ရှမ်းပြည်နယ်အတွင်းရှိ စည်ပင်၏ မြို့ဝင်ဘီးခွန်များ ဖျက်သိမ်းပေးရေးကိစ္စ လွှတ်တော်တွင် ကန့်ကွက်သူများ၍ မအောင်မြင်

ရှမ်းပြည်နယ်အတွင်းရှိ စည်ပင်၏ မြို့ဝင်ဘီးခွန်များ ဖျက်သိမ်းပေးရေးကိစ္စ လွှတ်တော်တွင် ကန့်ကွက်သူများ၍ မအောင်မြင်
ဖေဖော်ဝါရီ 11, 2019
By Tachileik News Agency


ဦးခိုင်ညီညီကျော်၏ မြို့ဝင်ကြေး ဘီးခွန်များ ကောက်ခံခြင်း မပြုရေးနှင့် ပတ်သက်သည့်အဆိုကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၃)ဦးက ကန့်ကွက် အကြံပြု ဆွေးနွေးခဲ့ပြီးနောက် ရှမ်းပြည်နယ် စည်ပင်သာယာရေး ၀န်ကြီး ဦးစိုင်းစွံဆိုင်းက ရှမ်းပြည်နယ်တွင်း မြို့နယ် (၅၅) မြို့မှ ဘီးခွန် ကောက်ခံရသည့် ငွေပမာဏမှာ များပြားသဖြင့် ဘီးခွန်ကောက်ခံမှု ရပ်ဆိုင်းလိုက်ပါက စည်ပင် ဘဏ္ဍာငွေများ ထိခိုက်နစ်နာမည်ဖြစ်သဖြင့် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန် လွှတ်တော်တွင် ပြန်လည် ဖြေကြားလိုက်ခြင်း ဖြစ်သည်။

စည်ပင်ဝန်ကြီးဖြေကြားမှုအပေါ် အဆိုရှင်က ကား၊ ဆိုင်ကယ်များ အနေဖြင့် လိုင်စင်သက်တမ်းတိုးချိန်တွင် မြို့ဝင်ဘီး ခွန်များ ပေးဆောင်ထားပြီးဖြစ်သဖြင့် အကြိမ်ကြိမ် ပေးဆောင်နေရသည့် သဘော သက်ရောက်နေပြီး စည်ပင်သာယာ၏ လုပ်ပိုင်ခွင့်များအရ အခြားခေါင်းစဉ်များဖြင့် ၀င်ငွေများ ရှာဖွေနိုင်သဖြင့် ခရီးသွား ပြည်သူများ စိတ်အနှောက်အယှက် ဖြစ်စေသည့်အတွက် အဆိုကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခွင့်ပေးရန်အတွက် တင်ပြခဲ့ခြင်းလည်းဖြစ်သည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် စည်ပင်သာယာရေးကော်မတီထံမှ လေလံဆွဲဝယ်၍ ကောက်ခံ လျက်ရှိသည့် မြို့ဝင်ကြေးဘီးခွန်များကို ဖျက်သိမ်းပေးရေးကိစ္စအား လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်သူများ၍ အဆိုမအောင်မြင်ခဲ့ကြောင်း သိရသည်။

ဦးခိုင်ညီညီကျော်၏ မြို့ဝင်ကြေး ဘီးခွန်များ ကောက်ခံခြင်း မပြုရေးနှင့် ပတ်သက်သည့်အဆိုကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၃)ဦးက ကန့်ကွက် အကြံပြု ဆွေးနွေးခဲ့ပြီးနောက် ရှမ်းပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းစွံဆိုင်းက ရှမ်းပြည်နယ်တွင်း မြို့နယ် (၅၅) မြို့မှ ဘီးခွန် ကောက်ခံရသည့် ငွေပမာဏမှာ များပြားသဖြင့် ဘီးခွန်ကောက်ခံမှု ရပ်ဆိုင်းလိုက်ပါက စည်ပင် ဘဏ္ဍာငွေများ ထိခိုက်နစ်နာမည်ဖြစ်သဖြင့် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန် လွှတ်တော်တွင် ပြန်လည် ဖြကြေားလိုက်ခြင်း ဖြစ်သည်။

စည်ပင်ဝန်ကြီးဖြကြေားမှုအပေါ် အဆိုရှင်က ကား၊ ဆိုင်ကယ်များ အနဖြေင့် လိုင်စင်သက်တမ်း တိုးချိန်တွင် မြို့ဝင်ဘီး ခွန်များ ပေးဆောင်ထားပြီးဖြစ်သဖြင့် အကြိမ်ကြိမ် ပေးဆောင်နေရသည့် သဘော သက်ရောက်နပြေီး စည်ပင်သာယာ၏ လုပ်ပိုင်ခွင့်များအရ အခြားခေါင်းစဉ်များဖြင့် ဝင်ငွေများ ရှာဖွေနိုင်သဖြင့် ခရီးသွား ပြည်သူများ စိတ်အနှောက်အယှက် ဖြစ်စေသည့်အတွက် အဆိုကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခွင့်ပေးရန်အတွက် တင်ပြခဲ့ခြင်းလည်းဖြစ်သည်။

ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးခိုင်ညီညီကျော် တင်သွင်းသည့် “ရှမ်းပြည်နယ် စည်ပင် သာယာရေး ဥပဒေအရ မြို့နယ် စည်ပင်သာယာရေးကော်မတီများ လေလံပစ်၍ ကောက်ခံလျက် ရှိသော မြို့ဝင်ကြေး ဘီးခွန်များသည် အများပြည်သူ စိတ်အနှောက်အယှက် ဖြစ်ပေါ်လျက် ရှိသဖြင့် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ကောက်ခံခြင်း မပြုဘဲ ဖျက်သိမ်း ပေးရန် တိုက်တွန်းကြောင်း” အဆိုကို ဖေဖော်ဝါရီလ (၉) ရက်နေ့က လွှတ်တော်သို့တင်သွင်းခဲ့ရာတွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ထောက်ခံဆွေးနွေးပြီး ကန့်ကွက်သူ မရှိသဖြင့် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲ ပေးခွင့်ရှိသူ (၁၂၂) ဦး ရှိသည့်အနက် ထောက်ခံဆန္ဒမဲပေးသူ (၂၁) ဦး၊ ကန့်ကွက်ဆန္ဒမဲ ပေးသူ (၈၆) ဦး၊ ကြားနေဆန္ဒမဲ ပေးသူ (၄) ဦး၊ ဆန္ဒမဲ မပေးသူ (၁) ဦး ရှိခဲ့သဖြင့် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိခဲ့ခြင်း ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~