က်ဳိင္းတံုၿမိဳ႕ေတာ္ခန္းမ ျပဳျပင္ေရး ႏွင့္ လမ္းျပဳျပင္ျခင္းမ်ားအတြက္ စည္ပင္က ဒုတိယအႀကိမ္ အိတ္ဖြင့္တင္ဒါေခၚယူ

က်ဳိင္းတံုၿမိဳ႕ေတာ္ခန္းမ ျပဳျပင္ေရး ႏွင့္ လမ္းျပဳျပင္ျခင္းမ်ားအတြက္ စည္ပင္က ဒုတိယအႀကိမ္ အိတ္ဖြင့္တင္ဒါေခၚယူ
ဖေဖော်ဝါရီ 24, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕တြင္ စည္ပင္သာယာေရးေကာ္မတီက လမ္းလုပ္ငန္းမ်ားႏွင့္ ၿမိဳ႕ေတာ္ခန္းမျပဳျပင္ျခင္း လုပ္ငန္း အပါအဝင္ ၂၀၁၈-၁၉ ဘ႑ာေရးနွစ္ ဒုတိယ (၃) လပတ္တြင္ ေဆာင္ရြက္မည့္ လုပ္ငန္း (၅) ခုအတြက္ အိတ္ဖြင့္တင္ဒါေခၚယူေနျခင္းကို ၂၀၁၉ ခုႏွစ္၊ မတ္လ(၆)ရက္ေန႔ ေနာက္ဆံုးထား ေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။

“တင္ဒါဝယ္မွ စည္းကမ္းခ်က္ေတြ ထည့္ေပးတာ။ တင္ဒါဘယ္ေန႔ဖြင့္မယ္ဆိုတာ ေၾကျငာေပးမယ္။ ဘယ္ခ်ိန္အၿပီးလုပ္ရမယ္။ ဘယ္လိုေဆာင္ရြက္ရမယ္ဆိုတာ တင္ဒါေအာင္တဲ့ကုမၸဏီနဲ႔ စာခ်ဳပ္ခ်ဳပ္တဲ့အခ်ိန္ ထည့္ခ်ဳပ္မွာေပါ့။ တင္ဒါစည္းကမ္း ခ်က္ေတြက်ေတာ့ မထုတ္ျပန္ဘူး။ တင္ဒါဆြဲမယ့္ ကုမၸဏီကို ေပးလိုက္တာေပါ့”ဟု က်ိဳင္းတုံၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ အတြင္းေရးမွဴး ဦးမ်ိဳးျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေဖေဖၚဝါရီလ (၂၃)ရက္ေန႔က ေျပာသည္။

လက္ရိွ တင္ဒါေခၚယူထားသည့္ လုပ္ငန္းမ်ားမွာ က်ိဳင္းတံုၿမိဳ႕ က်ိဳင္းလန္း (၁) လမ္းကတၱရာထပ္ပိုးလႊာ ခင္းျခင္း၊ ဆူဖူးမားရပ္ကြင္တြင္ ကတၱရာထပ္ပိုးလႊာခင္းျခင္း၊ ကန္နားပူလြယ္၊ မိုင္းယန္းလမ္းသြယ္ (၄၊ ၅)ႏွင့္ နတ္စင္လမ္းအပိုင္း (၁) ေက်ာက္ေခ်ာလမ္းခင္းျခင္း၊ ၿမိဳ႕ေတာ္ခန္းမ စတိတ္ခံုႏွင့္ မ်က္ႏွာက်က္ ျပဳျပင္ျခင္းႏွင့္ ၿမိဳ႕တြင္းလမ္းမ်ား လမ္းေပါက္ဖာျခင္းတို႔ ျဖစ္ေၾကာင္း သိရသည္။

တင္ဒါမ်ားကို မတ္လ (၆) ရက္ေန႔ ညေန (၄) နာရီတြင္ ပိတ္သိမ္းမည္ျဖစ္ၿပီး အေသးစိတ္ အခ်က္အလက္မ်ား သိရိွလိုပါက ဖုန္း ၀၈၄-၂၁၀၁၆ သို႔ ရံုးခ်ိန္အတြင္း ဆက္သြယ္စံုစမ္းႏိုင္ေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ၏ ၂၀၁၈-၁၉ ဘ႑ာေရးႏွစ္ က်ပ္ (၁၀) သန္းႏွင့္အထက္ ေငြလံုးေငြရင္းလုပ္ငန္းမ်ား အိတ္ဖြင့္တင္ဒါ စိစစ္ေရြးခ်ယ္ျခင္းကို ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၉)ရက္ေန႔က ျပဳလုပ္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စည်ပင်သာယာရေးကော်မတီက လမ်းလုပ်ငန်းများနှင့် မြို့တော်ခန်းမပြုပြင်ခြင်း လုပ်ငန်း အပါအဝင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဒုတိယ (၃) လပတ်တွင် ဆောင်ရွက်မည့် လုပ်ငန်း (၅) ခုအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူနခြေင်းကို ၂၀၁၉ ခုနှစ်၊ မတ်လ(၆)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။

“တင်ဒါဝယ်မှ စည်းကမ်းချက်တွေ ထည့်ပေးတာ။ တင်ဒါဘယ်နေ့ဖွင့်မယ်ဆိုတာ ကြငြောပေးမယ်။ ဘယ်ချိန်အပြီးလုပ်ရမယ်။ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ တင်ဒါအောင်တဲ့ကုမ္ပဏီနဲ့ စာချုပ်ချုပ်တဲ့အချိန် ထည့်ချုပ်မှာပေါ့။ တင်ဒါစည်းကမ်း ချက်တွေကျတော့ မထုတ်ပြန်ဘူး။ တင်ဒါဆွဲမယ့် ကုမ္ပဏီကို ပေးလိုက်တာပေါ့”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ပြောသည်။

လက်ရှိ တင်ဒါခေါ်ယူထားသည့် လုပ်ငန်းများမှာ ကျိုင်းတုံမြို့ ကျိုင်းလန်း (၁) လမ်းကတ္တရာထပ်ပိုးလွှာ ခင်းခြင်း၊ ဆူဖူးမားရပ်ကွင်တွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ကန်နားပူလွယ်၊ မိုင်းယန်းလမ်းသွယ် (၄၊ ၅)နှင့် နတ်စင်လမ်းအပိုင်း (၁) ကျောက်ချောလမ်းခင်းခြင်း၊ မြို့တော်ခန်းမ စတိတ်ခုံနှင့် မျက်နှာကျက် ပြုပြင်ခြင်းနှင့် မြို့တွင်းလမ်းများ လမ်းပေါက်ဖာခြင်းတို့ ဖြစ်ကြောင်း သိရသည်။

တင်ဒါများကို မတ်လ (၆) ရက်နေ့ ညနေ (၄) နာရီတွင် ပိတ်သိမ်းမည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များ သိရှိလိုပါက ဖုန်း ဝ၈၄-၂၁၀၁၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ကျပ် (၁၀) သန်းနှင့်အထက် ငွေလုံးငွေရင်းလုပ်ငန်းများ အိတ်ဖွင့်တင်ဒါ စိစစ်ရွေးချယ်ခြင်းကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့က ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~