မိုင်းလင်းဆရာတော်အား အဂ္ဂမဟာ ဖရာဇခူးဝါးဘွဲ့ နှင့်အတူ ထိုင်းရွှေ (၄၈)ဘတ်သားရှိသည့် ရွှေဥသျှောင်​မကိုဋ်​ ဆက်ကပ် လှူဒါန်း

မိုင်းလင်းဆရာတော်အား အဂ္ဂမဟာ ဖရာဇခူးဝါးဘွဲ့ နှင့်အတူ ထိုင်းရွှေ (၄၈)ဘတ်သားရှိသည့် ရွှေဥသျှောင်​မကိုဋ်​ ဆက်ကပ် လှူဒါန်း
ဖေဖော်ဝါရီ 21, 2019
By Tachileik News Agency


မိုင်းယောင်းမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ၊ ဟိုခုံကျောင်းတိုက်ဆရာတော် အဂ္ဂရာဇဂုရု အာရာစမ်း မဟာသဒ္ဓမ္မဇောတိကဓဇ ဂန္ဓရသ၀ံ နှင့် ဆရာတော်ကြီးများ၊ ထိုင်းနိုင်ငံ မယ့်ဆွေမြို့ နှင့် မယ်ဆိုင် မြို့တို့မှ ဒါယကာ ဒါယိကာမများ အပါအ၀င် တာချီလိတ် နှင့် မိုင်းယောင်းတို့မှ ဒါယကာ ဒါယိကာမများ၊ မြို့သူ မြို့သားများမှ စုပေါင်း၍ ဓာတ်လုံစွမ်ယောင်း(ထပ်လုံ)စေတီတော်ရင်ပြင်တွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ (၁၉)ရက်နေ့က အလှူတော်မင်္ဂလာ အခမ်းအနားဖြင့် ကျင်းပပြုလုပ်ကာ ဆက်ကပ်လှူဒါန်းခြင်း ဖြစ်သည်။


တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့ မိုင်းလင်းအနောက်ကျေးရွာအုပ်စုရှိ ဓာတ်စွမ်စိုင့်ဟိုနမ့် တောရ ဝိပဿနာကမ္မဌာန်းကျောင်းတိုက်မှ မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလအား  (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည့် ၂၀၁၉ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့က နိုင်ငံတော်မှ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်အဖြစ် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အား ဆက်ကပ် လှူဒါန်းကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - MLDn


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်သံဃနာယကအဖွဲ့ နှင့် ဆရာတော်ကြီးများ အပါ အဝင် ထိုင်းနိုင်ငံနှင့် တာချီလိတ်ခရိုင်အတွင်းတို့မှ ဒါယကာ ဒါယိကာများမှ စုပေါင်း၍ မိုင်းလင်း ဆရာတော်အား အဂ္ဂမဟာ ဖရာဇခူးဝါး ဘွဲ့တံဆိပ်တော် နှင့် ရွှေဥသျှောင်​မကိုဋ်​ ဆက်ကပ် လှူဒါန်းကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် သံဃနာယက ဥက္ကဋ္ဌ၊ ဟိုခုံကျောင်းတိုက်ဆရာတော် အဂ္ဂရာဇဂုရု အာရာစမ်း မဟာသဒ္ဓမ္မဇောတိကဓဇ ဂန္ဓရသဝံ နှင့် ဆရာတော်ကြီးများ၊ ထိုင်းနိုင်ငံ မယ့်ဆွမြေို့ နှင့် မယ်ဆိုင် မြို့တို့မှ ဒါယကာ ဒါယိကာမများ အပါအဝင် တာချီလိတ် နှင့် မိုင်းယောင်းတို့မှ ဒါယကာ ဒါယိကာမများ၊ မြို့သူ မြို့သားများမှ စုပေါင်း၍ ဓာတ်လုံစွမ်ယောင်း(ထပ်လုံ)စေတီတော်ရင်ပြင်တွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ (၁၉)ရက်နေ့က အလှူတော်မင်္ဂလာ အခမ်းအနားဖြင့် ကျင်းပပြုလုပ်ကာ ဆက်ကပ်လှူဒါန်းခြင်း ဖြစ်သည်။

မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလအား အဂ္ဂမဟာ ဇရာဇခူးဝါး ဘွဲ့တံဆိပ်တော် နှင့် အတူ ဆက်ကပ်လှူဒါန်းသည့် ရွှေဥသျှောင်မကိုဋ် မှာ ထိုင်းရွှေ အလေးအချိန်မှာ (၄၈)ဘတ်သားရှိကြောင်းနှင့် အဆိုပါ ဆက်ကပ်လှူဒါန်းပွဲသို့ ထိုင်းနိုင်ငံ မယ့်ဆွေမှ ဆရာတော် ဖရခူဝါး အရိယာချလည်း ကြွရောက်တော်မူခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ တာလမြေို့ မိုင်းလင်းအနောက်ကျေးရွာအုပ်စုရှိ ဓာတ်စွမ်စိုင့်ဟိုနမ့် တောရ ဝိပဿနာကမ္မဌာန်းကျောင်းတိုက်မှ မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလအား (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည့် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့က နိုင်ငံတော်မှ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်အဖြစ် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အား ဆက်ကပ် လှူဒါန်းကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - MLDn

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~