ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔ အထိမ္းအမွတ္ အခမ္းအနားတြင္ လူ(၇၀)၀န္းက်င္ အစာအဆိပ္သင့္မႈျဖစ္ပြား၍ ေဆးရံုေရာက္ေသာ္လည္း အေျခအေန မစိုးရိမ္ရ

ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔ အထိမ္းအမွတ္ အခမ္းအနားတြင္ လူ(၇၀)၀န္းက်င္ အစာအဆိပ္သင့္မႈျဖစ္ပြား၍ ေဆးရံုေရာက္ေသာ္လည္း အေျခအေန မစိုးရိမ္ရ
ဖေဖော်ဝါရီ 14, 2019
By Tachileik News Agency

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီလ (၁၃) ရက္ေန႔က ျပဳလုပ္သည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔ အထိမ္းအမွတ္ အခမ္းအနားတြင္ ေကၽြးသည့္ အစားအစာမ်ားေၾကာင့္ အစာအဆိပ္သင့္သည့္ ျပင္ပလူနာမ်ားမွာ ေဖေဖၚဝါရီလ (၁၄)ရက္ေန႔တြင္ ေဆးရံုမွဆင္းၿပီး အတြင္းလူနာ (၁၃)ဦးမွာ လည္း အေျခအေနေကာင္းမြန္ေနၿပီး ေဆးရံုဆင္းရဖြယ္ရိွသည္ဟု သိရသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔ႏွင့္ ကေလးမ်ားေန႔အခမ္းအနားတြင္ ေကၽြးသည့္အစားအစာမ်ား စားေသာက္ၿပီးေနာက္ အစာ အဆိပ္သင့္သျဖင့္ လူေပါင္း(၇၀)၀န္းက်င္ လိြဳင္ေကာ္ျပည္သူ႔ေဆး႐ုံႀကီးတြင္ ကုသမႈခံ ယူေနၾကရျခင္းျဖစ္ေၾကာင္း သိရသည္။

 "(၁၂) နာရီ နဲ႔ (၁) နာရီၾကားမွာ တစ္ေယာက္စႏွစ္ေယာက္စ အန္တယ္။ ဖ်ားတယ္မူးတယ္ဆို ၿပီးေတာ့ အဲဒီအခ်ိန္မွာပဲ ျပည္သူ႔က်န္းမာေရးက လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေဆာင္တဲ့အဖြဲ႕ အဲဒီမွာခ်ထားတဲ့ ေဆးအဖြဲ႕နဲ႔ခ်က္ခ်င္းသြားၾကည့္ေတာ့ သူတို႔အန္တာေတြ ၾကည့္ရတာ အစာအဆိပ္သင့္တာျဖစ္ဖို႔မ်ားတယ္။ တစ္ေယာက္စ ႏွစ္ေယာက္စ ျဖစ္လိုက္တာ ႏွစ္နာရီလည္းထိုးေရာ လူႏွစ္ (၂၀) ေလာက္ အန္ေတာ့ ဒါေသခ်ာၿပီ ဒါအစာအဆိပ္သင့္တာ။ ဒီအစာအဆိပ္သင့္တဲ့အတြက္ ဆရာတို႔ လုပ္ထုံးလုပ္နည္းအတိုင္း အစာနဲ႔ပတ္သက္လို႔ စုံစမ္းေထာက္လွမ္းမႈေတြ လုပ္တယ္။ တစ္ဖက္က ကုသေရးေတြလုပ္တယ္”ဟု ျပည္နယ္ကုေရးႏွင့္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာခင္ေမာင္ရင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔က ေျပာၾကားျခင္းျဖစ္သည္။

အခမ္းအနားတြင္ ေကြ်းသည့္ ၾကာဆံေၾကာ္၊ ထမင္းေၾကာ္၊ ေခါက္ဆြဲေၾကာ္ အထုပ္ေပါင္း (၇၀၀)ေက်ာ္အနက္မွ လူေပါင္း (၇၀)၀န္းက်င္မွာ အစာအဆိပ္သင့္ခဲ့သျဖင့္ အစားအစာမ်ားကို ရန္ကုန္ရိွ ဓါတ္ခြဲခန္းသို႔ ပို႔ေဆာင္စစ္ေဆးထားဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့က ပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ကျွေးသည့် အစားအစာများကြောင့် အစာအဆိပ်သင့်သည့် ပြင်ပလူနာများမှာ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ဆေးရုံမှဆင်းပြီး အတွင်းလူနာ (၁၃)ဦးမှာ လည်း အခြေအနေကောင်းမွန်နပြေီး ဆေးရုံဆင်းရဖွယ်ရှိသည်ဟု သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် ကလေးများနေ့အခမ်းအနားတွင် ကျွေးသည့်အစားအစာများ စားသောက်ပြီးနောက် အစာ အဆိပ်သင့်သဖြင့် လူပေါင်း(၇၀)ဝန်းကျင် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံ ယူနကြေရခြင်းဖြစ်ကြောင်း သိရသည်။

 "(၁၂) နာရီ နဲ့ (၁) နာရီကြားမှာ တစ်ယောက်စနှစ်ယောက်စ အန်တယ်။ ဖျားတယ်မူးတယ်ဆို ပြီးတော့ အဲဒီအချိန်မှာပဲ ပြည်သူ့ကျန်းမာရေးက လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်တဲ့အဖွဲ့ အဲဒီမှာချထားတဲ့ ဆေးအဖွဲ့နဲ့ချက်ချင်းသွားကြည့်တော့ သူတို့အန်တာတွေ ကြည့်ရတာ အစာအဆိပ်သင့်တာဖြစ်ဖို့များတယ်။ တစ်ယောက်စ နှစ်ယောက်စ ဖြစ်လိုက်တာ နှစ်နာရီလည်းထိုးရော လူနှစ် (၂၀) လောက် အန်တော့ ဒါသေချာပြီ ဒါအစာအဆိပ်သင့်တာ။ ဒီအစာအဆိပ်သင့်တဲ့အတွက် ဆရာတို့ လုပ်ထုံးလုပ်နည်းအတိုင်း အစာနဲ့ပတ်သက်လို့ စုံစမ်းထောက်လှမ်းမှုတွေ လုပ်တယ်။ တစ်ဖက်က ကုသရေးတွေလုပ်တယ်”ဟု ပြည်နယ်ကုရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်ရင်က တာချီလိတ်သတင်း အေဂျင်စီသို့ ဖေဖော်ဝါရီလ(၁၃)ရက်နေ့က ပြောကြားခြင်းဖြစ်သည်။

အခမ်းအနားတွင် ကျွေးသည့် ကြာဆံကြော်၊ ထမင်းကြော်၊ ခေါက်ဆွဲကြော် အထုပ်ပေါင်း (၇၀၀)ကျော်အနက်မှ လူပေါင်း (၇၀)ဝန်းကျင်မှာ အစာအဆိပ်သင့်ခဲ့သဖြင့် အစားအစာများကို ရန်ကုန်ရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးထားဆဲဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~