မြဝတီနယ်စပ်မှဝင်လာသည့် မလေးရှားနိုင်ငံသား (၂၈)ဦး ဆိုင်ကယ်စီးအဖွဲ့ တာချီလိတ်နယ်စပ်မှ ထိုင်းသို့ ပြန်လည် ထွက်ခွာ
မြဝတီနယ်စပ်မှဝင်လာသည့် မလေးရှားနိုင်ငံသား (၂၈)ဦး ဆိုင်ကယ်စီးအဖွဲ့ တာချီလိတ်နယ်စပ်မှ ထိုင်းသို့ ပြန်လည် ထွက်ခွာ
ဖေဖော်ဝါရီ 21, 2019
By Tachileik News Agency
မလေးရှားနိုင်ငံသား ဆိုင်ကယ်စီးအဖွဲ့သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် မြ၀တီနယ်စပ်ဂိတ်မှ ၀င်ရောက်လာခဲ့ပြီး မြ၀တီ၊ ကျိုက်ထီးရိုး၊ ရန်ကုန်၊ နေပြည်တော်၊ ပုဂံ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ မန္တလေး၊ အင်းလေး၊ နမ့်စန်၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့များသို့ (၁၁) ရက်ကြာ သွားရောက်လည်ပတ်ခဲ့ပြီး  မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁) တံတားမှ ပြန်လည် ထွက်ခွာ သွားခဲ့ခြင်းဖြစ်သည်။
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ်ဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့မှ ဝင်ရောက်လာသည့် မလေးရှားနိုင်ငံသား (၂၈) ဦးပါ ဆိုင်ကယ်စီးအဖွဲ့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မြန်မာ -ထိုင်းချစ်ကြည်ရေး တံတားအမှတ်(၁)မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နေ့လည် (၂)နာရီတွင် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားသည်။
“မလေးရှားနိုင်ငံသားတွေပါ။ ဆိုင်ကယ် (၂၃) စီး၊ လူက (၂၈) ယောက်ပါ။ မြဝတီနယ်စပ်ကနေဝင်ပြီး တာချီလိတ်နယ်စပ် ကပြန်ထွက်ပါတယ်။ မြန်မာနိုင်ငံတွင်းခရီးစဉ်ကို စီစဉ်ပေးခဲ့တာပါ။ အခုတော့ အောင်မြင်စွာနဲ့ ထွက်ခွာသွားပြီပေါ့ဗျာ။ ကျွန်တော်တို့ ကောင်းဟိန်းရွှေစင် ကုမ္ပဏီကနပြေီးတော့ အကုန်လုံးကို အစစအရာအရာ အဆင်ပြေအောင် ဆောင်ရွက်ပေး ခဲ့ပါတယ်ခင်ဗျ။ ခရီးစဉ်က (၁၁) ရက်ကြာပါတယ်။ တစ်ချို့တွေက လမ်းမှာဆိုင်ကယ်ပြင်တာနဲ့ နည်းနည်းနောက်ကျ တာတွေရှိပါတယ်။ အားလုံးအဆင်ပြေအောင်ဆောင်ရွက်ပေးခဲ့ပါတယ် ခင်ဗျ”ဟု ကောင်းဟိန်းရွှေစင်အင်တာနေရှင်နယ် ကုမ္ပဏီမှ ဧည့်လမ်းညွှန် ဦးရေဝးဖြိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မလေးရှားနိုင်ငံသား ဆိုင်ကယ်စီးအဖွဲ့သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် မြဝတီနယ်စပ်ဂိတ်မှ ဝင်ရောက်လာခဲ့ပြီး မြဝတီ၊ ကျိုက်ထီးရိုး၊ ရန်ကုန်၊ နပြေည်တော်၊ ပုဂံ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ မန္တလေး၊ အင်းလေး၊ နမ့်စန်၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့များသို့ (၁၁) ရက်ကြာ သွားရောက်လည်ပတ်ခဲ့ပြီး မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁) တံတားမှ ပြန်လည် ထွက်ခွာ သွားခဲ့ခြင်းဖြစ်သည်။
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~