တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း လားဟူတိုင္းရင္းသားႏွစ္သစ္ကူးပြဲေတာ္မွ အျပန္ ကားဘရိတ္ေပါက္ကာ ယာဥ္တိမ္းေမွာက္၍ ဒဏ္ရာမ်ား ျပင္းထန္

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း လားဟူတိုင္းရင္းသားႏွစ္သစ္ကူးပြဲေတာ္မွ အျပန္ ကားဘရိတ္ေပါက္ကာ ယာဥ္တိမ္းေမွာက္၍ ဒဏ္ရာမ်ား ျပင္းထန္
ဖေဖော်ဝါရီ 9, 2019
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္းရွိ ေရပူစမ္း၊ စံျပေက်းရြာတြင္ က်င္းပျပဳလုပ္ေနသည့္ လားဟူတိုင္းရင္းသားရိုးရာစုေပါင္းႏွစ္သစ္ကူးပြဲေတာ္မွ အျပန္ ကေလးႏွင့္လူႀကီးမ်ား ပါ၀င္သည့္ လူ(၁၀)ဦးေက်ာ္ကို တင္ေဆာင္လာသည့္ ယာဥ္သည္ ဘရိတ္ေပါက္ကာ အဆင္းလမ္းေဘးတြင္ တိမ္းေမွာက္သြားသည့္အတြက္ ယာဥ္ေပၚပါသူမ်ားအနက္ (၈)ဦး ဒဏ္ရာျပင္းထန္ေၾကာင္း ႏွင့္ က်န္လူမ်ားမွာ အနည္းအငယ္သာ ဒဏ္ရာရရွိေၾကာင္း သိရသည္။

၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၉)ရက္ေန႔တြင္ က်င္းပသည့္ အဆိုပါပြဲေတာ္သို႔ သြားေရာက္ဆင္ႏႊဲၿပီး အျပန္ျဖစ္သည့္ ေန႔လည္(၂)နာရီ၀န္းက်င္တြင္ ေရပူစမ္းမွ ဆိတ္ကုန္းအနီး အဆင္းတြင္ ဘရိတ္ေပါက္ကာ ျဖစ္ပြားျခင္း ျဖစ္ေၾကာင္းႏွင့္ ၎တို႔သည္ မိုင္းဟဲေက်းရြာအုပ္စုအတြင္းမွ လားဟူတိုင္းရင္းသားမ်ား ျဖစ္ေၾကာင္း သိရသည္။

“အကုန္ ေပါက္ၿပဲတာေပါ့။ (၁၀)ေယာက္ေက်ာ္တယ္။ ႏွစ္သစ္ကူးပြဲကျပန္လာတာ။  တက္လာတာ ဘယ္ေလာက္မွ မၾကာဘူး။ ျဖစ္တဲ့အခ်ိန္က (၂)နာရီေလာက္ေပါ့။ ကားကေမွာက္ေတာ့ အကုန္ လႊင့္ပစ္လိုက္ သလိုျဖစ္သြားတယ္။ အဆင္းမွာျဖစ္တာ။ ကားေမာင္းတဲ့သူေရာ ထြက္က်လာတယ္။ အ၀တ္အစားေတြ ေရာဘာေတြေရာ အကုန္ ကားေမွာက္တဲ့ ေနရာမွာ က်န္ခဲ့တယ္။ အခု ေဆးရံုကိုေတာ့ ရြာကားနဲ႔ပဲ လာတယ္။”ဟု  ယာဥ္တိမ္းေမွာက္ရာတြင္ ပါ၀င္ၿပီး ဒဏ္ရာမရရွိသည့္ အမ်ဳိးသားတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထိခိုက္ဒဏ္ရာ ရရွိသူမ်ားတြင္ ကေလးငယ္ႏွစ္ဦးမွာ တစ္ဦးသည္ လက္က်ဳိးဒဏ္ရာ၊ က်န္တစ္ဦးမွာ မ်က္ႏွာတြင္ ထိခုိက္ဒဏ္ရာမ်ားရွွိသြားေၾကာင္းႏွင့္ အျခားသူမ်ားမွာလည္း ျပင္းထန္ဒဏ္ရာမ်ားရရွိသြား၍ တာခ်ီလိတ္ျပည္သူ႔ေဆးရံုတြင္ ေဆး၀ါးကုသမႈ ခံယူေနေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဟန္စိုးထိုက္ - Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ ရေပူစမ်း၊ စံပြကျေးရွာတွင် ကျင်းပပြုလုပ်နေသည့် လားဟူတိုင်းရင်းသားရိုးရာစုပေါင်းနှစ်သစ်ကူးပွဲတော်မှ အပြန် ကလေးနှင့်လူကြီးများ ပါဝင်သည့် လူ(၁၀)ဦးကျော်ကို တင်ဆောင်လာသည့် ယာဉ်သည် ဘရိတ်ပေါက်ကာ အဆင်းလမ်းဘေးတွင် တိမ်းမှောက်သွားသည့်အတွက် ယာဉ်ပေါ်ပါသူများအနက် (၈)ဦး ဒဏ်ရာပြင်းထန်ကြောင်း နှင့် ကျန်လူများမှာ အနည်းအငယ်သာ ဒဏ်ရာရရှိကြောင်း သိရသည်။

၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် ကျင်းပသည့် အဆိုပါပွဲတော်သို့ သွားရောက်ဆင်နွှဲပြီး အပြန်ဖြစ်သည့် နေ့လည်(၂)နာရီဝန်းကျင်တွင် ရေပူစမ်းမှ ဆိတ်ကုန်းအနီး အဆင်းတွင် ဘရိတ်ပေါက်ကာ ဖြစ်ပွားခြင်း ဖြစ်ကြောင်းနှင့်၎င်းတို့သည် မိုင်းဟဲကျေးရွာအုပ်စုအတွင်းမှ လားဟူတိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည်။

“အကုန် ပေါက်ပြဲတာပေါ့။ (၁၀)ယောက်ကျော်တယ်။ နှစ်သစ်ကူးပွဲကပြန်လာတာ။ တက်လာတာ ဘယ်လောက်မှ မကြာဘူး။ ဖြစ်တဲ့အချိန်က (၂)နာရီလောက်ပေါ့။ ကားကမှောက်တော့ အကုန် လွှင့်ပစ်လိုက် သလိုဖြစ်သွားတယ်။ အဆင်းမှာဖြစ်တာ။ ကားမောင်းတဲ့သူရော ထွက်ကျလာတယ်။ အဝတ်အစားတွေ ရောဘာတွေရော အကုန် ကားမှောက်တဲ့ နေရာမှာ ကျန်ခဲ့တယ်။ အခု ဆေးရုံကိုတော့ ရွာကားနဲ့ပဲ လာတယ်။”ဟု ယာဉ်တိမ်းမှောက်ရာတွင် ပါဝင်ပြီး ဒဏ်ရာမရရှိသည့် အမျိုးသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိသူများတွင် ကလေးငယ်နှစ်ဦးမှာ တစ်ဦးသည် လက်ကျိုးဒဏ်ရာ၊ ကျန်တစ်ဦးမှာ မျက်နှာတွင် ထိခိုက်ဒဏ်ရာများရှိသွားကြောင်းနှင့် အခြားသူများမှာလည်း ပြင်းထန်ဒဏ်ရာများရရှိသွား၍ တာချီလိတ်ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက် - Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~