ကယားပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖယ်ရှားပေးအတွက် ဆန္ဒပြနေ

ကယားပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖယ်ရှားပေးအတွက် ဆန္ဒပြနေ
ဖေဖော်ဝါရီ 12, 2019
By Tachileik News Agency

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကန္ဓာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိခြင်းကို ဖျက်သိမ်းပေးရန် ကရင်နီလူငယ်အင်အားစုသပိတ်ကော်မတီဖွဲ့စည်းကာ ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့တွင် ဆန္ဒပြနေကြပြီး လုံခြုံရေးတပ်ဖွဲ့က သတိပေးထားသည့် စည်း(၃)ခုကို ဖြတ်ကျော်ဝင်ရောက်သွားကြကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြသူများက ဗိုလ်ချုပ်ကြေးရုပ်ရှိရာ ကန္ဓာဟေဝန်ပန်းခြံဝင်ပေါက် (၄)ခုမှနေ၍ ပန်းခြံအတွင်း မဝင်ရောက်ရန် စည်း(၃)စည်းဖြင့် သတိပေးထားသည့် အကာအရံများကို ဖြတ်ကျော်ဝင်ရောက်ပြီး ပန်းခြံတွင်း လူစုကာ ဗိုလ်ချုပ်ကြေးရုပ် ဖျက်သိမ်းပေးရန်၊ ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီး နုတ်ထွက် ပေးရန်၊ လူငယ်များအားတရားစွဲဆိုမှု ဖျက်သိမ်းပေးရန်၊ ဌာနေတိုင်းရင်း သား အခွင့်အရေးကို အသိမှတ်ပြုပေးရန် စာတမ်းများရေးသားထားသည့် ဗီနိုင်းများကိုင်ဆောင်၍ ဆန္ဒပြနေကြခြင်းဖြစ်သည်။


ဆန္ဒပြသူများက ပန်းခြံဝင်ပေါက်(၄)ခုမှ အဆိုပါစည်း(၃)ခုကို ဖြတ်ကျော်ဝင်ရောက်ကြသဖြင့် ရဲတပ်ဖွဲ့က ရာဘာကျည်အသုံးပြုပြီး လူစုခွဲခဲ့သော်လည်း လူစုခွဲ၍မရဘဲ ပန်းခြံအတွင်း စုစည်းနေကြကြောင်း သိရသည်။





~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကန္ဓာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိခြင်းကို ဖျက်သိမ်းပေးရန် ကရင်နီလူငယ်အင်အားစုသပိတ်ကော်မတီဖွဲ့စည်းကာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့တွင် ဆန္ဒပြနကြပြေီး လုံခြုံရေးတပ်ဖွဲ့က သတိပေးထားသည့် စည်း(၃)ခုကို ဖြတ်ကျော်ဝင်ရောက်သွားကြကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြသူများက ဗိုလ်ချုပ်ကြေးရုပ်ရှိရာ ကန္ဓာဟေဝန်ပန်းခြံဝင်ပေါက် (၄)ခုမှနေ၍ ပန်းခြံအတွင်း မဝင်ရောက်ရန် စည်း(၃)စည်းဖြင့် သတိပေးထားသည့် အကာအရံများကို ဖြတ်ကျော်ဝင်ရောက်ပြီး ပန်းခြံတွင်း လူစုကာ ဗိုလ်ချုပ်ကြေးရုပ် ဖျက်သိမ်းပေးရန်၊ ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီး နုတ်ထွက် ပေးရန်၊ လူငယ်များအားတရားစွဲဆိုမှု ဖျက်သိမ်းပေးရန်၊ ဌာနေတိုင်းရင်း သား အခွင့်အရေးကို အသိမှတ်ပြုပေးရန် စာတမ်းများရေးသားထားသည့် ဗီနိုင်းများကိုင်ဆောင်၍ ဆန္ဒပြနကြခြေင်းဖြစ်သည်။

ရဲတပ်ဖွဲ့က စည်း(၃)စည်းကာရံထားပြီး ပထမစည်းတွင် “ပထမစည်း ဤစည်းကို မကျော်ပါနှင့်”၊ ဒုတိယစည်းတွင် “ဒုတိယစည်းကိုကျော်ပါက လူစုခွဲမည်”နှင့် တတိယစည်းတွင် “တတိယစည်းကို ကျော်ပါက အရေးယူမည်”ဟု တားမြစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒပြသူများက ပန်းခြံဝင်ပေါက်(၄)ခုမှ အဆိုပါစည်း(၃)ခုကို ဖြတ်ကျော်ဝင်ရောက်ကြသဖြင့် ရဲတပ်ဖွဲ့က ရာဘာကျည်အသုံးပြုပြီး လူစုခွဲခဲ့သော်လည်း လူစုခွဲ၍မရဘဲ ပန်းခြံအတွင်း စုစည်းနကြေကြောင်း သိရသည်။

ပြည်ထောင်စုနေ့တွင် အဆိုပါပန်းခြံ၌ ဆန္ဒထုတ်ဖော်ရန် ဖေဖော်ဝါရီလ (၉)ရက်နေ့က ခွင့်ပြုချက်တင်ခဲ့ရာ ပြည်ထောင်စုနေ့ဖြစ်သဖြင့် ခွင့်မပြုကြောင်း အကြောင်းပြန်ခဲ့သည်ဟု ဆန္ဒပြသည့်အဖွဲ့ထံမှ သိရသည်။

ပြည်ထောင်စုနေ့အခမ်းအနားကို အဆိုပါပန်းခြံတွင် ကျင်းပရာ နံနက်(၈)နာရီက အခမ်းအနားပြီးဆုံးသွားပြီး ဆန္ဒပြသူများက နံနက်(၉)နာရီခွဲမှစ၍ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~