ရွမ္းျပည္နယ္အတြင္း စည္ပင္၏ ၿမိဳ႕၀င္ဘီးခြန္ေကာက္ခံမႈကို ဖ်က္သိမ္းလိုက္ပါက အခြန္သိသာစြာ ထိခိုက္မႈ မရိွႏိုင္ဟု လႊတ္ေတာ္ကိုယ္စားလွယ္ဆို

ရွမ္းျပည္နယ္အတြင္း စည္ပင္၏ ၿမိဳ႕၀င္ဘီးခြန္ေကာက္ခံမႈကို ဖ်က္သိမ္းလိုက္ပါက အခြန္သိသာစြာ ထိခိုက္မႈ မရိွႏိုင္ဟု လႊတ္ေတာ္ကိုယ္စားလွယ္ဆို
ဖေဖော်ဝါရီ 10, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမ်ားမွ ေလလံပစ္ေကာက္ခံ လ်က္ရိွေသာ ၿမိဳ႕၀င္ဘီးခြန္ေၾကးမ်ားအား ေကာက္ခံမႈဖ်က္သိမ္းလိုက္ပါက အခြန္သိသာစြာ ထိခိုက္မႈမရိွႏိုင္ဘဲ အျခားနည္းလမ္းမ်ားျဖင့္ အခြန္ျပန္လည္ ရွာေဖြႏိုင္ေၾကာင္း  ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခိုင္ညီညီေက်ာ္က ေျပာၾကားလိုက္သည္။

“ဒီဟာေလး ဖ်က္သိမ္းလိုက္ရံုေလာက္နဲ႔ ၿမိဳ႕နယ္စည္ပင္အခြန္က ေျပာပေလာက္ေအာင္ထိေတာ့ ထိခိုက္တာ မရိွဘူးေပါ့။ အျခားေခါင္းစဥ္ေတြနဲ႔ ရန္ပံုေငြကေတာ့ ရွာလို႔ရတာပဲေလ။ အမ်ားျပည္သူ ခရီးသြားလာရတာ စိတ္အေႏွာက္အယွက္ ျဖစ္တယ္ဆိုတဲ့အသံေတြ မၾကာခဏထြက္ေနလို႔ ဒီအဆို တင္တာေပါ့”ဟု ရပ္ေစာက္ၿမိဳ႕နယ္ မဲဆႏၵနယ္ေျမအမွတ္ (၁)မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခိုင္ညီညီေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေဖေဖာ္၀ါရီ (၁၀) ရက္ေန႔တြင္ ေျပာသည္။

ရွမ္းျပည္နယ္အတြင္း သြားလာေနသည့္ ခရီးသြားမ်ားအေနျဖင့္ လမ္းအသံုးခမ်ား သာမက ၿမိဳ႕၀င္ ဘီးခြန္မ်ားလည္း ေပးေဆာင္ေနရၿပီး ၿမိဳ႕တစ္ၿမိဳ႕ႏွင့္တစ္ၿမိဳ႕ ေကာက္ခံသည့္ ႏႈန္းထားမ်ား တူညီမႈ မရိွေၾကာင္း၊ အခ်ိဳ႕ၿမိဳ႕နယ္မ်ားတြင္ ၀ါးလံုးမ်ား၊ သစ္သားတိုင္မ်ားႏွင့္ ေမာင္းတံမ်ားျပဳလုပ္ ေကာက္ခံေနၿပီး ေကာက္ခံသူႏွင့္ ခရီးသြားသူတို႔အၾကား ျပသနာမ်ား မၾကာခဏျဖစ္ပြားတတ္ေၾကာင္း သိရသည္။

“အစိုးရဘက္က ေဆြးေႏြးတဲ့ အေပၚမွာမူတည္ၿပီးေတာ့ သူတို႔က ဒါကိုမွတ္တမ္းတင္ယံုေလာက္နဲ႔ ျပန္လည္ ေဆြးေႏြးတယ္ ဆိုရင္ အဲဒီအခါ က်ရင္ေတာ့ ေျပာစရာအမ်ားႀကီးျဖစ္လာမွာေပါ့။ အဲဒီအခါက်ရင္ ေဆြးေႏြးခ်က္ေတြက ေပၚလာမွာပါ။ အခုခ်ိန္က်ေတာ့ ေျပာရတာခက္ေသးတယ္။ အစိုးရဘက္က ဘာတုန္႔ျပန္မလဲ မေျပာတတ္ေသးဘူးေလ”ဟု ဦးခိုင္ညီညီေက်ာ္က ေျပာသည္။

“ရွမ္းျပည္နယ္ စည္ပင္သာယာေရးဥပေဒအရ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမ်ား ေလလံပစ္ ေကာက္ခံလ်က္ရိွေသာ ၿမိဳ႕၀င္ဘီးခြန္ေၾကးမ်ားသည္  အမ်ားျပည္သူ စိတ္အေႏွာက္အယွက္ ျဖစ္ေပၚလွ်က္ရိွသျဖင့္ ေနာင္လာမည့္ ဘ႑ာေရး ႏွစ္မ်ားတြင္ ေကာက္ခံျခင္း(မျပဳ)ဘဲ ဖ်က္သိမ္းေပးပါရန္ ရွမ္းျပည္နယ္အစိုးရအား တိုက္တြန္းေၾကာင္း”အဆိုကို ရပ္ေစာက္ျမိဳ႕နယ္ မဲဆႏၵနယ္ေျမ အမွတ္(၁) မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခိုင္ညီညီေက်ာ္က လႊတ္ေတာ္တြင္ ေဖေဖာ္၀ါရီလ (၈) ရက္ေန႔က တင္သြင္းခဲ့ၿပီး အဆိုကို ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက ေထာက္ခံေဆြးေႏြးခဲ့ၿပီး ကန္႔ကြက္သူမရွိသည့္ အတြက္ အဆိုကို ေဖေဖာ္၀ါရီ (၁၁)ရက္ေန႔တြင္ က်င္းပမည့္ ရွမ္းျပည္နယ္လႊတ္ေတာ္တြင္ ေဆြးေႏြးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အတွင်း မြို့နယ်စည်ပင်သာယာရေးကော်မတီများမှ လေလံပစ်ကောက်ခံ လျက်ရှိသော မြို့ဝင်ဘီးခွန်ကြေးများအား ကောက်ခံမှုဖျက်သိမ်းလိုက်ပါက အခွန်သိသာစွာ ထိခိုက်မှုမရှိနိုင်ဘဲ အခြားနည်းလမ်းများဖြင့် အခွန်ပြန်လည် ရှာဖွေနိုင်ကြောင်း ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က ပြောကြားလိုက်သည်။

“ဒီဟာလေး ဖျက်သိမ်းလိုက်ရုံလောက်နဲ့ မြို့နယ်စည်ပင်အခွန်က ပြောပလောက်အောင်ထိတော့ ထိခိုက်တာ မရှိဘူးပေါ့။ အခြားခေါင်းစဉ်တွေနဲ့ ရန်ပုံငွေကတော့ ရှာလို့ရတာပဲလေ။ အများပြည်သူ ခရီးသွားလာရတာ စိတ်အနှောက်အယှက် ဖြစ်တယ်ဆိုတဲ့အသံတွေ မကြာခဏထွက်နေလို့ ဒီအဆို တင်တာပေါ့”ဟု ရပ်စောက်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီ (၁၀) ရက်နေ့တွင် ပြောသည်။

ရှမ်းပြည်နယ်အတွင်း သွားလာနေသည့် ခရီးသွားများအနဖြေင့် လမ်းအသုံးခများ သာမက မြို့ဝင် ဘီးခွန်များလည်း ပေးဆောင်နေရပြီး မြို့တစ်မြို့နှင့်တစ်မြို့ ကောက်ခံသည့် နှုန်းထားများ တူညီမှု မရှိကြောင်း၊ အချို့မြို့နယ်များတွင် ဝါးလုံးများ၊ သစ်သားတိုင်များနှင့် မောင်းတံများပြုလုပ် ကောက်ခံနပြေီး ကောက်ခံသူနှင့် ခရီးသွားသူတို့အကြား ပြသနာများ မကြာခဏဖြစ်ပွားတတ်ကြောင်း သိရသည်။

“အစိုးရဘက်က ဆွေးနွေးတဲ့ အပေါ်မှာမူတည်ပြီးတော့ သူတို့က ဒါကိုမှတ်တမ်းတင်ယုံလောက်နဲ့ ပြန်လည် ဆွေးနွေးတယ် ဆိုရင် အဲဒီအခါ ကျရင်တော့ ပြောစရာအများကြီးဖြစ်လာမှာပေါ့။ အဲဒီအခါကျရင် ဆွေးနွေးချက်တွေက ပေါ်လာမှာပါ။ အခုချိန်ကျတော့ ပြောရတာခက်သေးတယ်။ အစိုးရဘက်က ဘာတုန့်ပြန်မလဲ မပြောတတ်သေးဘူးလေ”ဟု ဦးခိုင်ညီညီကျော်က ပြောသည်။

“ရှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေအရ မြို့နယ်စည်ပင်သာယာရေးကော်မတီများ လေလံပစ် ကောက်ခံလျက်ရှိသော မြို့ဝင်ဘီးခွန်ကြေးများသည် အများပြည်သူ စိတ်အနှောက်အယှက် ဖြစ်ပေါ်လျှက်ရှိသဖြင့် နောင်လာမည့် ဘဏ္ဍာရေး နှစ်များတွင် ကောက်ခံခြင်း(မပြု)ဘဲ ဖျက်သိမ်းပေးပါရန် ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း”အဆိုကို ရပ်စောက်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က လွှတ်တော်တွင် ဖေဖော်ဝါရီလ (၈) ရက်နေ့က တင်သွင်းခဲ့ပြီး အဆိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိသည့် အတွက် အဆိုကို ဖေဖော်ဝါရီ (၁၁)ရက်နေ့တွင် ကျင်းပမည့် ရှမ်းပြည်နယ်လွှတ်တော်တွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~