နယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕တြင္ လူကုန္ကူးျခင္း ႏွင့္ လူေမွာင္ခိုကူးျခင္းဆိုင္ရာ အသိပညာေပး

နယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕တြင္ လူကုန္ကူးျခင္း ႏွင့္ လူေမွာင္ခိုကူးျခင္းဆိုင္ရာ အသိပညာေပး
ဖေဖော်ဝါရီ 10, 2019
By Tachileik News Agency
ျမန္မာ - ထိုင္းနယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕တြင္ လူကုန္ကူးျခင္းႏွင့္ လူေမွာင္ခိုျခင္းဆိုင္ရာမ်ားႏွင့္ ပတ္သက္၍ အသိပညာေပးမႈအျဖစ္ တာခ်ီလိတ္ရွိၿမိဳ႕ရွိ ပုန္းထြန္ရပ္ကြက္၊ သီရိရတနာဂူဟာ ဘုန္းႀကီးေက်ာင္းတြင္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၀)ရက္ေန႔ ညပိုင္းက ျပဳလုပ္ေၾကာင္း သိရသည္။

လူကုန္ကူးမႈႏွင့္ လူေမွာင္ခိုကူးျခင္းဆိုင္ရာ အသိပညာေပးမႈအျဖစ္  MRTV မွ ထုတ္လႊင့္ျပသခဲ့သည့္ “အမ်ဳိးသမီးမ်ား လူကုန္ကူးခံရရင္ ဘယ္လိုကာကြယ္မလဲ စကား၀ိုင္း”၏ အပိုင္း(၂)အား ရွင္းလင္း ေဆြးေႏြးျခင္း ႏွင့္အတူ ေဖ့ဘုတ္ေပၚတြင္ မွ်ေ၀ထားရွိသည့္ "ေတာသားဆိုၿပီး အခ်ဥ္မေဖာက္နဲ႔" ပညာေပးဇာတ္လမ္းအား ျပသကာ ရွင္းလင္း၍ အသိပညာေပးေဟာေျပာခဲ့ေၾကာင္း သိရသည္။

အဆိုပါ အသိပညာေပးပြဲတြင္ ပုန္းထြန္ရပ္ကြက္တြင္းမွ တဆင့္ျပန္လည္ ဆင့္ပြား အသိေပးႏုိင္မည့္ သူမ်ားအား လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စိတ္(၁)တာခ်ီလိတ္မွ တပ္ဖဲြ႕စိတ္မွဴး ရဲမွဴးရင္ရင္ေအး ႏွင့္ တပ္ဖြဲ႔၀င္မ်ားမွ ရွင္းလင္းေျပာေဟာခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္လူကုန္တား




~~~~~~~~⊰❂ Unicode Version ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် လူကုန်ကူးခြင်းနှင့် လူမှောင်ခိုခြင်းဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေးမှုအဖြစ် တာချီလိတ်ရှိမြို့ရှိ ပုန်းထွန်ရပ်ကွက်၊ သီရိရတနာဂူဟာ ဘုန်းကြီးကျောင်းတွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ ညပိုင်းက ပြုလုပ်ကြောင်း သိရသည်။

လူကုန်ကူးမှုနှင့် လူမှောင်ခိုကူးခြင်းဆိုင်ရာ အသိပညာပေးမှုအဖြစ် MRTV မှ ထုတ်လွှင့်ပြသခဲ့သည့် “အမျိုးသမီးများ လူကုန်ကူးခံရရင် ဘယ်လိုကာကွယ်မလဲ စကားဝိုင်း”၏ အပိုင်း(၂)အား ရှင်းလင်း ဆွေးနွေးခြင်း နှင့်အတူ ဖေ့ဘုတ်ပေါ်တွင် မျှေဝထားရှိသည့် "တောသားဆိုပြီး အချဉ်မဖောက်နဲ့" ပညာပေးဇာတ်လမ်းအား ပြသကာ ရှင်းလင်း၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးပွဲတွင် ပုန်းထွန်ရပ်ကွက်တွင်းမှ တဆင့်ပြန်လည် ဆင့်ပွား အသိပေးနိုင်မည့်သူများအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေး နှင့် တပ်ဖွဲ့ဝင်များမှ ရှင်းလင်းပြောဟောခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်လူကုန်တား

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~