ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ဖ်က္သိမ္းေပးရန္ ႏွင့္ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ စီမံဝန္ႀကီးတို႔ ႏႈတ္ထြက္ေပးရန္ လႊတ္ေတာ္ဟစ္တိုင္တြင္ ဆႏၵေဖာ္ထုတ္ကာ ေတာင္းဆို

ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ဖ်က္သိမ္းေပးရန္ ႏွင့္ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ စီမံဝန္ႀကီးတို႔ ႏႈတ္ထြက္ေပးရန္ လႊတ္ေတာ္ဟစ္တိုင္တြင္ ဆႏၵေဖာ္ထုတ္ကာ ေတာင္းဆို
ဖေဖော်ဝါရီ 11, 2019
By Tachileik News Agency

ကယားျပည္နယ္တြင္ မၾကာေသးမီက ထားရွိသည့္  ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ႏွင့္ ပတ္သက္၍  ဖ်က္သိမ္း ေပးရန္၊ ဝန္ႀကီးခ်ဳပ္ႏွင့္ စီမံဘ႑ာဝန္ႀကီး ႏုတ္ထြက္ေပးရန္အတြက္ ကရင္နီလူငယ္ အင္အားစုမ်ားမွ ကယားျပည္နယ္လႊတ္ေတာ္ဟစ္တိုင္ဝန္းတြင္ ၂၀၁၉ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၁)ရက္ေန႕ ညေနပိုင္းက ဆႏၵေဖာ္ထုတ္ခဲ့ၾကသည္။

လိြဳင္ေကာ္ၿမိဳ႕၊ ကႏၶာေဟဝန္ပန္းၿခံတြင္ထားရွိသည့္ ဗိုလ္ခ်ဳပ္ျမင္းစီးေၾကးရုပ္ ျဖစ္ေပၚလာျခင္းမွာ အမ်ားျပည္သူ၏ ဆႏၵမဟုတ္ပဲ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္မွ စတင္ခဲ့ျခင္းျဖစ္ၿပီး၊ အမ်ားျပည္သူပိုင္ေသာ ပန္းျခံအတြင္း ျပည္သူမ်ား၏ သေဘာထားဆႏၵမပါဘဲ တည္ထားေသာ ေၾကးရုပ္အား ေရြ႕ေျပာင္းေပးရန္ ႏွင့္ တာဝန္ယူမႈ တာဝန္ခံမႈရွိရွိ ေတြ႔ဆုံေဆြးေႏြးေျဖရွင္းမႈ မလုပ္ေဆာင္ႏိုင္ေသာေၾကာင့္ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ႏွင့္ စီမံဘ႑ာဝန္ႀကီးတို႔ ႏႈတ္ထြက္ေပးရန္ ေတာင္းဆိုရျခင္းျဖစ္ေၾကာင္း ဆႏၵေဖာ္ထုတ္ရာတြင္ ဦးေဆာင္သူ တစ္ဦးျဖစ္သည့္ ကိုေက်ာ္ထင္ေအာင္က ေျပာသည္။

“ညႇိႏိႈင္းေျဖရွင္းဖို႔အတြက္ ဇန္နဝါရီလ(၃၁)ရက္ေန႔ ကတည္းက လူငယ္ေတြ ေတာင္းဆိုတယ္ မထြက္လာ ေသးဘဲနဲ႔၊ ရဲေတြ ေထြအုပ္ေတြ ၿမိဳ႕နယ္စီမံခန္႔ခြဲေရးေတြနဲ႔ပဲ ကၽြန္ေတာ္တို႔ေတြကို ကန္႔သတ္ဖိႏွိပ္ေနတာ ေတြ႕ရွိရတယ္။ တာဝန္ယူမႈ ရွိရွိ တာဝန္ခံမႈရွိရွိ ဒီမိုကေရစီနည္းအရ  ေစ့စပ္ေဆြးေႏြးမရွိႏိုင္ဘူး ဆိုရင္ေတာ့ မိမိယူထားတဲ့ တာဝန္ကေန ႏုတ္ထြက္ေပးပါ ။  ရုပ္တုတည္ထားလိုတယ္ဆိုရင္ေတာ့ ခင္ဗ်ားတို႔နဲ႔သက္ဆိုင္တဲ့ ရုံးေတြေနရာေတြမွာ တည္ထားပါ။ အမ်ားနဲ႔ သက္ဆိုင္တဲ့ေနရာမွာ တည္ထား လိုရင္ေတာ့ အမ်ားျပည္သူ ဆႏၵကို ရယူပါ မဲပုံးေထာင္လိုက္ပါ အမ်ားျပည္သူက လက္ခံရင္တည္ပါ ဒါဟာ ဒီမိုကေရစီပါ “ ဟုဆႏၵေဖာ္ထုတ္ရာတြင္ ၎မွေျပာဆိုခဲ့သည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ ထားရွိျခင္းႏွင့္ပက္သက္၍ လူငယ္မ်ားေတာင္းဆိုထားေသာ အခ်က္မ်ားအား ကယားျပည္နယ္အစိုးရ တာဝန္ရွိသူမ်ားမွ ညိႇႏိႈင္းေဆြးေႏြးမႈမ်ား မရွိေသးေသာေၾကာင့္ ကယားျပည္နယ္ လႊတ္ေတာ္ဟစ္တိုင္ဝန္းတြင္ ဆႏၵေဖာ္ထုတ္ ေတာင္းဆိုရန္ ေဖေဖာ္ဝါရီလ (၈)ရက္ေန႕က လႊတ္ေတာ္ရုံးသို႔ ကရင္နီလူငယ္အင္အားစု သပိတ္ေကာ္မတီမွ စာတင္၍ ခြင့္ျပဳခ်က္ ေတာင္းခံခဲ့ၿပီး သက္ဆိုင္ရာဥပေဒ ၊နည္းဥပေဒ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ ညီညြတ္ပါက ကန္႔ကြက္ရန္မရွိဘဲ ဟစ္တိုင္အား အသုံးျပဳရန္  ေဖေဖာ္ဝါရီလ (၉)ရက္ေန႕က  လႊတ္ေတာ္္ရုံးမွ ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။

ေဖေဖာ္ဝါရီလ (၁၁)ရက္ေန႔ ညေန(၃)နာရီမွ(၅)နာရီအထိ ကယားျပည္နယ္လႊတ္ေတာ္ ဟစ္တိုင္ဝန္းတြင္ ကရင္နီလူငယ္မ်ားႏွင့္ ျပည္မမွ ဝန္းရံသူ လူငယ္မ်ား မွ ဗိုလ္ခ်ဳပ္ေၾကး ရုပ္ဖ်က္သိမ္းေပးရန္ ၊ ဝန္ႀကီးခ်ဳပ္ႏွင့္ စီမံဘ႑ာဝန္ႀကီး ႏုတ္ထြက္ေပးရန္၊ လူငယ္မ်ားအား တရား စြဲဆို ထားမႈမ်ားအား ဖ်က္သိမ္းေပးရန္ ၊ တိုင္းရင္သား အခြင့္အေရးမ်ားအား အသိအမွတ္ျပဳေပးရန္ စသည့္ ေတာင္းဆိုခ်က္မ်ားျဖင့္ ဆႏၵေဖာ္ထုတ္ခဲ့ၾကၿပီး လက္ရွိတြင္ ဗိုလ္ခ်ဳပ္ေၾကးရုပ္ႏွင့္ပက္သက္၍ ကရင္နီ လူငယ္မ်ားအား ၿငိမ္းစုစီပုဒ္မ ၁၉၊၂၀ ႏွင့္ ရာဇသတ္ႀကီးပုဒ္မ  ၅၀၅(ခ)(ဃ) တို႕ျဖင့္ တရားစြဲဆိုခံထားရသူ (၅၅) ဦး ရွိၿပီျဖစ္ေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ကယားပြည်နယ်တွင် မကြာသေးမီက ထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်နှင့် ပတ်သက်၍ ဖျက်သိမ်း ပေးရန်၊ ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီး နုတ်ထွက်ပေးရန်အတွက် ကရင်နီလူငယ် အင်အားစုများမှ ကယားပြည်နယ်လွှတ်တော်ဟစ်တိုင်ဝန်းတွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့ ညနေပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

လွိုင်ကော်မြို့၊ ကန္ဓာဟေဝန်ပန်းခြံတွင်ထားရှိသည့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ဖြစ်ပေါ်လာခြင်းမှာ အများပြည်သူ၏ ဆန္ဒမဟုတ်ပဲ ကယားပြည်နယ် ဝန်ကြီးချုပ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး၊ အများပြည်သူပိုင်သော ပန်းခြံအတွင်း ပြည်သူများ၏ သဘောထားဆန္ဒမပါဘဲ တည်ထားသော ကြေးရုပ်အား ရွေ့ပြောင်းပေးရန် နှင့် တာဝန်ယူမှု တာဝန်ခံမှုရှိရှိ တွေ့ဆုံဆွေးနွေးဖြေရှင်းမှု မလုပ်ဆောင်နိုင်သောကြောင့် ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီးတို့ နှုတ်ထွက်ပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူ တစ်ဦးဖြစ်သည့် ကိုကျော်ထင်အောင်က ပြောသည်။

“ညှိနှိုင်းဖြေရှင်းဖို့အတွက် ဇန်နဝါရီလ(၃၁)ရက်နေ့ ကတည်းက လူငယ်တွေ တောင်းဆိုတယ် မထွက်လာ သေးဘဲနဲ့၊ ရဲတွေ ထွေအုပ်တွေ မြို့နယ်စီမံခန့်ခွဲရေးတွေနဲ့ပဲ ကျွန်တော်တို့တွေကို ကန့်သတ်ဖိနှိပ်နေတာ တွေ့ရှိရတယ်။ တာဝန်ယူမှု ရှိရှိ တာဝန်ခံမှုရှိရှိ ဒီမိုကရေစီနည်းအရ စေ့စပ်ဆွေးနွေးမရှိနိုင်ဘူး ဆိုရင်တော့ မိမိယူထားတဲ့ တာဝန်ကနေ နုတ်ထွက်ပေးပါ။ ရုပ်တုတည်ထားလိုတယ်ဆိုရင်တော့ ခင်ဗျားတို့နဲ့သက်ဆိုင်တဲ့ ရုံးတွေနေရာတွေမှာ တည်ထားပါ။ အများနဲ့ သက်ဆိုင်တဲ့နေရာမှာ တည်ထား လိုရင်တော့ အများပြည်သူ ဆန္ဒကို ရယူပါ မဲပုံးထောင်လိုက်ပါ အများပြည်သူက လက်ခံရင်တည်ပါ ဒါဟာ ဒီမိုကရေစီပါ “ ဟုဆန္ဒဖော်ထုတ်ရာတွင်၎င်းမှပြောဆိုခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိခြင်းနှင့်ပက်သက်၍ လူငယ်များတောင်းဆိုထားသော အချက်များအား ကယားပြည်နယ်အစိုးရ တာဝန်ရှိသူများမှ ညှိနှိုင်းဆွေးနွေးမှုများ မရှိသေးသောကြောင့် ကယားပြည်နယ် လွှတ်တော်ဟစ်တိုင်ဝန်းတွင် ဆန္ဒဖော်ထုတ် တောင်းဆိုရန် ဖေဖော်ဝါရီလ (၈)ရက်နေ့က လွှတ်တော်ရုံးသို့ ကရင်နီလူငယ်အင်အားစု သပိတ်ကော်မတီမှ စာတင်၍ ခွင့်ပြုချက် တောင်းခံခဲ့ပြီး သက်ဆိုင်ရာဥပဒေ၊နည်းဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ပါက ကန့်ကွက်ရန်မရှိဘဲ ဟစ်တိုင်အား အသုံးပြုရန် ဖေဖော်ဝါရီလ (၉)ရက်နေ့က လွှတ်တော်ရုံးမှ ခွင့်ပြုခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၁၁)ရက်နေ့ ညနေ(၃)နာရီမှ(၅)နာရီအထိ ကယားပြည်နယ်လွှတ်တော် ဟစ်တိုင်ဝန်းတွင် ကရင်နီလူငယ်များနှင့် ပြည်မမှ ဝန်းရံသူ လူငယ်များ အပါအဝင်လူဦးရေ (၁၀၀)ကျော်မှ ဗိုလ်ချုပ်ကြေး ရုပ်ဖျက်သိမ်းပေးရန်၊ ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီး နုတ်ထွက်ပေးရန်၊ လူငယ်များအား တရား စွဲဆို ထားမှုများအား ဖျက်သိမ်းပေးရန်၊ တိုင်းရင်သား အခွင့်အရေးများအား အသိအမှတ်ပြုပေးရန် စသည့် တောင်းဆိုချက်များဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး လက်ရှိတွင် ဗိုလ်ချုပ်ကြေးရုပ်နှင့်ပက်သက်၍ ကရင်နီ လူငယ်များအား ငြိမ်းစုစီပုဒ်မ ၁၉၊၂၀ နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)(ဃ) တို့ဖြင့် တရားစွဲဆိုခံထားရသူ (၅၅) ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~