က်ိဳင္းတံုၿမိဳ႕ေရေပးေဝေရး၏ ပိုက္သြယ္တန္းေရးလုပ္ငန္းမ်ားကို တင္ဒါေအာင္ကုမၸဏီက ဧၿပီလကုန္ အၿပီးသတ္ေဆာင္ရြက္ရမည္

က်ိဳင္းတံုၿမိဳ႕ေရေပးေဝေရး၏ ပိုက္သြယ္တန္းေရးလုပ္ငန္းမ်ားကို တင္ဒါေအာင္ကုမၸဏီက ဧၿပီလကုန္ အၿပီးသတ္ေဆာင္ရြက္ရမည္
ဖေဖော်ဝါရီ 23, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕တြင္း ေရေပးေဝေရးအတြက္ နမ့္ကီြေခ်ာင္းေရထြက္မွ (၈) မိုင္ ေရစုကန္သို႔ ေပ (၁၄,၅၀၀) အရွည္ (၈) လက္မေရပိုက္မ်ား သြယ္တန္းျခင္း လုပ္ငန္းမ်ားကို တင္ဒါ ေအာင္ျမင္သည့္ လြယ္ေမြကုမၸဏီမွ ေဆာင္ရြက္ေနၿပီး ၂၀၁၉ ခုႏွစ္၊ ဧၿပီလကုန္တြင္ လုပ္ငန္းအၿပီးသတ္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“(၈) မိုင္ေရစုကန္ကို ပိုက္သြယ္တာေပါ့။ လမ္းေၾကာင္းရွင္းတုန္း။ မိုးမက်ခင္ အၿပီးေဆာင္ရြက္ရမယ္။ မိုးမက်ခင္ဆိုတာ လယ္ေတြမစိုက္ခင္ေပါ့။ လယ္ေတြထဲမွာ ျဖတ္သြယ္ရမွာေတြရိွတာကိုး။ လယ္ေတြဆိုတာ ေျမျပန္႔လယ္ေတြ မဟုတ္ဘူး။ ေလွကားထစ္လယ္ေတြေပါ့။ လယ္ဧကလည္း သိပ္မမ်ားပါဘူး။ ေတာင္သူက စဝင္ၿပီဆိုရင္ ကၽြန္ေတာ္တို႔ လုပ္ရခက္သြားမွာေပါ့။ ေတာင္သူေတြ မဝင္ခင္ ထယ္ေရးမျပင္ခင္ အၿပီး လုပ္ေပးရမွာဗ်။ အၾကမ္းဖ်င္းေျပာရရင္ ဒီဧၿပီလမကုန္ခင္ေလာက္ အျပတ္ျဖတ္ရမွာေပါ့”ဟု က်ိဳင္းတုံၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ အတြင္းေရးမွဴး ဦးမ်ိဳးျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုၿမိဳ႕ေရေပးေဝေရးလုပ္ငန္းကို ေဆာင္ရြက္ရာတြင္ တင္ဒါမေခၚဘဲ ေဆာင္ရြက္ခဲ့မႈမ်ားေၾကာင့္ စည္ပင္သာယာေရးဌာနကို ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီက ေဝဖန္ခဲ့ၿပီးေနာက္၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၃)ရက္ေန႔တြင္ ေရေပးေဝေရးလုပ္ငန္းႏွင့္ပတ္သက္သည့္ သတင္းစာ ရွင္းလင္းပြဲ ျပဳလုပ္ခဲ့ကာ ထပ္မံေဆာင္ရြက္မည့္ လုပ္ငန္းမ်ားကို တင္ဒါ ေခၚသြားမည္ ျဖစ္ေၾကာင္း အသိေပးခဲ့ျခင္း ျဖစ္သည္။

“နမ့္ကြီေခ်ာင္းကေန (၈) မိုင္ကိုေရသြယ္တဲ့လုပ္ငန္းကို လြယ္ေမြကုမၸဏီက ေဆာင္ရြက္ေနပါတယ္။ ကၽြန္ေတာ္တို႔က ျပည္နယ္မွာ တင္ဒါေခၚတာေပါ့ က်ပ္သိန္း (၁,၀၀၀) အထက္ဆိုေတာ့။ ကုမၸဏီေတြ ဝင္ဆြဲၾကတာ။ လြယ္ေမြကုမၸဏီက တင္ဒါေအာင္တာေပါ့။ လုပ္ငန္းစေနၿပီ”ဟု က်ိဳင္းတုံၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ အတြင္းေရးမွဴး ဦးမ်ိဳးျမင့္ေအာင္က ေျပာသည္။

ျပည္နယ္အစိုးရဘတ္ဂ်က္ က်ပ္သိန္းေပါင္း (၅,၄၅၀) ျဖင့္ ေဆာင္ရြက္မည့္ က်ိဳင္းတုံၿမိဳ႕ေရေပးေဝေရး လုပ္ငန္းအတြက္ ၂၀၁၈ ခုႏွစ္က က်ပ္သိန္းေပါင္း (၂,၅၀၀)ခ်ထားေပးခဲ့ျခင္းျဖစ္သည္။

သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင်း ရေပေးဝေရေးအတွက် နမ့်ကွီချောင်းရေထွက်မှ (၈) မိုင် ရေစုကန်သို့ ပေ (၁၄,၅၀၀) အရှည် (၈) လက်မရေပိုက်များ သွယ်တန်းခြင်း လုပ်ငန်းများကို တင်ဒါ အောင်မြင်သည့် လွယ်မွေကုမ္ပဏီမှ ဆောင်ရွက်နပြေီး ၂၀၁၉ ခုနှစ်၊ ဧပြီလကုန်တွင် လုပ်ငန်းအပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“(၈) မိုင်ရေစုကန်ကို ပိုက်သွယ်တာပေါ့။ လမ်းကြောင်းရှင်းတုန်း။ မိုးမကျခင် အပြီးဆောင်ရွက်ရမယ်။ မိုးမကျခင်ဆိုတာ လယ်တွေမစိုက်ခင်ပေါ့။ လယ်တွေထဲမှာ ဖြတ်သွယ်ရမှာတွေရှိတာကိုး။ လယ်တွေဆိုတာ မြပြေန့်လယ်တွေ မဟုတ်ဘူး။ လှေကားထစ်လယ်တွေပေါ့။ လယ်ဧကလည်း သိပ်မများပါဘူး။ တောင်သူက စဝင်ပြီဆိုရင် ကျွန်တော်တို့ လုပ်ရခက်သွားမှာပေါ့။ တောင်သူတွေ မဝင်ခင် ထယ်ရေးမပြင်ခင် အပြီး လုပ်ပေးရမှာဗျ။ အကြမ်းဖျင်းပြောရရင် ဒီဧပြီလမကုန်ခင်လောက် အပြတ်ဖြတ်ရမှာပေါ့”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့ရေပေးဝေရေးလုပ်ငန်းကို ဆောင်ရွက်ရာတွင် တင်ဒါမခေါ်ဘဲ ဆောင်ရွက်ခဲ့မှုများကြောင့် စည်ပင်သာယာရေးဌာနကို မြို့နယ်စည်ပင်သာယာရေးကော်မတီက ဝေဖန်ခဲ့ပြီးနောက်၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့တွင် ရေပေးဝေရေးလုပ်ငန်းနှင့်ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကာ ထပ်မံဆောင်ရွက်မည့် လုပ်ငန်းများကို တင်ဒါ ခေါ်သွားမည် ဖြစ်ကြောင်း အသိပေးခဲ့ခြင်း ဖြစ်သည်။

“နမ့်ကွီချောင်းကနေ (၈) မိုင်ကိုရေသွယ်တဲ့လုပ်ငန်းကို လွယ်မွေကုမ္ပဏီက ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့က ပြည်နယ်မှာ တင်ဒါခေါ်တာပေါ့ ကျပ်သိန်း (၁,ဝဝဝ) အထက်ဆိုတော့။ ကုမ္ပဏီတွေ ဝင်ဆွဲကြတာ။ လွယ်မွေကုမ္ပဏီက တင်ဒါအောင်တာပေါ့။ လုပ်ငန်းစနပြေီ”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်အောင်က ပြောသည်။

ပြည်နယ်အစိုးရဘတ်ဂျက် ကျပ်သိန်းပေါင်း (၅,၄၅၀) ဖြင့် ဆောင်ရွက်မည့် ကျိုင်းတုံမြို့ရေပေးဝေရေး လုပ်ငန်းအတွက် ၂၀၁၈ ခုနှစ်က ကျပ်သိန်းပေါင်း (၂,၅၀၀)ချထားပေးခဲ့ခြင်းဖြစ်သည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~