က်ဳိင္းတံုၿမိဳ႕တြင္ ဘုရားမီးပူေဇာ္ထားသည့္ လွ်ပ္စစ္မီးႀကိဳးအပူလြန္ကဲ့ရာမွ ေနအိမ္တစ္လံုး ဆံုးရႈံး

က်ဳိင္းတံုၿမိဳ႕တြင္ ဘုရားမီးပူေဇာ္ထားသည့္ လွ်ပ္စစ္မီးႀကိဳးအပူလြန္ကဲ့ရာမွ ေနအိမ္တစ္လံုး ဆံုးရႈံး
ဖေဖော်ဝါရီ 27, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပုိင္း၊ က်ိဳင္းတံုၿမိဳ႕နယ္၊ မုိင္းဇင္းေက်းရြာအုပ္စု၊ ေနာင္ႏြန္းေက်းရြာတြင္ ဘုရားမီး ပူေဇာ္ထားသည့္ လွ်ပ္စစ္မီးႀကိဳးအပူလြန္ကဲၿပီး မီးေလာင္ကၽြမ္းမႈေၾကာင့္ ေနအိမ္တစ္လံုး မီးေလာင္ ဆံုးရံႈးသြားေၾကာင္း သိရသည္။

၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၇)ရက္ေန႔ နံနက္ (၄)နာရီဝန္းက်င္က ေနအိမ္ပိုင္ရွင္ ဦးအိုက္စုႏွင့္ ေဒၚနန္းဆိုင္ဖတ္တုိ႔သည္ ေနာင္ဝိုးေကာင္းေစ်းတြင္ ေစ်းသြားေရာင္းရန္ ျပင္ဆင္ေနစဥ္ ေနအိမ္အေပၚထပ္ ဘုရားစင္တြင္ မီးပူေဇာ္ထားသည့္ လွ်ပ္စစ္မီးအပူလြန္ကဲကာ မီးစတင္ေလာင္ကၽြမ္းျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈေၾကာင့္ ေနအိမ္တစ္လံုးဆံုးရံႈးသြားၿပီး အျခားထိခိုက္ဒဏ္ရာရမႈမရိွေၾကာင္း သိရသည္။

မီးေလာင္ကၽြမ္းမႈႏွင့္ပတ္သက္၍ ေနအိမ္ပိုင္ရွင္ ဦးအုိက္စုကို က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၁၅၈/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ အရ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ နောင်နွန်းကျေးရွာတွင် ဘုရားမီး ပူဇော်ထားသည့် လျှပ်စစ်မီးကြိုးအပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုကြောင့် နေအိမ်တစ်လုံး မီးလောင် ဆုံးရှုံးသွားကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နံနက် (၄)နာရီဝန်းကျင်က နေအိမ်ပိုင်ရှင် ဦးအိုက်စုနှင့် ဒေါ်နန်းဆိုင်ဖတ်တို့သည် နောင်ဝိုးကောင်းဈေးတွင် ဈေးသွားရောင်းရန် ပြင်ဆင်နေစဉ် နေအိမ်အပေါ်ထပ် ဘုရားစင်တွင် မီးပူဇော်ထားသည့် လျှပ်စစ်မီးအပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် နေအိမ်တစ်လုံးဆုံးရှုံးသွားပြီး အခြားထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ နေအိမ်ပိုင်ရှင် ဦးအိုက်စုကို ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၁၅၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~