္ လမ္းျပဳျပင္ေပးေရး ကိစၥ၊ ကုန္သြယ္ေရးကိစၥ၊ လူငယ္ေရးရာႏွင့္ ပတ္သက္၍ လူငယ္စင္တာကိစၥ၊ ရာဘာစိုက္ပ်ဳိးေရးႏွင့္ေရာင္း၀ယ္ေရးတို႔တြင္ သယ္ယူ ပို႔ေဆာင္ရာ၌ ဂိတ္ေၾကးမ်ား ေပးေနရသည့္ ကိစၥ အပါအ၀င္ မိုင္းေယာင္းၿမိဳ႕တြင္ လိုအပ္ေနသည့္ ၀န္ထမ္းအိမ္ရာ ေဆာက္လုပ္ေပးေရးကိစၥ ႏွင့္ ပညာေရး၊ က်န္းမာေရး၊ လူငယ္ေရးရာကိစၥမ်ားကို   ေဆြးေႏြး တင္ျပခဲ့ၾကေၾကာင္း သိရသည္။

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ျပည္ေထာင္စုဝန္ႀကီးမ်ားပါဝင္သည့္ အဖြဲ႕သည္ နံနက္ (၈)နာရီခြဲဝန္းက်င္တြင္ ေနျပည္ေတာ္မွ Myanmar National Airlines ေလေၾကာင္းလုိင္းျဖင့္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၅)ရက္ေန႔ နံနက္ ( ၉း၃၅ )နာရီက ေရာက္ရိွလာျခင္း ျဖစ္ၿပီး ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ၊ နယ္စပ္ေရးရာဝန္ႀကီး ဒုဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ျပည္ေထာင္စုအစိုးရအဖြဲ႕ရံုးဝန္ႀကီး ဦးမင္းသူႏွင့္ ရဲခ်ဳပ္ ဒုရဲဗိုလ္ခ်ဳပ္ႀကီး ေအာင္ဝင္းဦးတုိ႔ အပါအဝင္ စုစုေပါင္း (၂၇)ဦး လုိက္ပါလာျခင္းျဖစ္ၿပီး တာခ်ီလိတ္မွ တဆင့္ မိုင္းေယာင္းသို႔ ဆက္လက္ထြက္ခြာသြားျခင္း ျဖစ္သည္။

မိုင္းေယာင္းၿမိဳ႕တြင္ လူထုေတြ႕ဆံုပြဲအား ညေန(၃)နာရီ၀န္းက်င္တြင္ ၿပီးဆံုးကာ ညေန(၃)နာရီေက်္ာက မိုင္းေယာင္းမွ တဆင့္ က်ဳိင္းတံုၿမိဳ႕သို႔ ဆက္လက္၍ ရဟတ္ယာဥ္ျဖင့္ ထြက္ခြာသြားေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - SSSL


~~~~~~~~⊰❂ Unicode Version ~~~~~~~~


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်သည့် လူထုတွေ့ဆုံပွဲအပြီး မိုင်းယောင်းမြို့သို့ ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာကာ နေ့လည်(၁း၅၀)နာရီအချိန်က မိုင်းယောင်း ဒေသခံများနှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်ပြီးနောက် ညနေ(၃)နာရီကျော်တွင် ကျိုင်းတုံသို့ ဆက်လက် ထွက်ခွာ သွားကြောင်း သိရသည်။

မိုင်းယောင်းမြို့တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်လာသူအချို့က မိုင်းယုမြို့တွင် လမ်းပြုပြင်ပေးရေး ကိစ္စ၊ ကုန်သွယ်ရေးကိစ္စ၊ လူငယ်ရေးရာနှင့် ပတ်သက်၍ လူငယ်စင်တာကိစ္စ၊ ရာဘာစိုက်ပျိုးရေးနှင့်ရောင်းဝယ်ရေးတို့တွင် သယ်ယူ ပို့ဆောင်ရာ၌ ဂိတ်ကြေးများ ပေးနေရသည့် ကိစ္စ အပါအဝင် မိုင်းယောင်းမြို့တွင် လိုအပ်နေသည့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရေးကိစ္စ နှင့် ပညာရေး၊ ကျန်းမာရေး၊ လူငယ်ရေးရာကိစ္စများကို ဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးများပါဝင်သည့် အဖွဲ့သည် နံနက် (၈)နာရီခွဲဝန်းကျင်တွင် နပြေည်တော်မှ Myanmar National Airlines လေကြောင်းလိုင်းဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့သို့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့ နံနက် ( ၉း၃၅ )နာရီက ရောက်ရှိလာခြင်း ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူနှင့် ရဲချုပ် ဒုရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးတို့ အပါအဝင် စုစုပေါင်း (၂၇)ဦး လိုက်ပါလာခြင်းဖြစ်ပြီး တာချီလိတ်မှ တဆင့် မိုင်းယောင်းသို့ ဆက်လက်ထွက်ခွာသွားခြင်း ဖြစ်သည်။

မိုင်းယောင်းမြို့တွင် လူထုတွေ့ဆုံပွဲအား ညနေ(၃)နာရီဝန်းကျင်တွင် ပြီးဆုံးကာ ညနေ(၃)နာရီကျော်က မိုင်းယောင်းမှ တဆင့် ကျိုင်းတုံမြို့သို့ ဆက်လက်၍ ရဟတ်ယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - SSSL

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~