က်ဳိင္းတံု ရထားလမ္းႏွင့္ဘူတာရံု စီမံကိန္းပ်က္၍ မူလပိုင္ရွင္ထံျပန္ေပးမည့္ ေျမယာမ်ားကို ဌာနဆိုင္ရာမ်ားက ေတာင္းခံထား

က်ဳိင္းတံု ရထားလမ္းႏွင့္ဘူတာရံု စီမံကိန္းပ်က္၍ မူလပိုင္ရွင္ထံျပန္ေပးမည့္ ေျမယာမ်ားကို ဌာနဆိုင္ရာမ်ားက ေတာင္းခံထား
ဖေဖော်ဝါရီ 26, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕တြင္ ရထားပို႔ေဆာင္ေရးဝန္ႀကီးဌာနက ရထားလမ္းႏွင့္ ဘူတာရံုစီမံကိန္းအတြက္ သိမ္းဆည္းထားသည့္ ေျမယာမ်ားကို စီမံကိန္းပ်က္သျဖင့္ ၂၀၁၉ ခုႏွစ္အတြင္း ေျမယာမူလပိုင္ရွင္မ်ားထံ ေပးအပ္ရန္ ျပင္ဆင္ေနခ်ိန္တြင္ က်ိဳင္းတံုၿမိဳ႕နယ္ရိွ ဌာနဆုိင္ရာမ်ားက လုပ္ငန္းေဆာင္ရြက္ရန္ ေျမယာေတာင္းခံမႈမ်ားရိွေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ မိုးနဲၿမိဳ႕ႏွင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ဳိင္းတုံၿမိဳ႕ကို ဆက္သြယ္မည့္ မိုးနဲ -က်ဳိင္းတုံရထားလမ္း ေဖာက္လုပ္ေရးစီမံကိန္း၏ က်ဳိင္းတုံလမ္းပိုင္းမွ ရထားလမ္းအရွည္ ( ၅.၆) မိုင္၊ သံလမ္းမိုင္ (၆.၆) မိုင္ကို ၂၀၀၉ ခုႏွစ္၊ ဧၿပီလ (၄ )ရက္ေန႔တြင္ စတင္ေဖာက္လုပ္ခဲ့ၿပီး ၂၀၁၀ ခုႏွစ္ ဒီဇင္ဘာလ (၁၉) ရက္ေန႔ တြင္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေသာ္လည္း ရထားေျပးဆြဲႏိုင္ျခင္း မရိွသျဖင့္ ျမန္မာ့မီးရထားလုပ္ငန္းက သံလမ္းမ်ားကို ျပန္လည္ဖယ္ရွားမည္ျဖစ္ၿပီး ယင္းသံလမ္းတစ္ ေလွ်ာက္ ၿမိဳ႕ပတ္လမ္းေဖာက္လုပ္ရန္ အတြက္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး၀န္ႀကီး ဦးသန္႔စင္ေမာင္၏ ေဖေဖာ္၀ါရီလ (၂၃) ရက္ေန႔ က်ိဳင္းတံုခရီးစဥ္တြင္ ခြင့္ျပဳေပးခဲ့ေၾကာင္းသိရသည္။

“(၄၂.၆၅) ဧကလား မသိဘူး။ အဲဒါကိုရထားပို႔ေဆာင္ေရးက သိမ္းထားၿပီး ေလ်ာ္ထားတယ္။ အဲဒီေျမကြက္ကို ဘူတာရံု လုပ္မယ့္ ေနရာကို ျပန္ေပးမယ္ေပါ့။ ဗဟိုလယ္ယာေျမစစ္ကို ျပန္အပ္ရမွာ။ ၿမိဳ႕နယ္ေျမစစ္ကေနၿပီးမွ ဒါကို စီစစ္ၿပီးမွရမယ္။ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီက ကားႀကီးကြင္း လုပ္ဖို႔ ေတာင္းထားတာ (၁၅) ဧကေပါ့။ ကညန ကလည္း ယာဥ္စစ္စခန္းလုပ္ဖို႔လည္း ေတာင္းထားတယ္။ ဌာနဆိုင္ရာေတြက ေတာင္းထားတာရိွတယ္။ အဲဒါေတြခြဲေပး မယ္ေပါ့။ လွ်ပ္စစ္ကလည္း (၂) ဧက ေတာင္းတယ္။ အျခားဌာနေတြကလည္း ေတာင္းတယ္။ State Line သတ္မွတ္ေပးၿပီးေတာ့ ၿမိဳ႕နယ္ေျမစစ္က လုပ္ေပးမွာေပ့ါ။ လယ္ယာေျမဗဟိုစိစစ္က ဘယ္လိုဆံုးျဖတ္မလဲ မသိေသးဘူး။ ၿမိဳ႕ေရွာင္လမ္းလုပ္ၿပီဆိုရင္ ကားႀကီးေတြက ၿမိဳ႕ထဲ၀င္လို႔ မရဘူးေလ။ ယာဥ္ရပ္နားစခန္းေတြ ကုန္တင္၊ ကုန္ခ် ပြဲရံုေတြ လိုတာေပါ့။ ဘယ္လိုလုပ္ၾကမလည္းမသိဘူး။ ဒါက သူတို႔ အနာဂတ္စီမံကိန္းဆိုေတာ့”ဟု က်ိဳင္းတံုၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ၀ဏၰစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေဖေဖာ္၀ါရီလ (၂၅) ရက္ေန႔က ေျပာသည္။

မီးရထားသံလမ္းႏွင့္ ဘူတာရံုအတြက္ ေျမေနရာမ်ားကို ယခင္ရထားပို႔ေဆာင္ေရး၀န္ႀကီးဌာနမွ သိမ္းဆည္းခဲ့ျခင္း ျဖစ္ရာ စီမံကိန္းမေအာင္ျမင္သျဖင့္ မူလေျမပိုင္ရွင္မ်ားထံ ျပန္လည္ေပးအပ္ရန္ ေတာင္းဆိုခဲ့ၾက သျဖင့္ သိမ္းဆည္းေျမယာမ်ားကို ျပန္လည္စြန္႔လႊတ္ေပးေနၿပီး ယန္းေလာေက်းရြာအုပ္စု၊ ဝမ္နားခမ္းရြာအနီးရိွ မီးရထားဘူတာေျမေနရာအား ကားႀကီးကြင္း တည္ေဆာက္ရန္ကိုလည္း က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီက ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ(၁၃)ရက္ေန႔က အစည္းအေဝး ဆံုးျဖတ္ခ်က္ျဖင့္ တင္ျပေတာင္းခံထားခဲ့ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ရထားလမ်းနှင့် ဘူတာရုံစီမံကိန်းအတွက် သိမ်းဆည်းထားသည့် မြေယာများကို စီမံကိန်းပျက်သဖြင့် ၂၀၁၉ ခုနှစ်အတွင်း မြေယာမူလပိုင်ရှင်များထံ ပေးအပ်ရန် ပြင်ဆင်နေချိန်တွင် ကျိုင်းတုံမြို့နယ်ရှိ ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်ရန် မြေယာတောင်းခံမှုများရှိနေကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ကို ဆက်သွယ်မည့် မိုးနဲ -ကျိုင်းတုံရထားလမ်း ဖောက်လုပ်ရေးစီမံကိန်း၏ ကျိုင်းတုံလမ်းပိုင်းမှ ရထားလမ်းအရှည် ( ၅.၆) မိုင်၊ သံလမ်းမိုင် (၆.၆) မိုင်ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ (၄ )ရက်နေ့တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့ တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သော်လည်း ရထားပြေးဆွဲနိုင်ခြင်း မရှိသဖြင့် မြန်မာ့မီးရထားလုပ်ငန်းက သံလမ်းများကို ပြန်လည်ဖယ်ရှားမည်ဖြစ်ပြီး ယင်းသံလမ်းတစ် လျှောက် မြို့ပတ်လမ်းဖောက်လုပ်ရန် အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်၏ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ ကျိုင်းတုံခရီးစဉ်တွင် ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။

“(၄၂.၆၅) ဧကလား မသိဘူး။ အဲဒါကိုရထားပို့ဆောင်ရေးက သိမ်းထားပြီး လျော်ထားတယ်။ အဲဒီမြေကွက်ကို ဘူတာရုံ လုပ်မယ့် နေရာကို ပြန်ပေးမယ်ပေါ့။ ဗဟိုလယ်ယာမြေစစ်ကို ပြန်အပ်ရမှာ။ မြို့နယ်မြေစစ်ကနပြေီးမှ ဒါကို စီစစ်ပြီးမှရမယ်။ မြို့နယ်စည်ပင်သာယာရေးကော်မတီက ကားကြီးကွင်း လုပ်ဖို့ တောင်းထားတာ (၁၅) ဧကပေါ့။ ကညန ကလည်း ယာဉ်စစ်စခန်းလုပ်ဖို့လည်း တောင်းထားတယ်။ ဌာနဆိုင်ရာတွေက တောင်းထားတာရှိတယ်။ အဲဒါတွေခွဲပေး မယ်ပေါ့။ လျှပ်စစ်ကလည်း (၂) ဧက တောင်းတယ်။ အခြားဌာနတွေကလည်း တောင်းတယ်။ State Line သတ်မှတ်ပေးပြီးတော့ မြို့နယ်မြေစစ်က လုပ်ပေးမှာပေါ့။ လယ်ယာမြေဗဟိုစိစစ်က ဘယ်လိုဆုံးဖြတ်မလဲ မသိသေးဘူး။ မြို့ရှောင်လမ်းလုပ်ပြီဆိုရင် ကားကြီးတွေက မြို့ထဲဝင်လို့ မရဘူးလေ။ ယာဉ်ရပ်နားစခန်းတွေ ကုန်တင်၊ ကုန်ချ ပွဲရုံတွေ လိုတာပေါ့။ ဘယ်လိုလုပ်ကြမလည်းမသိဘူး။ ဒါက သူတို့ အနာဂတ်စီမံကိန်းဆိုတော့”ဟု ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ (၂၅) ရက်နေ့က ပြောသည်။

မီးရထားသံလမ်းနှင့် ဘူတာရုံအတွက် မြေနေရာများကို ယခင်ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိမ်းဆည်းခဲ့ခြင်း ဖြစ်ရာ စီမံကိန်းမအောင်မြင်သဖြင့် မူလမြေပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့ကြ သဖြင့် သိမ်းဆည်းမြေယာများကို ပြန်လည်စွန့်လွှတ်ပေးနပြေီး ယန်းလောကျေးရွာအုပ်စု၊ ဝမ်နားခမ်းရွာအနီးရှိ မီးရထားဘူတာမြေနေရာအား ကားကြီးကွင်း တည်ဆောက်ရန်ကိုလည်း ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီက ၂၀၁၈ ခုနှစ် သြဂုတ်လ(၁၃)ရက်နေ့က အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် တင်ပြတောင်းခံထားခဲ့ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက် 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~