တာခ်ီလိတ္တြင္ က်င္းပမည့္ Mister Global၊ Miss & Mrs Queen of the World Tachileik ၿပိဳင္ပြဲအတြက္ ၿပိဳင္ပြဲ၀င္မ်ား ေလ့က်င့္မႈမ်ား ျပဳလုပ္

တာခ်ီလိတ္တြင္ က်င္းပမည့္ Mister Global၊ Miss & Mrs Queen of the World Tachileik ၿပိဳင္ပြဲအတြက္ ၿပိဳင္ပြဲ၀င္မ်ား ေလ့က်င့္မႈမ်ား ျပဳလုပ္
ဖေဖော်ဝါရီ 9, 2019
By Tachileik News Agency

တာခ်ီလိတ္တြင္ က်င္းပျပဳလုပ္မည့္ ၿပိဳင္ပြဲအတြက္ လူေတြ႔စစ္ေဆးျခင္းကို ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၇)ရက္ေန႔ကစ၍ တာခ်ီလိတ္ၿမိဳ႕ရွိ Golden Cherry Hotel တြင္ ျပဳလုပ္ၿပီး ၿပိဳင္ပြဲဝင္မ်ားကို ေလ့က်င့္မႈမ်ား ျပဳလုပ္ေပးေနၿပီျဖစ္သည္။

အိမ္ေထာင္မရိွသည့္ အမ်ိဳးသားႏွင့္ အမ်ိဳးသမီးလူငယ္မ်ားအတြက္ Mister ႏွင့္ Miss ေရြးခ်ယ္ပြဲအျပင္ အိမ္ေထာင္ရွင္အမ်ိဳးသမီးမ်ားအတြက္ Mrs ၿပိဳင္ပြဲကိုပါထည့္သြင္းက်င္းပျခင္းျဖစ္ၿပီး ေလွ်ာက္လႊာ တင္ထားသည့္ Mister (၄၀) ဦး၊ Miss (၄၈) ဦးႏွင့္ Mrs (၇၅) ဦးအနက္မွ Miss (၁၁) ဦး၊ Mrs (၂၀) ဦးႏွင့္ Mister (၄) ဦးႏွင့္အထက္ စကာတင္ေရြးခ်ယ္ ယွဥ္ၿပိဳင္ေစမည္ျဖစ္ေၾကာင္း သိရသည္။

“အိမ္ေထာင္က်သြားတဲ့ အမ်ိဳးသမီးတစ္ေယာက္မွာ အမ်ားအားျဖင့္ အိမ္မႈကိစၥနဲ႔ပဲ လည္ပတ္ေနတယ္။ ဒီဟာေတြက ကၽြန္ေတာ္တို႔ရဲ႕ ဘိုးဘြားဘီဘင္ေခတ္က အိမ္ေထာင္က်ၿပီးရင္ အမ်ိဳးသားေတြက စီးပြားဦးစီးမယ္။ အမ်ိဳးသမီးေတြက အိမ္မႈကိစၥလုပ္မယ္။ တကယ္တမ္းက်ေတာ့ အိမ္မႈကိစၥေတြက ကၽြန္ေတာ့္အျမင္ အမ်ိဳးသမီးေတြက ပိုၿပီးအလုပ္မ်ားတယ္။ ခ်က္ျပဳတ္၊ အိမ္မႈကိစၥေတြ ေက်ာင္းကိစၥေတြ အကုန္လံုးက အမ်ိဳးသမီးေတြပဲ။ ကၽြန္ေတာ္တို႔ ျမန္မာအမ်ိဳးသမီးေတြက အိမ္ေထာင္က်သြားလို႔ရိွရင္ အလွအပက အပ်ိဳဘဝကလို လြတ္လြတ္လပ္လပ္မရိွေတာ့ဘူး။ အိမ္တြင္းေအာင္းေနၿပီးေတာ့ အလွအပမရိွေတာ့ တစ္ေန႔က်ေတာ့အိမ္ေထာင္ေရးမွာ ျပသနာေတြျဖစ္လာတတ္တယ္။ ကၽြန္ေတာ္တို႔ အိမ္ေထာင္ရွင္ပြဲ လုပ္လိုက္ေတာ့ သူတို႔အလွအပဟာ မပ်က္စီးေသးဘူး။ ပ်ိဳျမစ္ေနတုန္းပဲဆိုတာ ထုတ္ေဖာ္ျပသခြင့္ရတာေပါ့”ဟု အဆိုပါၿပိဳင္ပြဲကို ဦးစီးက်င္းပသည့္ MMPA ၏ Regional Director ဦးေစာစိုးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿပိဳင္ပြဲကို ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၁) ရက္ေန႔ ညေန (၆)နာရီတြင္ တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္၊ ပါလွ်ံတရုတ္(တာ့ဟြား)ဘံုေက်ာင္းတြင္ က်င္းပသြားမည္ျဖစ္ၿပီး အဆိုေတာ္ဖိုးျပည့္ႏွင့္အဖြဲ႕ ေဖ်ာ္ေျဖမည္ျဖစ္ေၾကာင္း သိရသည္။

Mister Global၊ Miss & Mrs Queen of the World Tachileik ကို ဦးစီးက်င္းပသည့္ MMPA သည္ တရားဝင္မွတ္ပံုတင္ထားသည့္ အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး ႏိုင္ငံတကာအဆင့္ အလွမယ္၊ အလွေမာင္ႏွင့္ အိမ္ေထာင္ရွင္အလွမယ္ ေရြးခ်ယ္ပြဲမ်ားကို စီစဥ္က်င္းပေနသည့္အဖြဲ႕အစည္းတစ္ခုျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်တွင် ကျင်းပပြုလုပ်မည့် ပြိုင်ပွဲအတွက် လူတွေ့စစ်ဆေးခြင်းကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့ကစ၍ တာချီလိတ်မြို့ရှိ Golden Cherry Hotel တွင် ပြုလုပ်ပြီး ပြိုင်ပွဲဝင်များကို လေ့ကျင့်မှုများ ပြုလုပ်ပေးနပြေီဖြစ်သည်။

အိမ်ထောင်မရှိသည့် အမျိုးသားနှင့် အမျိုးသမီးလူငယ်များအတွက် Mister နှင့် Miss ရွေးချယ်ပွဲအပြင် အိမ်ထောင်ရှင်အမျိုးသမီးများအတွက် Mrs ပြိုင်ပွဲကိုပါထည့်သွင်းကျင်းပခြင်းဖြစ်ပြီး လျှောက်လွှာ တင်ထားသည့် Mister (၄၀) ဦး၊ Miss (၄၈) ဦးနှင့် Mrs (၇၅) ဦးအနက်မှ Miss (၁၁) ဦး၊ Mrs (၂၀) ဦးနှင့် Mister (၄) ဦးနှင့်အထက် စကာတင်ရွေးချယ် ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရသည်။

“အိမ်ထောင်ကျသွားတဲ့ အမျိုးသမီးတစ်ယောက်မှာ အများအားဖြင့် အိမ်မှုကိစ္စနဲ့ပဲ လည်ပတ်နေတယ်။ ဒီဟာတွေက ကျွန်တော်တို့ရဲ့ ဘိုးဘွားဘီဘင်ခေတ်က အိမ်ထောင်ကျပြီးရင် အမျိုးသားတွေက စီးပွားဦးစီးမယ်။ အမျိုးသမီးတွေက အိမ်မှုကိစ္စလုပ်မယ်။ တကယ်တမ်းကျတော့ အိမ်မှုကိစ္စတွေက ကျွန်တော့်အမြင် အမျိုးသမီးတွေက ပိုပြီးအလုပ်များတယ်။ ချက်ပြုတ်၊ အိမ်မှုကိစ္စတွေ ကျောင်းကိစ္စတွေ အကုန်လုံးက အမျိုးသမီးတွေပဲ။ ကျွန်တော်တို့ မြန်မာအမျိုးသမီးတွေက အိမ်ထောင်ကျသွားလို့ရှိရင် အလှအပက အပျိုဘဝကလို လွတ်လွတ်လပ်လပ်မရှိတော့ဘူး။ အိမ်တွင်းအောင်းနပြေီးတော့ အလှအပမရှိတော့ တစ်နေ့ကျတော့အိမ်ထောင်ရေးမှာ ပြသနာတွဖြေစ်လာတတ်တယ်။ ကျွန်တော်တို့ အိမ်ထောင်ရှင်ပွဲ လုပ်လိုက်တော့ သူတို့အလှအပဟာ မပျက်စီးသေးဘူး။ ပျိုမြစ်နေတုန်းပဲဆိုတာ ထုတ်ဖော်ပြသခွင့်ရတာပေါ့”ဟု အဆိုပါပြိုင်ပွဲကို ဦးစီးကျင်းပသည့် MMPA၏ Regional Director ဦးစောစိုးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ ညနေ (၆)နာရီတွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံတရုတ်(တာ့ဟွား)ဘုံကျောင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုတော်ဖိုးပြည့်နှင့်အဖွဲ့ ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

Mister Global၊ Miss & Mrs Queen of the World Tachileik ကို ဦးစီးကျင်းပသည့် MMPA သည် တရားဝင်မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံတကာအဆင့် အလှမယ်၊ အလှမောင်နှင့် အိမ်ထောင်ရှင်အလှမယ် ရွေးချယ်ပွဲများကို စီစဉ်ကျင်းပနေသည့်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~