ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖျက်သိမ်းပေးရေးဆန္ဒပြခေါင်းဆောင် (၃)ဦး နှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးနေ

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖျက်သိမ်းပေးရေးဆန္ဒပြခေါင်းဆောင် (၃)ဦး နှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးနေ
ဖေဖော်ဝါရီ 12, 2019
By Tachileik News Agency


နှစ်ဖက်သဘောတူညီမှုအရ ဆန္ဒပြလူငယ်ခေါင်းဆောင် (၃) ဦးနှင့် ၎င်းတို့ဖက်မှ ရပ်မိရပ်ဖများ၊ ကယားပြည်နယ် အစိုးရ အဖွဲ့ဝင်များနှင့် ၎င်းတို့ဖက်မှ ရပ်မိရပ်ဖများ ပါဝင်ဆွေးနွေးနေပြီး အစည်းအဝေး မစတင်မီ သတင်းမီဒီယာများကို မှတ်တမ်းဓာတ်ပုံသာ ရိုက်ခွင့်ပြုခဲ့ပြီး အစည်းအဝေးပြီးမှသာ သတင်း ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်(၇ နာရီ ၃၀ မိနစ်)အထိ တွေ့ဆုံညှိနှိုင်းဆွေးနွေးနေပြီး  ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ကန့်ကွက်ဆန္ဒပြနေသည့် ကရင်နီလူငယ်များကို ရာဘာကျည်ဖြင့် ပတ်ခတ်ဖြိုခွင်းမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင်လည်း  ကန့်ကွက်ရှုတ်ချမှုများ လုပ်ဆောင်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဖျက်သိမ်းပေးရန်၊ ၀န်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီး နုတ်ထွက်ပေးရန် ကရင်နီပြည် လူငယ်အင်အားစု သပိတ်ကော်မတီမှ ဦးဆောင်၍ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ မနက်ပိုင်းမှစ၍ လိွုင်ကော်မြို့ ကန္ဓာဟေဝန် ပန်းခြံသို့ ချိကယ်စစ်ကြောင်း၊ နာရီစင်စစ်ကြောင်း၊ မြို့တော်ခန်းမဘေး စစ်ကြောင်းနှင့် လွိုင်ကော် အ.လ.ကကျောင်းဘေး စစ်ကြောင်းစသည့်  စစ်ကြောင်း လေးကြောင်းဖြင့် ချီတက်ခဲ့ပြီး ရဲတပ်ဖွဲ့မှ ပိတ်ဆို့တားဆီးခဲ့ပြီး ရာဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ရာ ဒဏ်ရာရရှိသူ (၂၀) ဦး ရှိခဲ့ကြောင်း နှင့် လက်ရှိချိန်ထိ ကန္ဓာဟေ၀န်ပန်းခြံရှေ့တွင် ထိုင်သပိတ်ပြုလုပ်နေကြောင်း သိရသည်။




~~~~~~~~⊰❂ Unicode Version ~~~~~~~~


ကယားပြည်နယ် လွိုင်ကော်မြို့တွင်ထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား ဖျက်သိမ်းပေးရေး အတွက် ကန့်ကွက်ဆန္ဒပြနေသည့် ကရင်နီလူငယ်များနှင့် လွိုင်ကော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သော အဖွဲ့တို့ အကြိမ်ကြိမ်ဆွေးနွေးပြီးနောက်တွင် ဆန္ဒပြကရင်နီလူငယ်ခေါင်းဆောင် (၃) ဦးနှင့် ကယားပြည်နယ် အစိုးရအဖွဲ့တို့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ညနေ (၃) နာရီကစ၍ ညအထိ ပြည်နယ်အစိုးရရုံး ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးနေလျက်ရှိကြောင်း သိရသည်.

နှစ်ဖက်သဘောတူညီမှုအရ ဆန္ဒပြလူငယ်ခေါင်းဆောင် (၃) ဦးနှင့်၎င်းတို့ဖက်မှ ရပ်မိရပ်ဖများ၊ ကယားပြည်နယ် အစိုးရ အဖွဲ့ဝင်များနှင့်၎င်းတို့ဖက်မှ ရပ်မိရပ်ဖများ ပါဝင်ဆွေးနွေးနပြေီး အစည်းအေဝး မစတင်မီ သတင်းမီဒီယာများကို မှတ်တမ်းဓာတ်ပုံသာ ရိုက်ခွင့်ပြုခဲ့ပြီး အစည်းအေဝးပြီးမှသာ သတင်း ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်(၇ နာရီ ၃၀ မိနစ်)အထိ တွေ့ဆုံညှိနှိုင်းဆွေးနွေးနပြေီး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ကန့်ကွက်ဆန္ဒပြနေသည့် ကရင်နီလူငယ်များကို ရာဘာကျည်ဖြင့် ပတ်ခတ်ဖြိုခွင်းမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင်လည်း ကန့်ကွက်ရှုတ်ချမှုများ လုပ်ဆောင်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဖျက်သိမ်းပေးရန်၊ ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီး နုတ်ထွက်ပေးရန် ကရင်နီပြည် လူငယ်အင်အားစု သပိတ်ကော်မတီမှ ဦးဆောင်၍ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ မနက်ပိုင်းမှစ၍ လွို်င်ကော်မြို့ ကန္ဓာဟေဝန် ပန်းခြံသို့ ချိကယ်စစ်ကြောင်း၊ နာရီစင်စစ်ကြောင်း၊ မြို့တော်ခန်းမဘေး စစ်ကြောင်းနှင့် လွိုင်ကော် အ.လ.ကကျောင်းဘေး စစ်ကြောင်းစသည့် စစ်ကြောင်း လေးကြောင်းဖြင့် ချီတက်ခဲ့ပြီး ရဲတပ်ဖွဲ့မှ ပိတ်ဆို့တားဆီးခဲ့ပြီး ရာဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ရာ ဒဏ်ရာရရှိသူ (၂၀) ဦး ရှိခဲ့ကြောင်း နှင့် လက်ရှိချိန်ထိ ကန္ဓာဟေဝန်ပန်းခြံရှေ့တွင် ထိုင်သပိတ်ပြုလုပ်နေကြောင်း သိရသည်။

လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်ဆန္ဒဖော်ထုတ်မှုများကြောင့် ဖမ်းဆီးခံထားရသူ (၅၀) ဦးအထက်ရှိနေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~