ကိုးကန္႔ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္း မူးယစ္ေဆး၀ါးထုတ္လုပ္သည့္ ဆက္စပ္ပစၥည္းမ်ားကို ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိ

ကိုးကန္႔ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္း မူးယစ္ေဆး၀ါးထုတ္လုပ္သည့္ ဆက္စပ္ပစၥည္းမ်ားကို ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိ
ဖေဖော်ဝါရီ 9, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကိုးကန္႔ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေလာက္ကုိင္ခ႐ုိင္၊ ကုန္းၾကမ္းၿမိဳ႕နယ္တြင္ မူးယစ္ေဆးထုတ္လုပ္သည့္ ဆက္စပ္ပစၥည္းမ်ားကို ပိုင္ရွင္မဲ့အျဖစ္ ေတာင္ယာတဲတစ္ခုအတြင္းမွ နယ္ေျမလံုၿခံဳေရးေဆာင္ရြက္သည့္ တပ္မေတာ္က စစ္ေဆးေတြ႔ရိွထားေၾကာင္း သိရသည္။

နယ္ေျမလံုၿခံဳေရးေဆာင္ရြက္ေနသည့္ တပ္မေတာ္သားမ်ားက ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၇) ရက္ေန႔ ညေန (၆)နာရီခြဲဝန္းက်င္တြင္ ကုန္းၾကမ္းၿမိဳ႕နယ္၊ ေရွာက္က်ံဳရွမ္းေက်းရြာအနီး လူမေနသည့္ ေတာင္ယာတဲ အတြင္းမွ ဘိန္းျဖဴ အေလးခ်ိန္ (၃၂.၅) ကီလို၊ အိုက္စ္ (၁.၅) ကီလို၊ စိတ္ၾကြရူးသြပ္ေဆးျပား အေၾကမႈန္႔ (၇.၄) ဂရမ္၊ ဘိန္းၾကမ္းမႈန္႔ (၁၆) ကီလုိႏွင့္ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားျဖစ္သည့္ ဓါတုေဆးရည္/ပစၥည္းမ်ား၊ လက္အိတ္ မ်ား၊ ဓါတ္ေငြ႔ကာမ်က္ႏွာဖံုးမ်ား၊ ဖန္ေပါင္းေခ်ာင္မ်ား၊ ဓါတ္ခြဲခန္းသံုးဖန္ျပြန္မ်ား၊ ဂတ္(စ္)အိုးမ်ား၊ ေမာ္တာမ်ား အပါ အဝင္ စုစုေပါင္းပစၥည္း (၃၄) မ်ိဳးအား စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

သိမ္းဆည္းရမိသည့္မူးယစ္ေဆးႏွင့္ ပစၥည္းမ်ားကို ကုန္းၾကမ္းၿမိဳ႕မရဲစခန္းသို႔ လႊဲေျပာင္းေပးၿပီး မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒျဖင့္ ရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - CCDAC Myanmar




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်၊ ကုန်းကြမ်းမြို့နယ်တွင် မူးယစ်ဆေးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့အဖြစ် တောင်ယာတဲတစ်ခုအတွင်းမှ နယ်မြေလုံခြုံရေးဆောင်ရွက်သည့် တပ်မတော်က စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။

နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားများက ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့ ညနေ (၆)နာရီခွဲဝန်းကျင်တွင် ကုန်းကြမ်းမြို့နယ်၊ ရှောက်ကျုံရှမ်းကျေးရွာအနီး လူမနေသည့် တောင်ယာတဲ အတွင်းမှ ဘိန်းဖြူ အလေးချိန် (၃၂.၅) ကီလို၊ အိုက်စ် (၁.၅) ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား အကြေမှုန့် (၇.၄) ဂရမ်၊ ဘိန်းကြမ်းမှုန့် (၁၆) ကီလိုနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများဖြစ်သည့် ဓာတုဆေးရည်/ပစ္စည်းများ၊ လက်အိတ် များ၊ ဓာတ်ငွေ့ကာမျက်နှာဖုံးများ၊ ဖန်ပေါင်းချောင်များ၊ ဓာတ်ခွဲခန်းသုံးဖန်ပြွန်များ၊ ဂတ်(စ်)အိုးများ၊ မော်တာများ အပါ အဝင် စုစုပေါင်းပစ္စည်း (၃၄) မျိုးအား စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

သိမ်းဆည်းရမိသည့်မူးယစ်ဆေးနှင့် ပစ္စည်းများကို ကုန်းကြမ်းမြို့မရဲစခန်းသို့ လွှဲပြောင်းပေးပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒဖြေင့် ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - CCDAC Myanmar 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~