ျမန္မာႏုိင္ငံကေလးမ်ားေန႔ အႀကိဳအျဖစ္ တာခ်ီလိတ္တြင္ အခမ္းအနားႏွင့္အတူ ေဖ်ာ္ေျဖပြဲ က်င္းပ

ျမန္မာႏုိင္ငံကေလးမ်ားေန႔ အႀကိဳအျဖစ္ တာခ်ီလိတ္တြင္ အခမ္းအနားႏွင့္အတူ ေဖ်ာ္ေျဖပြဲ က်င္းပ
ဖေဖော်ဝါရီ 11, 2019
By Tachileik News Agency

ျမန္မာႏုိင္ငံကေလးမ်ားေန႔ အႀကိဳအခမ္းအနားကို ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ လူမႈဝန္ထမ္း ဦးစီးဌာနကႀကီးမွဴး၍ တာခ်ီလိတ္ၿမိဳ႕ရိွ မူႀကိဳေက်ာင္းမ်ားမွ ကေလးငယ္မ်ား၏ ေဖ်ာ္ေျဖပြဲကို ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၁)ရက္ေန႔က ေအာင္ျမတ္ခန္းမ၌ က်င္းပသည္။

အခမ္းအနားတြင္ တာခ်ီလိတ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ေခတၱခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္၀င္းေဌးက အဖြင့္အမွာစကားေျပာၾကားျခင္း အပါအ၀င္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူမႈ၀န္ထမ္းရံုးမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ေဒၚခင္ခင္ျမင့္က ျမန္မာႏိုင္ငံ ကေလးမ်ားေန႔အေၾကာင္း ရွင္းလင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံကေလးမ်ားေန႔ အႀကိဳအျဖစ္ ေဖ်ာ္ေျဖမႈမ်ားျပဳလုပ္ရာတြင္ တာခ်ီလိတ္မူလတန္းႀကိဳေက်ာင္းမွ ျပည္ေထာင္စုရဲ႕ အလွတရားမ်ားသီခ်င္းျဖင့္ လည္းေကာင္း၊ စြမ္းအားျပည့္ ပုဂၢလိကေက်ာင္းမွ တို႔ရိုးရာ သီးခ်င္းျဖင့္ လည္းေကာင္း၊ စမ္းေက်ာင္း မိခင္၀ိုင္း(၈)မွ မမပုသိမ္သူ သီခ်င္းျဖင့္လည္းေကာင္း၊ ေရႊေရာင္နီ မူလတန္းႀကိဳေက်ာင္းမွ တာ၀န္ကိုယ္စီ သီခ်င္းျဖင့္ လည္းေကာင္း၊ ကိုယ္အားကိုယ္ကိုး မူလတန္းႀကိဳ ေက်ာင္းမ်ားမွ ဖက္ရွင္ရိူး၊ သီရိမြန္ ကိုယ့္အားကိုယ္ကိုးေက်ာင္းမွ ေမာင္လူေခ်ာသီခ်င္းျဖင့္ လည္းေကာင္း၊ TMK ပုဂၢလိကေက်ာင္းမွ English သီခ်င္းျဖင့္ လည္းကာင္း၊ ဒို႔တံခြန္ မိခင္၀ိုင္း(၁)မွ ဦးေရႊရိုး+ေဒၚမိုး အကျဖင့္ လည္းေကာင္း၊ မိခင္၀ိုင္းမ်ားမွ We are Unity သီခ်င္းျဖင့္လည္းေကာင္း ကျပေဖ်ာ္ေျဖၾကသည္။

ဆက္လက္၍ တာခ်ီလိတ္မူလတန္းႀကိဳေက်ာင္းမွ ရန္ကုန္သားႏွင့္ မႏၱေလးသူ သီခ်င္းျဖင့္ လည္းေကာင္း၊ ေမတၱာရိပ္မြန္မိခင္၀ိုင္း(၃)မွ ေနာင္အင္းေလးသီခ်င္းျဖင့္ လည္းေကာင္း၊ အႏိုင္းမဲ့ရင္ခြင္ မိခင္၀ိုင္း(၆)မွ ဂ်င္းေဘာင္းဘီ သီခ်င္းျဖင့္ လည္းေကာင္း၊ ႏွင္းဆီ ကိုယ့္အားကိုယ္ကိုးေက်ာင္းမွ လႈပ္သီခ်င္းျဖင့္ လည္းေကာင္း၊ လူရည္ခၽြန္မိခင္၀ိုင္း(၅)မွ ၿမိဳ႕သားနဲ႔ေတာသူသီခ်င္းျဖင့္ လည္းေကာင္း အသီးသီး ကျပေဖ်ာ္ေျဖခဲ့ၾကၿပီး အကအဖြဲ႕မ်ားကို တာ၀န္ရိွသူမ်ားက ဂုဏ္ျပဳလက္ေဆာင္မ်ားေပးအပ္ခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထိုက္ ၊ ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာနိုင်ငံကလေးများနေ့ အကြိုအခမ်းအနားကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လူမှုဝန်ထမ်း ဦးစီးဌာနကကြီးမှူး၍ တာချီလိတ်မြို့ရှိ မူကြိုကျောင်းများမှ ကလေးငယ်များ၏ ဖျော်ဖြေပွဲကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့က အောင်မြတ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေးက အဖွင့်အမှာစကားပြောကြားခြင်း အပါအဝင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က မြန်မာနိုင်ငံ ကလေးများနေ့အကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကလေးများနေ့ အကြိုအဖြစ် ဖျော်ဖြေမှုများပြုလုပ်ရာတွင် တာချီလိတ်မူလတန်းကြိုကျောင်းမှ ပြည်ထောင်စုရဲ့ အလှတရားများသီချင်းဖြင့် လည်းကောင်း၊ စွမ်းအားပြည့် ပုဂ္ဂလိကကျောင်းမှ တို့ရိုးရာ သီးချင်းဖြင့် လည်းကောင်း၊ စမ်းကျောင်း မိခင်ဝိုင်း(၈)မှ မမပုသိမ်သူ သီချင်းဖြင့်လည်းကောင်း၊ ရွှေရောင်နီ မူလတန်းကြိုကျောင်းမှ တာဝန်ကိုယ်စီ သီချင်းဖြင့် လည်းကောင်း၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများမှ ဖက်ရှင်ရိူး၊ သီရိမွန် ကိုယ့်အားကိုယ်ကိုးကျောင်းမှ မောင်လူချောသီချင်းဖြင့် လည်းကောင်း၊ TMK ပုဂ္ဂလိကကျောင်းမှ English သီချင်းဖြင့် လည်းကာင်း၊ ဒို့တံခွန် မိခင်ဝိုင်း(၁)မှ ဦးရွှေရိုး+ဒေါ်မိုး အကဖြင့် လည်းကောင်း၊ မိခင်ဝိုင်းများမှ We are Unity သီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြကြေသည်။

ဆက်လက်၍ တာချီလိတ်မူလတန်းကြိုကျောင်းမှ ရန်ကုန်သားနှင့် မန္တလေးသူ သီချင်းဖြင့် လည်းကောင်း၊ မေတ္တာရိပ်မွန်မိခင်ဝိုင်း(၃)မှ နောင်အင်းလေးသီချင်းဖြင့် လည်းကောင်း၊ အနိုင်းမဲ့ရင်ခွင် မိခင်ဝိုင်း(၆)မှ ဂျင်းဘောင်းဘီ သီချင်းဖြင့် လည်းကောင်း၊ နှင်းဆီ ကိုယ့်အားကိုယ်ကိုးကျောင်းမှ လှုပ်သီချင်းဖြင့် လည်းကောင်း၊ လူရည်ချွန်မိခင်ဝိုင်း(၅)မှ မြို့သားနဲ့တောသူသီချင်းဖြင့် လည်းကောင်း အသီးသီး ကပြဖျော်ဖြေခဲ့ကြပြီး အကအဖွဲ့များကို တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~