ကွတ်ခိုင်မြို့နယ် မန်ပူးရွာကြံစိုက်ခင်းတွင် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိ

ကွတ်ခိုင်မြို့နယ် မန်ပူးရွာကြံစိုက်ခင်းတွင် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိ
ဖေဖော်ဝါရီ 9, 2019
By Tachileik News Agency




Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် မန်ပူးကျေးရွာ ကြံစိုက်ခင်းတွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့က အမျိုးသားတစ်ဦး အလုပ် လုပ်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားသဖြင့် ဒဏ်ရာအပြင်းအထန် ရသွားကြောင်း သိရသည်။

မန်ပူးကျေးရွာရှိ ကြံစိုက်ခင်းတွင် နံနက် (၁၁)နာရီခွဲဝန်းကျင်တွင် ကိုအိုက်စိုင်းက ကြံခုတ်နေရာမှ ဓားဖြင့် ပေါက်ကွဲစေတတ်သောအရာကို ခုတ်မိပြီး မျက်နှာ၊ လက်တို့တွင် ဒဏ်ရာများရသွားကြောင်း သိရသည်။

ဒဏ်ရာရလူနာအား မေတ္တာရှင်လူမှုကူညီရေးအသင်းက ဆေးရုံသို့ပို့ဆောင်ပေးရာ ညနေ (၅)နာရီခွဲ ဝန်းကျင်တွင် နမ့်ဖက်ကာတိုက်နယ်ဆေးရုံသို့ ရောက်ရှိကုသနိုင်ခဲ့ပြီး ညနေ (၆)နာရီအချိန်တွင် နမ့်ဖက်ကာမှတစ်ဆင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနေရကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - မေတ္တာရှင်လူမှုကူညီရေးအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~