မိုင္းျဖတ္ၿမိဳ႕တြင္ က်င္းပေနသည့္ လားဟူတိုင္းရင္းသား ရိုးရာ စုေပါင္းႏွစ္သစ္ကူး ပြဲေတာ္၏ အခမ္းအနား က်င္းပ

မိုင္းျဖတ္ၿမိဳ႕တြင္ က်င္းပေနသည့္ လားဟူတိုင္းရင္းသား ရိုးရာ စုေပါင္းႏွစ္သစ္ကူး ပြဲေတာ္၏ အခမ္းအနား က်င္းပ
ဖေဖော်ဝါရီ 4, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္၏ (၂၇)ႀကိမ္ေျမာက္ လားဟူ တိုင္းရင္းသား ရိုးရာ စုေပါင္းႏွစ္သစ္ကူး ပြဲေတာ္၏ အခမ္းအနားအား ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၄)ရက္ေန႔ နံနက္(၁၀)နာရီအခ်ိန္က ျပဳလုပ္ရာ  ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴးတက္ေရာက္ကာ အလွဴေငြ က်ပ္(၃)သိန္း လွဴဒါန္းခဲ့ေၾကာင္း သိရသည္။

ႏွစ္သစ္ကူးပြဲေတာ္ အခမ္းအနားတြင္ ၂၀၁၆-၂၀၁၇ခု ပညာသင္ႏွစ္၊ ၂၀၁၇-၂၀၁၈ခု ပညာသင္ႏွစ္မ်ားတြင္ တကၠသိုလ္ဝင္တန္း ေအာင္ျမင္ခဲ့သည့္ လားဟူတိုင္းရင္းသား လူငယ္ေမာင္မယ္မ်ားအား ဂုဏ္ျပဳဆုေငြႏွင့္ ဂုဏ္ျပဳလက္မွတ္မ်ား ေပးအပ္ခဲ့ၾကၿပီး၊  ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၊ တိုင္းမွဴး ဗိုလ္ခ်ဳပ္ခင္လႈိင္မွ အလႈေငြ က်ပ္ သံုးသိန္း၊ လားဟူတိုင္းရင္းသားေရးရာဝန္ႀကီး ဦးေယာသပ္ မွ အလွဴေငြ က်ပ္ သံုးသိန္း တို႔အား မိုင္းျဖတ္ၿမိဳ႕နယ္ လားဟူစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီသို႔ လွဴဒါန္းခဲ့ေၾကာင္း သိရသည္။

အဆိုပါပြဲေတာ္သို႔ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ ခင္လႈိင္ နွင့္ တပ္မေတာ္အရာရွိမ်ား၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးအားကို ႏွင့္ ပါတီဝင္မ်ား၊ မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသက္လြင္ ႏွင့္ ဌာနဆိုင္ရာ အႀကီးအကဲမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား၊ လားဟူတုိင္းရင္းသားမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း ႏွင့္  တက္ေရာက္လာသည့္ ဧည့္သည္ေတာ္မ်ားအား လားဟူတိုင္းရင္းသား ရိုးရာ လက္ေဆးမဂၤလာျပဳျခင္း၊ အမွတ္တရလက္ေဆာင္မ်ားေပးအပ္ျခင္းမ်ား ျပဳလုပ္ကာ  လားဟူရိုးရာ ဗူးပေလြအက ႏွင့္ေခတ္ေပၚအကမ်ားျဖင့္ ေဖ်ာ္ေျဖခဲ့ၾကေၾကာင္း သိရသည္။

ႏွစ္သစ္ကူးပြဲေတာ္ စတင္က်င္းပသည့္ ေဖေဖၚဝါရီလ (၂)ရက္ေန႔က လားဟူရိုးရာ ဂ်င္ေပါက္ၿပိဳင္ပြဲကို က်င္းပျပဳလုပ္ရာ (အမ်ဳိးသား) (၂၄)ဖြဲ႔ႏွင့္ ဂံုညင္းဒိုးပစ္ၿပိဳင္ပြဲ (အမ်ဳိသမီး) (၂၀)ဖြဲ႕တို႔ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္၏ (၂၇)ႀကိမ္ေျမာက္ လားဟူ တိုင္းရင္းသား ရိုးရာ စုေပါင္းႏွစ္သစ္ကူးပြဲေတာ္အား မိုင္းျဖတ္ၿမိဳ႕နယ္အားကစားကြင္းတြင္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၂)ရက္ေန႔က စတင္ကာ ေဖေဖာ္၀ါရီလ(၄)ရက္ေန႔အထိ က်င္းပျပဳလုပ္ေနျခင္း ျဖစ္သည္။

သတင္း/ဓါတ္ပံု - ကိုသာ


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၏ (၂၇)ကြိမ်မြောက် လားဟူ တိုင်းရင်းသား ရိုးရာ စုပေါင်းနှစ်သစ်ကူး ပွဲတော်၏ အခမ်းအနားအား ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးတက်ရောက်ကာ အလှူငွေ ကျပ်(၃)သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် ၂၀၁၆-၂၀၁၇ခု ပညာသင်နှစ်၊ ၂၀၁၇-၂၀၁၈ခု ပညာသင်နှစ်များတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် လားဟူတိုင်းရင်းသား လူငယ်မောင်မယ်များအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြပြီး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်မှ အလှုငွေ ကျပ် သုံးသိန်း၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောသပ် မှ အလှူငွေ ကျပ် သုံးသိန်း တို့အား မိုင်းဖြတ်မြို့နယ် လားဟူစာပေနှင့် ယဉ်ကျေးမှုကော်မတီသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတော်သို့ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင် နှင့် တပ်မတော်အရာရှိများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကို နှင့် ပါတီဝင်များ၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ လားဟူတိုင်းရင်းသားများ တက်ရောက်ခဲ့ကြကြောင်း နှင့် တက်ရောက်လာသည့် ဧည့်သည်တော်များအား လားဟူတိုင်းရင်းသား ရိုးရာ လက်ဆေးမင်္ဂလာပြုခြင်း၊ အမှတ်တရလက်ဆောင်များပေးအပ်ခြင်းများ ပြုလုပ်ကာ လားဟူရိုးရာ ဗူးပလွေအက နှင့်ခေတ်ပေါ်အကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

နှစ်သစ်ကူးပွဲတော် စတင်ကျင်းပသည့် ဖေဖော်ဝါရီလ (၂)ရက်နေ့က လားဟူရိုးရာ ဂျင်ပေါက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ (အမျိုးသား) (၂၄)ဖွဲ့နှင့် ဂုံညင်းဒိုးပစ်ပြိုင်ပွဲ (အမျိုသမီး) (၂၀)ဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၏ (၂၇)ကြိမ်မြောက် လားဟူ တိုင်းရင်းသား ရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်အား မိုင်းဖြတ်မြို့နယ်အားကစားကွင်းတွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့က စတင်ကာ ဖေဖော်ဝါရီလ(၄)ရက်နေ့အထိ ကျင်းပပြုလုပ်နခြေင်း ဖြစ်သည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~