မိုင်းဖြတ်မြို့၌ လားဟူရိုးရာနှစ်သစ်ကူးပွဲတော်အား စတင်ကျင်းပနေပြီး ရိုးရာဂျင်ပေါက်ပြိုင်ပွဲတွင် အမျိုးသား အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်နေ

မိုင်းဖြတ်မြို့၌ လားဟူရိုးရာနှစ်သစ်ကူးပွဲတော်အား စတင်ကျင်းပနေပြီး ရိုးရာဂျင်ပေါက်ပြိုင်ပွဲတွင် အမျိုးသား အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်နေ
ဖေဖော်ဝါရီ 2, 2019
By Tachileik News Agency


နှစ်သစ်ကူးပွဲတော် စတင်ကျင်းပသည့် ဖေဖေါ်ဝါရီလ (၂)ရက်နေ့ နံနက် (၁၀) နာရီမှစ၍ လားဟူရိုးရာ ဂျင်ပေါက်ပြိုင်ပွဲ (အမျိုးသား) (၂၄)ဖွဲ့နှင့် ဂုံညင်းဒိုးပစ်ပြိုင်ပွဲ (အမျိုသမီး) (၂၀)ဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်နေကြပြီး ဆုရအဖွဲ့များကို ပိတ်ပွဲနေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း/ဓါတ်ပုံ - ကိုသာ



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် အားကစားကွင်းတွင် (၂၇)ကြိမ်မြောက် လားဟူရိုးရာ နှစ်သစ်ကူးပွဲတော်ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့မှ (၄)ရက်နေ့အထိ လားဟူစာပေနှင့်ယဉ်ကျေးမှု ကော်မတီက ဦးဆောင်ကာ စတင် ကျင်းပနေကြောင်း သိရသည်။

နှစ်သစ်ကူးပွဲတော် စတင်ကျင်းပသည့် ဖေဖော်ဝါရီလ (၂)ရက်နေ့ နံနက် (၁၀) နာရီမှစ၍ လားဟူရိုးရာ ဂျင်ပေါက်ပြိုင်ပွဲ (အမျိုးသား) (၂၄)ဖွဲ့နှင့် ဂုံညင်းဒိုးပစ်ပြိုင်ပွဲ (အမျိုသမီး) (၂၀)ဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်နကြပြေီး ဆုရအဖွဲ့များကို ပိတ်ပွဲနေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

လားဟူရိုးရာဂျင်ပေါက်ပြိုင်ပွဲနှင့် ဂုံညင်းဒိုးပစ်ပြိုင်ပွဲများတွင် ပထမဆုအဖြစ် ကျပ် တစ်သိန်း၊ ဒုတိယဆု ကျပ်ရှစ်သောင်း၊ တတိယဆု ကျပ်ခြောက်သောင်း အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~