က်ပ္သိန္း(၈၀၀)ေက်ာ္တန္ဖိုးရွိ စားသံုးရန္ မသင့္သည့္ စားေသာက္ကုန္မ်ားႏွင့္ အေကာက္ခြန္မဲ့ ကုန္ပစၥည္းမ်ားကို လားရႈိးၿမိဳ႕တြင္ ဖ်က္ဆီး

က်ပ္သိန္း(၈၀၀)ေက်ာ္တန္ဖိုးရွိ စားသံုးရန္ မသင့္သည့္ စားေသာက္ကုန္မ်ားႏွင့္ အေကာက္ခြန္မဲ့ ကုန္ပစၥည္းမ်ားကို လားရႈိးၿမိဳ႕တြင္ ဖ်က္ဆီး
ဖေဖော်ဝါရီ 4, 2019
By Tachileik News Agency

အေကာက္ခြန္မဲ့ ကုန္ပစၥည္းမ်ားႏွင့္ စားသံုးရန္မသင့္သည့္ စားေသာက္ကုန္မ်ား အပါအဝင္ ေငြက်ပ္ သိန္းေပါင္း(၈၀၀)ေက်ာ္ တန္ဖိုးရွိ ပစၥည္းမ်ားအား  လားရႈိးၿမိဳ႕နယ္အေကာက္ခြန္ဦးစီးဌာနရံုးတြင္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၄)ရက္ေန႔ နံနက္ပိုင္းက ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

"ေရပူစစ္ေဆးေရးစခန္းကို ျဖတ္သန္းသြားၾကတဲ့ ပို႔ကုန္ပစၥည္းေတြ သြင္းကုန္ပစၥည္းေတြမွာ လိုင္စင္ေတြ ပါမစ္ေတြ နဲ႔ ကိုက္ညီမႈရွိ မရွိ စစ္ေဆးရပါတယ္၊ အဲ့ဒီမွာ လိုင္စင္မရွိတာေတြ ပါမစ္မရတဲ့ ပစၥည္းေတြနဲ႔ သံုးစြဲဖို႔ စားသံုးဖို႔ မသင့္တဲ့ ပစၥည္းေတြကို သိမ္းဆည္းၿပီးေတာ့ ဖ်က္ဆီးတာျဖစ္ပါတယ္၊၂၀၁၉ ခုႏွစ္အတြက္ ပထမဆံုး ဖ်က္ဆီးတာ ျဖစ္ပါတယ္"ဟု ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းမွ ညႊန္ၾကားေရးမွဴး ဦးေဖႀကိဳင္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

လားရႈိး - မူဆယ္ လမ္းပိုင္းရွိ ေရပူအၿမဲတမ္း စစ္ေဆးေရးဂိတ္တြင္ ၂၀၁၈ခုႏွစ္ စက္တင္ဘာလမွ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ အထိ သိမ္းဆည္း ဖမ္းဆီးရမိေသာ အမႈေပါင္း (၄၅)ခုမွ အေကာက္ခြန္မဲ့ ကုန္ပစၥည္းမ်ားႏွင့္ စားသံုးရန္ မသင့္သည့္ စားေသာက္ကုန္မ်ား  စုစုေပါင္းက်ပ္ ( ၈၀,၇၄၂,၀၀၀) တန္ဖိုးရွိ ပစၥည္းမ်ားကို  ပူးေပါင္းအဖြဲ႔ျဖင့္ မီးရႈိ႕ဖ်က္ဆီးျခင္း ႏွင့္ လမ္းႀကိတ္စက္ျဖင့္ ဖ်က္ဆီးၾကမ်ား လုပ္ေဆာင္ ၾကျခင္း ျဖစ္သည္။

"ဒီေန႔ ဖ်က္ဆီးမႈျပဳလုပ္တဲ့ထဲမွာ တရုတ္ႏိုင္ငံကေန ဝင္ေရာက္လာတဲ့ စားေသာက္ကုန္တစ္မ်ိဳးျဖစ္တဲ့ ၾကက္သားမွ်င္ ေတြပါတယ္၊ အဲ့ဒီၾကက္သားမ်ွင္ေတြကို ေရထဲမွာစိမ္ၿပီး စစ္ေဆးလိုက္တဲ့အခါ ဆိုးေဆးေတြ အမ်ားႀကီး သံုးထားတာေတြ႔ရတယ္၊ ၾကက္သားမဟုတ္ပဲ ဝါဂြမ္းေတြကို အသံုးျပဳထားတာကိုေတြ႔ရတယ္၊ ဒီလို စားေသာက္ကုန္မ်ိဳး ထပ္ၿပီး မဝင္ေရာက္ႏိုင္ဖို႔နဲ႔ ျပည္သူေတြ မသံုးစြဲမိႏိုင္ေအာင္ ဖ်က္ဆီးတာျဖစ္ ပါတယ္"ဟု စားသံုးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴးရံုး (လားရိႈး) မွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ထို႔ျပင္ သံုးစြဲရန္ မသင့္သည့္ ေျမာင္းဆီမ်ား( အမွတ္တံဆိပ္တိတိ က်က်မရွိ၊ အခြန္ေဆာင္ထားျခင္း မရွိသည့္ ေျမာင္းဆီမ်ား၊ အေကာက္ခြန္မဲ့ လူသံုးကုန္ပစၥည္း၊ အလွကုန္ပစၥည္းမ်ား၊ ေဆးဝါးမ်ား၊ ေဆးလိပ္မ်ား၊ မုန္႔မ်ား တြင္ထည့္သြင္း အသံုးျပဳရေသာ အရသာမႈန္႔မ်ားအား မီးရိႈ႕ျခင္း လမ္းႀကိတ္စက္ျဖင့္ ႀကိတ္၍ ဖ်က္ဆီးျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အကောက်ခွန်မဲ့ ကုန်ပစ္စည်းများနှင့် စားသုံးရန်မသင့်သည့် စားသောက်ကုန်များ အပါအဝင် ငွေကျပ် သိန်းပေါင်း(၈၀၀)ကျော် တန်ဖိုးရှိ ပစ္စည်းများအား လားရှိုးမြို့နယ်အကောက်ခွန်ဦးစီးဌာနရုံးတွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့ နံနက်ပိုင်းက ဖျက်ဆီးခဲ့ကြောင်း သိရသည်။

"ရေပူစစ်ဆေးရေးစခန်းကို ဖြတ်သန်းသွားကြတဲ့ ပို့ကုန်ပစ္စည်းတွေ သွင်းကုန်ပစ္စည်းတွေမှာ လိုင်စင်တွေ ပါမစ်တွေ နဲ့ ကိုက်ညီမှုရှိ မရှိ စစ်ဆေးရပါတယ်၊ အဲ့ဒီမှာ လိုင်စင်မရှိတာတွေ ပါမစ်မရတဲ့ ပစ္စည်းတွေနဲ့ သုံးစွဲဖို့ စားသုံးဖို့ မသင့်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီးတော့ ဖျက်ဆီးတာဖြစ်ပါတယ်၊၂၀၁၉ ခုနှစ်အတွက် ပထမဆုံး ဖျက်ဆီးတာ ဖြစ်ပါတယ်"ဟု ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးဖကြေိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုး - မူဆယ် လမ်းပိုင်းရှိ ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်တွင် ၂၀၁၈ခုနှစ် စက်တင်ဘာလမှ ၂၀၁၉ခုနှစ် ဇန်နဝါရီလ အထိ သိမ်းဆည်း ဖမ်းဆီးရမိသော အမှုပေါင်း (၄၅)ခုမှ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများနှင့် စားသုံးရန် မသင့်သည့် စားသောက်ကုန်များ စုစုပေါင်းကျပ် ( ၈၀,၇၄၂,ဝဝဝ) တန်ဖိုးရှိ ပစ္စည်းများကို ပူးပေါင်းအဖွဲ့ဖြင့် မီးရှို့ဖျက်ဆီးခြင်း နှင့် လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးကြများ လုပ်ဆောင် ကြခြင်း ဖြစ်သည်။

"ဒီနေ့ ဖျက်ဆီးမှုပြုလုပ်တဲ့ထဲမှာ တရုတ်နိုင်ငံကနေ ဝင်ရောက်လာတဲ့ စားသောက်ကုန်တစ်မျိုးဖြစ်တဲ့ ကြက်သားမျှင် တွေပါတယ်၊ အဲ့ဒီကြက်သားမျှင်တွေကို ရေထဲမှာစိမ်ပြီး စစ်ဆေးလိုက်တဲ့အခါ ဆိုးဆေးတွေ အများကြီး သုံးထားတာတွေ့ရတယ်၊ ကြက်သားမဟုတ်ပဲ ဝါဂွမ်းတွေကို အသုံးပြုထားတာကိုတွေ့ရတယ်၊ ဒီလို စားသောက်ကုန်မျိုး ထပ်ပြီး မဝင်ရောက်နိုင်ဖို့နဲ့ ပြည်သူတွေ မသုံးစွဲမိနိုင်အောင် ဖျက်ဆီးတာဖြစ် ပါတယ်"ဟု စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး (လားရှိုး) မှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထို့ပြင် သုံးစွဲရန် မသင့်သည့် မြောင်းဆီများ( အမှတ်တံဆိပ်တိတိ ကျကျမရှိ၊ အခွန်ဆောင်ထားခြင်း မရှိသည့် မြောင်းဆီများ၊ အကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ ဆေးလိပ်များ၊ မုန့်များ တွင်ထည့်သွင်း အသုံးပြုရသော အရသာမှုန့်များအား မီးရှို့ခြင်း လမ်းကြိတ်စက်ဖြင့် ကြိတ်၍ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~