က်ဳိင္းတံုတြင္ အသက္(၆၀)ေက်ာ္ လင္မယားႏွစ္ဦး စကားမ်ားေန၍ ၀င္ေရာက္ ဖ်န္ေျဖသည့္ သားျဖစ္သူမွာ ဓါးျဖင့္ ထိုးခံရ၍ ေသဆံုး

က်ဳိင္းတံုတြင္ အသက္(၆၀)ေက်ာ္ လင္မယားႏွစ္ဦး စကားမ်ားေန၍ ၀င္ေရာက္ ဖ်န္ေျဖသည့္ သားျဖစ္သူမွာ ဓါးျဖင့္ ထိုးခံရ၍ ေသဆံုး
ဖေဖော်ဝါရီ 25, 2019
By Tachileik News Agency
အသက္(၆၀)ေက်ာ္ လင္မယားႏွစ္ဦး စကားမ်ားေနသည္ကို သားျဖစ္သူမွ ၀င္ေရာက္ ဖ်န္ေျဖရာမွ ဖခင္က ဓါးျဖင့္ထိုးလိုက္၍ သားျဖစ္သူမွာ ဒဏ္ရာရရွိၿပီး  ေသဆံုးသြားမႈ က်ဳိင္းတံုၿမိဳ႕တြင္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ (၂၄)ရက္ေန႔ ညပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

က်ဳိင္းတံုၿမိဳ႕နယ္၊ ကတ္ေတာင္ေက်းရြာအုပ္စု၊ ပါစမ္ရြာရွိ ေနအိမ္တြင္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၄)ရက္ေန႔ ည(၈)နာရီ ၀န္းက်င္အခ်ိန္က အသက္(၆၁)ႏွစ္ရွိ ေဒၚနန္းေဟာင္ ႏွင့္ အသက္(၆၃)ႏွစ္အရြယ္ရွိ ဦးအြန္ေက်ာက္ အပါအ၀င္ သမီးျဖစ္သူ ႏွင့္ သားမက္ျဖစ္သူတို႔ အတူရွိေနစဥ္ ဦးအြန္ေက်ာက္သည္ အရက္အမူးလြန္ၿပီး ဇနီးျဖစ္သူ ေဒၚနန္းေဟာင္အား ျပႆနာရွာ ရန္ျဖစ္ေနသည့္အတြက္ သမီးျဖစ္သူႏွင့္ သားမက္ျဖစ္သူတို႔မွ ရန္မျဖစ္ၾကရန္ တားျမစ္ေသာ္လည္း မရေၾကာင္း သိရသည္။

တားမရသည့္ အတြက္ ေဒၚနန္းေဟာင္၏ သမီးျဖစ္သူက အျပင္ေရာက္ေနသည့္ ၎၏ ေမာင္ျဖစ္သူ စိုင္းခမ္းဆိုင္အား ဖုန္းဆက္၍ လွမ္းေျပာလုိက္ရာ ေမာင္ျဖစ္သူမွာ (၅)မိနစ္အၾကာတြင္ ေရာက္ရွိလာၿပီး ဖခင္ျဖစ္သူအား စကားမ်ား ရန္မျဖစ္ရန္ ၀င္ေရာက္ ဖ်န္ေျဖရာမွ  ဖခင္ျဖစ္သူ ဦးအြန္ေက်ာက္သည္ ၎အၿမဲကိုင္ေဆာင္ထားသည့္ ေခါက္ဓါးျဖင့္ သားျဖစ္သူ အသက္(၃၀)ႏွစ္ရွိ ေမာင္စိုင္းခမ္းဆိုင္၏ ၀မ္းဗိုက္အား ထိုးလိုက္ရာမွ ေမာင္စိုင္းခမ္းဆိုင္မွာ ၀မ္းဗိုက္၏ ခ်က္အထက္တြင္ (၂)လက္မခန္႔ ထိုးသြင္းဒဏ္ရာ (၁)ခ်က္ ရရွိၿပီး လဲက်သြားရာမွာ ေဆးရံုသို႔ ပို႔ေဆာင္စဥ္ ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အသက္(၆၃)ႏွစ္ရွိ ဦးအြန္ေက်ာက္အား ဖမ္းဆီးထားၿပီး က်ဳိင္းတံုၿမိဳ႕မ ရဲစခန္းတြင္ (ပ)၁၅၇/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ - ၃၀၂အရ အမႈဖြင့္ အေရးယူထားေၾကာင္း သိရွိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အသက်(၆၀)ကျော် လင်မယားနှစ်ဦး စကားများနေသည်ကို သားဖြစ်သူမှ ဝင်ရောက် ဖျန်ဖြေရာမှ ဖခင်က ဓားဖြင့်ထိုးလိုက်၍ သားဖြစ်သူမှာ ဒဏ်ရာရရှိပြီး သေဆုံးသွားမှု ကျိုင်းတုံမြို့တွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်၊ ကတ်တောင်ကျေးရွာအုပ်စု၊ ပါစမ်ရွာရှိ နေအိမ်တွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့ ည(၈)နာရီ ဝန်းကျင်အချိန်က အသက်(၆၁)နှစ်ရှိ ဒေါ်နန်းဟောင် နှင့် အသက်(၆၃)နှစ်အရွယ်ရှိ ဦးအွန်ကျောက် အပါအဝင် သမီးဖြစ်သူ နှင့် သားမက်ဖြစ်သူတို့ အတူရှိနေစဉ် ဦးအွန်ကျောက်သည် အရက်အမူးလွန်ပြီး ဇနီးဖြစ်သူ ဒေါ်နန်းဟောင်အား ပြဿနာရှာ ရန်ဖြစ်နေသည့်အတွက် သမီးဖြစ်သူနှင့် သားမက်ဖြစ်သူတို့မှ ရန်မဖြစ်ကြရန် တားမြစ်သော်လည်း မရကြောင်း သိရသည်။

တားမရသည့် အတွက် ဒေါ်နန်းဟောင်၏ သမီးဖြစ်သူက အပြင်ရောက်နေသည့်၎င်း၏ မောင်ဖြစ်သူ စိုင်းခမ်းဆိုင်အား ဖုန်းဆက်၍ လှမ်းပြောလိုက်ရာ မောင်ဖြစ်သူမှာ (၅)မိနစ်အကြာတွင် ရောက်ရှိလာပြီး ဖခင်ဖြစ်သူအား စကားများ ရန်မဖြစ်ရန် ဝင်ရောက် ဖျန်ဖြေရာမှ ဖခင်ဖြစ်သူ ဦးအွန်ကျောက်သည်၎င်းအမြဲကိုင်ဆောင်ထားသည့် ခေါက်ဓားဖြင့် သားဖြစ်သူ အသက်(၃၀)နှစ်ရှိ မောင်စိုင်းခမ်းဆိုင်၏ ဝမ်းဗိုက်အား ထိုးလိုက်ရာမှ မောင်စိုင်းခမ်းဆိုင်မှာ ဝမ်းဗိုက်၏ ချက်အထက်တွင် (၂)လက်မခန့် ထိုးသွင်းဒဏ်ရာ (၁)ချက် ရရှိပြီး လဲကျသွားရာမှာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အသက်(၆၃)နှစ်ရှိ ဦးအွန်ကျောက်အား ဖမ်းဆီးထားပြီး ကျိုင်းတုံမြို့မ ရဲစခန်းတွင် (ပ)၁၅၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၂အရ အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~