လားရႈိးၿမိဳ႕တြင္ (၃)ရက္တိုင္တိုင္ က်င္းပျပဳလုပ္မည့္ သစ္သားပန္းပု ျပသ/ ေရာင္းခ်ပြဲ ႏွင့္ ေဒသတြင္းလက္မႈ ထုတ္ကုန္ျပသပြဲအား ေဖေဖာ္၀ါရီလ(၁)ရက္ေန႔တြင္ စတင္

လားရႈိးၿမိဳ႕တြင္ (၃)ရက္တိုင္တိုင္ က်င္းပျပဳလုပ္မည့္ သစ္သားပန္းပု ျပသ/ ေရာင္းခ်ပြဲ ႏွင့္ ေဒသတြင္းလက္မႈ ထုတ္ကုန္ျပသပြဲအား ေဖေဖာ္၀ါရီလ(၁)ရက္ေန႔တြင္ စတင္
ဖေဖော်ဝါရီ 1, 2019
By Tachileik News Agency

သံုးရက္တိုင္တိုင္ က်င္းပျပဳလုပ္မည့္  သစ္သားပန္းပု ျပသ/ ေရာင္းခ်ပြဲ ႏွင့္ ေဒသတြင္း လက္မႈ ထုတ္ကုန္ျပသပြဲကို ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမတြင္ ေဖေဖာ္၀ါရီလ(၁)ရက္ေန႔က စတင္ကာ က်င္းပျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

အဆိုပါပြဲကို ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းအဖြဲ႔ခ်ဳပ္လက္ေအာက္ရွိ အမွတ္တရပစၥည္း ထုတ္လုပ္၊ ျဖန္႔ျဖဴး၊ ေရာင္းခ်သူမ်ား အသင္း ( ရွွမ္းျပည္နယ္ ေျမာက္ပိုင္း )မွွ လားရႈိးၿမိဳ႕တြင္ ဒုတိယအႀကိမ္ေျမာက္ က်င္းပျပဳလုပ္ျခင္း ျဖစ္ေၾကာင္းႏွင့္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁)ရက္ေန႔မွ စတင္ကာ ေဖေဖာ္၀ါရီလ(၃)ရက္ေန႔အထိ ေန႔စဥ္ နံနက္(၉)နာရီမွ ည(၉)နာရီအထိ ျပုလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"အဓိက ရည္ရြယ္ခ်က္ကေတာ့ ေဒသတြင္းက လက္မႈလုပ္ငန္းေတြကို ေဖၚထုတ္ျပသေပးျခင္းအားျဖင့္ အလုပ္အကိုင္ အခြင့္အလမ္းေတြ၊ အေသးစား အလတ္စား စက္မႈလက္မႈလုပ္ငန္းေတြ တိုးတက္လာေစဖို႔၊ အိမ္နီးျခင္းႏိုင္ငံေတြက ဧည့္သည္ေတြလာတဲ့အခါ ေဒသထြက္ အမွတ္တရပစၥည္းေတြကို ေတြ႔ျမင္သြားမယ္၊ ဝယ္ယူသြားမယ္ဆိုရင္ ေဒသဝင္ေငြတိုးလာေစဖို႔ ရည္ရြယ္ျပသ/ေရာင္းခ်ျခင္း ျဖစ္ပါတယ္ " ဟု  အမွတ္တရ ပစၥည္း ထုတ္လုပ္ျဖန္႔ျဖဴးေရာင္းခ်သူမ်ားအသင္း ရွမ္း/ေျမာက္ ( MSEA / Northen Shan State )ဥကၠဌ ဦးသိန္းမင္းထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေဖေဖာ္၀ါရီလ(၁)ရက္ေန႔တြင္ ေျပာသည္။

အမွတ္တရ ပစၥည္း ထုတ္လုပ္ျဖန္႔ျဖဴးျပသ/ေရာင္းခ်ပြဲတြင္ ေဒသတြင္းရွိ စြန္႔ပစ္သစ္သားမ်ားျဖင့္ ထုလုပ္ထားသည့္ သစ္သားပန္းပုရုပ္မ်ား၊ သစ္သားျဖင့္ျပဳလုပ္ထားေသာ အသံုးအေဆာင္ပစၥည္းမ်ား၊ တိုင္းရင္းသား ရိုးရာ အသံုးအေဆာင္၊ အဝတ္အစား၊ လက္မႈအႏုပညာပစၥည္းမ်ားပါဝင္ၿပီး၊ လားဟူတိုင္းရင္းသား ယဥ္ေက်းမႈျပခန္း၊ လီဆူရိုးရာယဥ္ေက်းမႈျပခန္း ႏွင့္ ဗမာတိုင္းရင္းသားယဥ္ေက်းမႈျပခန္းတို႔ ပါဝင္ေၾကာင္း သိရသည္။

ယင္းအျပင္ လားရိႈးၿမိဳ႕နယ္ အတြင္းရွိ တိုင္းရင္းသားရိုးရာစားေသာက္ကုန္လုပ္ငန္းမ်ားမွ စားေသာက္ကုန္ျပခန္း၊ အာမခံ လုပ္ငန္းျပခန္း၊ ဖိုက္ဘာအင္တာနက္လုပ္ငန္း ဆက္သြယ္ေရးလုပ္ငန္းမ်ားျဖစ္သည့္ MYTEL ႏွင့္ MPT ဆက္သြယ္ေရးလုပ္ငန္းတို႔မွ ျပခန္းမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်မည့် သစ်သားပန်းပု ပြသ/ ရောင်းချပွဲ နှင့် ဒေသတွင်း လက်မှု ထုတ်ကုန်ပြသပွဲကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီလ(၁)ရက်နေ့က စတင်ကာ ကျင်းပပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

အဆိုပါပွဲကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်လက်အောက်ရှိ အမှတ်တရပစ္စည်း ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများ အသင်း ( ရှမ်းပြည်နယ် မြောက်ပိုင်း )မှ လားရှိုးမြို့တွင် ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်းနှင့် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီလ(၃)ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ ည(၉)နာရီအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"အဓိက ရည်ရွယ်ချက်ကတော့ ဒေသတွင်းက လက်မှုလုပ်ငန်းတွေကို ဖော်ထုတ်ပြသပေးခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းတွေ၊ အသေးစား အလတ်စား စက်မှုလက်မှုလုပ်ငန်းတွေ တိုးတက်လာစေဖို့၊ အိမ်နီးခြင်းနိုင်ငံတွေက ဧည့်သည်တွေလာတဲ့အခါ ဒေသထွက် အမှတ်တရပစ္စည်းတွေကို တွေ့မြင်သွားမယ်၊ ဝယ်ယူသွားမယ်ဆိုရင် ဒေသဝင်ငွေတိုးလာစေဖို့ ရည်ရွယ်ပြသ/ရောင်းချခြင်း ဖြစ်ပါတယ် " ဟု အမှတ်တရ ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း ရှမ်း/မြောက် ( MSEA / Northen Shan State )ဥက္ကဌ ဦးသိန်းမင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ပြောသည်။

အမှတ်တရ ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးပြသ/ရောင်းချပွဲတွင် ဒေသတွင်းရှိ စွန့်ပစ်သစ်သားများဖြင့် ထုလုပ်ထားသည့် သစ်သားပန်းပုရုပ်များ၊ သစ်သားဖြင့်ပြုလုပ်ထားသော အသုံးအဆောင်ပစ္စည်းများ၊ တိုင်းရင်းသား ရိုးရာ အသုံးအဆောင်၊ အဝတ်အစား၊ လက်မှုအနုပညာပစ္စည်းများပါဝင်ပြီး၊ လားဟူတိုင်းရင်းသား ယဉ်ကျေးမှုပြခန်း၊ လီဆူရိုးရာယဉ်ကျေးမှုပြခန်း နှင့် ဗမာတိုင်းရင်းသားယဉ်ကျေးမှုပြခန်းတို့ ပါဝင်ကြောင်း သိရသည်။

ယင်းအပြင် လားရှိုးမြို့နယ် အတွင်းရှိ တိုင်းရင်းသားရိုးရာစားသောက်ကုန်လုပ်ငန်းများမှ စားသောက်ကုန်ပြခန်း၊ အာမခံ လုပ်ငန်းပြခန်း၊ ဖိုက်ဘာအင်တာနက်လုပ်ငန်း ဆက်သွယ်ရေးလုပ်ငန်းများဖြစ်သည့် MYTEL နှင့် MPT ဆက်သွယ်ရေးလုပ်ငန်းတို့မှ ပြခန်းများလည်း ပါဝင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~