မိုင်းဖြတ်မြို့တွင် ကျင်းပနေသည့် (၂၇)ကြိမ်မြောက် လားဟူတိုင်းရင်းသားများ စုပေါင်း နှစ်သစ်ကူးပွဲတော်၏ ဒုတိယနေ့

မိုင်းဖြတ်မြို့တွင် ကျင်းပနေသည့် (၂၇)ကြိမ်မြောက် လားဟူတိုင်းရင်းသားများ စုပေါင်း နှစ်သစ်ကူးပွဲတော်၏ ဒုတိယနေ့
ဖေဖော်ဝါရီ 3, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် အားကစားကွင်းတွင် ကျင်းပနေသည့် (၂၇)ကြိမ်မြောက် လားဟူတိုင်းရင်းသားများ စုပေါင်း နှစ်သစ်ကူးပွဲတော် ဒုတိယနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၃)ရက်နေ့တွင် လားဟူရိုးရာဗူးပလွေအကနှင့် ခေတ်ပေါ်အကများ ယှဉ်ပြိုင်နေကြသည်။

နှစ်သစ်ကူးပွဲတော်ကို ဖေဖေါ်ဝါရီလ (၂)ရက်နေ့မှ (၄)ရက်နေ့အထိ လားဟူစာပေနှင့်ယဉ်ကျေးမှု ကော်မတီက ဦးဆောင်ကာစတင် ကျင်းပနေခြင်းဖြစ်ပြီး လားဟူရိုးရာ ဗူးပလွေအက (၄)ဖွဲ့နှင့် ခေတ်ပေါ်အက (၅)ဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။



သတင်း/ဓါတ်ပုံ - ကိုသာ


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် အားကစားကွင်းတွင် ကျင်းပနေသည့် (၂၇)ကြိမ်မြောက် လားဟူတိုင်းရင်းသားများ စုပေါင်း နှစ်သစ်ကူးပွဲတော် ဒုတိယနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် လားဟူရိုးရာဗူးပလွေအကနှင့် ခေတ်ပေါ်အကများ ယှဉ်ပြိုင်နကြေသည်။

နှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီလ (၂)ရက်နေ့မှ (၄)ရက်နေ့အထိ လားဟူစာပေနှင့်ယဉ်ကျေးမှု ကော်မတီက ဦးဆောင်ကာစတင် ကျင်းပနခြေင်းဖြစ်ပြီး လားဟူရိုးရာ ဗူးပလွေအက (၄)ဖွဲ့နှင့် ခေတ်ပေါ်အက (၅)ဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်နကြခြေင်းဖြစ်သည်။

လားဟူရိုးရာ ဗူးပလွေအက နှင့်ခေတ်ပေါ်အကများတွင် ပထမဆုအဖြစ် ကျပ် နှစ်သိန်း၊ ဒုတိယဆု ကျပ် တစ်သိန်းခွဲ၊ တတိယဆု ကျပ် တစ်သိန်း အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရပြီး ဆုရအဖွဲ့များကို ပိတ်ပွဲနေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ညစဉ် ညပိုင်းတွင် အဆို အကများဖြင့် ဖျော်ဖြေလျှက်ရှိပြီး ဈေးဆိုင်တန်း၊ ကလေးကစားစရာများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိကြောင်း နှင့် Lver Listing Light Triding & Logistic Company Limited မှ လည်း တိုင်းရင်းသားရိုးရာပစ္စည်းများ ရောင်းချလျှက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~