မကွေးတိုင်းဒေသကြီးအတွင်း၂၀၁၈ တွင် ယခင်နှစ်ထက် ယာဉ်မတော်မဆမှု (၈)မှုတိုးခဲ့သော်လည်း သေဆုံးနှင့် ဒဏ်ရာရ အရေအတွက်လျော့နည်းခဲ့

မကွေးတိုင်းဒေသကြီးအတွင်း၂၀၁၈ တွင် ယခင်နှစ်ထက် ယာဉ်မတော်မဆမှု (၈)မှုတိုးခဲ့သော်လည်း သေဆုံးနှင့် ဒဏ်ရာရ အရေအတွက်လျော့နည်းခဲ့
ဖေဖော်ဝါရီ 1, 2019
By Tachileik News Agency




၂၀၁၈ ခုနှစ်၌ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများတွင် မော်တော်ယာဉ်အချင်းချင်းတိုက်မှု (၅၃) မှု၊မော်တော်ယာဉ်တစ်စီးတည်းဖြင့် မတော်တဆဖြစ်ခြင်း (သို့) လမ်းဘေးရှိအရာဝတ္ထုနှင့် တိုက်မိခြင်း ကြောင့် ဖြစ်ပွားမှု (၁၅၄)မှု၊ မော်တော်ယာဉ်နှင့်ခြေလျင်လျှောက်သူတိုက်မိမှု (၄၁)မှု၊ မော်တော်ယာဉ် နှင့် အနှေးယာဉ်တိုက်မှု(၆)မှု၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တိုက်မှု (၃၀၉)မှု၊ မော်တော် ဆိုင်ကယ် အချင်းချင်းတိုက်မိမှု(၄၉၈)မှု၊ မော်တော်ဆိုင်ကယ်တစ်စီးတည်းဖြင့် မတော်တဆမှုဖြစ်ခြင်း(သို့)လမ်းဘေး ရှိအရာဝတ္ထုနှင့်တိုက်မိမှု(၂၇၅)မှု၊ မော်တော်ဆိုင်ကယ်နှင့်ခြေလျင်လျှောက်သူတိုက်မိမှု(၁၇၉)မှု၊ မော်တော် ဆိုင်ကယ်နှင့်အနှေးယာဉ်တိုက်မိမှု(၄၂)မှု၊ မော်တော်ဆိုင်ကယ်ပေါ်မှ ခရီးသည်လိမ့်ကျမှု(၄၂)မှု၊ မော်တော် ယာဉ်၊မော်တော်ဆိုင်ကယ်နှင့် ရထား(သို့)တိရိစ္ဆာန်တိုက်မိခြင်း၊ ကားပေါ်မှအရာဝတ္ထုပြုတ်ကျခြင်း(၁၁)မှု တို့ဖြစ်ကြောင်း သိရပြီး မော်တော်ဆိုင်ကယ်အချင်းချင်း တိုက်မိမှုမှာ အများဆုံးဖြစ်ကြောင်း မှတ်တမ်းများ အရ သိရသည်။

သတင်း -  ဖီးနစ်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်က ယာဉ်မတော်တဆဖြစ်ပွားမှုမှာ ၂၀၁၇ ခုနှစ်ကထက် အမှုပေါင်း(၈)မှု တိုးခဲ့သော်လည်း သေဆုံးသူ(၁၉)ဦး၊ ဒဏ်ရာရရှိသူ (၄၅)ဦး လျော့နည်းကျဆင်းခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီထံမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ယာဉ်မတော်တဆမှု ပေါင်း (၁,၆၁၀)မှု ဖြစ်ပွားခဲ့ကာ သေဆုံးသူ (၃၆၇)ဦး၊ ဒဏ်ရာရရှိသူ(၂,၇၉၉)ဦး ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ယာဉ်မတော်တဆမှုပေါင်း (၁,၆၀၂)မှု ဖြစ်ပွားခဲ့ကာ သေဆုံးသူ(၃၈၆)ဦး၊ ဒဏ်ရာရရှိသူ(၂,၈၄၄)ဦး ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်းတာတွေ၊ ယာဉ်မောင်းရင် ခါးပတ်ကြိုးမပတ်တာတွေကို အများ ဆုံးတွေ့ရှိနေရတဲ့ အတွက် ဆိုင်ကယ်စီးရင် ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုးတပ်ပြီး ဆောင်းကြဖို့၊ ယာဉ် မောင်းရင်လည်း ခါးပတ်ကြိုးတပ်ကြဖို့နဲ့ အရက်သေစာသောက်စားပြီး ယာဉ်မမောင်းကြဖို့တွေကို မကွေး တိုင်းဒေသကြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှငးရေး ကောင်စီက စဉ်ဆက်မပြတ် ကြပ်မတ် ပညာ ပေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်"ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းတံတားဆောက်လုပ် ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၈ ခုနှစ်၌ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများတွင် မော်တော်ယာဉ်အချင်းချင်းတိုက်မှု (၅၃) မှု၊မော်တော်ယာဉ်တစ်စီးတည်းဖြင့် မတော်တဆဖြစ်ခြင်း (သို့) လမ်းဘေးရှိအရာဝတ္ထုနှင့် တိုက်မိခြင်း ကြောင့် ဖြစ်ပွားမှု (၁၅၄)မှု၊ မော်တော်ယာဉ်နှင့်ခြေလျင်လျှောက်သူတိုက်မိမှု (၄၁)မှု၊ မော်တော်ယာဉ် နှင့် အနှေးယာဉ်တိုက်မှု(၆)မှု၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တိုက်မှု (၃၀၉)မှု၊ မော်တော် ဆိုင်ကယ် အချင်းချင်းတိုက်မိမှု(၄၉၈)မှု၊ မော်တော်ဆိုင်ကယ်တစ်စီးတည်းဖြင့် မတော်တဆမှုဖြစ်ခြင်း(သို့)လမ်းဘေး ရှိအရာဝတ္ထုနှင့်တိုက်မိမှု(၂၇၅)မှု၊ မော်တော်ဆိုင်ကယ်နှင့်ခြေလျင်လျှောက်သူတိုက်မိမှု(၁၇၉)မှု၊ မော်တော် ဆိုင်ကယ်နှင့်အနှေးယာဉ်တိုက်မိမှု(၄၂)မှု၊ မော်တော်ဆိုင်ကယ်ပေါ်မှ ခရီးသည်လိမ့်ကျမှု(၄၂)မှု၊ မော်တော် ယာဉ်၊မော်တော်ဆိုင်ကယ်နှင့် ရထား(သို့)တိရိစာ္ဆန်တိုက်မိခြင်း၊ ကားပေါ်မှအရာဝတ္ထုပြုတ်ကျခြင်း(၁၁)မှု တို့ဖြစ်ကြောင်း သိရပြီး မော်တော်ဆိုင်ကယ်အချင်းချင်း တိုက်မိမှုမှာ အများဆုံးဖြစ်ကြောင်း မှတ်တမ်းများ အရ သိရသည်။

သတင်း - ဖီးနစ် 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~