တာခ်ီလိတ္ၿမိဳ႕တြင္ အိုင္ဖုန္းအတုမ်ား လိုက္လံေရာင္းခ်ေနသည့္ တရုတ္ႏိုင္ငံသားအား ပုန္းထြန္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးအဖြဲ႕မွ ရဲစခန္းသို႔ ဖမ္းဆီးၿပီး အပ္ႏွံ

တာခ်ီလိတ္ၿမိဳ႕တြင္ အိုင္ဖုန္းအတုမ်ား လိုက္လံေရာင္းခ်ေနသည့္ တရုတ္ႏိုင္ငံသားအား ပုန္းထြန္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးအဖြဲ႕မွ ရဲစခန္းသို႔ ဖမ္းဆီးၿပီး အပ္ႏွံ
ဖေဖော်ဝါရီ 6, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္အတြင္း၌ တရုတ္ႏိုင္ငံသားတစ္ဦးမွ အိုင္ဖုန္း အတုမ်ား လိုက္လံေရာင္းခ်ေနသည္ကို သိရသျဖင့္ ပုန္းထြန္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးရံုးအဖြဲ႕မွ ေခၚယူၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလ (၆)ရက္ေန႔ နံနက္က သြားေရာက္ အပ္ႏွံလိုက္ေၾကာင္း သိရသည္။

အဆိုပါ တရုတ္ႏိုင္ငံသားမွာ အိုင္ဖုန္းအတု(တရုတ္အိုင္ဖုန္း)မ်ားကို တာခ်ီလိတ္ၿမိဳ႕အတြင္း လိုက္လံ ေရာင္းခ်ေနသျဖင့္ လူ၀င္မႈႀကီး ၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာနမွ တာ၀န္ရိွသူမ်ားႏွင့္ ပူးေပါင္း စစ္ေဆးခဲ့ၿပီး ဌာေနျပန္ရန္ ျပန္လႊတ္ေပးခဲ့ေၾကာင္း၊ တရုတ္ႏိုင္ငံထုတ္ အိုင္ဖုန္း(အိုင္ဖုန္းအတု)မ်ား လိုက္လံေရာင္းခ်ေနျခင္း ျဖစ္သျဖင့္ လိမ္လည္မႈမေျမာက္သကဲ့သို႔ ယင္းသို႔ ေရာင္းခ်မႈမ်ားအ ေပၚ၀ယ္ ယူသူမ်ားဘက္မွလည္း တိုင္တန္းမႈ တစ္စံုတစ္ရာ မရိွေၾကာင္း တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွ သိရသည္။

ယခုလို ဖုန္းမ်ားလိုက္လံေရာင္းခ်သူမွာ တရား၀င္ဗီဇာ အေထာက္အထားမ်ားျဖင့္ ၀င္ေရာက္ လာသူျဖစ္ေၾကာင္း လ၀က ထံက သိရသည္။

“သူက ဗီဇာအေထာက္အထားေတြ အကုန္ပါတယ္။ ရက္ေက်ာ္တာလဲ မရိွပါဘူး။ တရား၀င္ အေထာက္အထားနဲ႔ လာေတာ့ အေရးယူလို႔ မရဘူးေလ။ ကၽြန္ေတာ္တို႔ ျပန္ခိုင္းလိုက္တာေပါ့ဗ်ာ။ သူက ဒီတာခ်ီလိတ္မွာ ဖုန္းေတြဘာေတြ လာေရာင္းတာေပါ့ဗ်ာ။ ဖုန္းက အတုေတြ ဘာေတြျဖစ္ေနမွာစိုးလို႔ ရႈပ္ေထြးမႈေတြ ျဖစ္မွာစိုးလို႔ ျပန္လႊတ္လိုက္တာေပါ့”ဟု လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔ အင္အား၀န္ႀကီးဌာနမွ တာ၀န္ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သက္ဆိုင္ရာမွ ၎တို႔အား ဖမ္းဆီးရမိ၍ ျပန္လႊတ္ေပးမည္ဆိုပါက နယ္စပ္တံတားေပၚမွ တဆင့္ စနစ္တက်  ခံ၀န္ဂတိမ်ားျဖင့္ သတိေပးၿပီးမွသာ လႊတ္ေစခ်င္ေၾကာင္း ေဒသခံတစ္ဦးက ဆိုသည္။

"ကြ်န္ေတာ္တို႔ ၿမိဳ႕တြင္းမွာ အခုလို ခဏခဏ လိုက္လိမ္ေရာင္းခ်ေနတာ ေတာ္ေတာ္ၾကားေနရတယ္။ ကြ်န္ေတာ့္အသိဆိုရင္ အိုင္ဖုန္းအစစ္ထင္ၿပီး ဘတ္(၁၅,၀၀၀)နဲ႔ ၀ယ္မိေသးတယ္။ သက္ဆိုင္ရာကလည္း ဖမ္းမိလို႔ သူ႔ကို ျပန္ခိုင္းတယ္ဆိုရင္လည္း နယ္စပ္ထြက္ေပါက္ကို အေရာက္ပို႔ေပးၿပီး ခံ၀န္ဂတိေတြ လက္မွတ္ထားၿပီးမွ ျပန္လႊတ္ေစခ်င္တယ္၊ ေနာက္တစ္ခု မလာေတာ့ေအာင္ မလိမ္ေတာ့ေအာင္ေပါ့၊ အခုေတာ့ ဖမ္းတဲ့သူက ဖမ္းေပးၿပီး ျပန္လႊတ္ေပးလိုက္ရင္ မသိနားမလည္သူေတြက လိမ္ခံေနရမွာပါ"ဟု မကာဟိုခမ္းရပ္ကြက္ေန ကိုသန္႔ဇင္က ေျပာသည္။

အဆိုပါ တရုတ္ႏိုင္ငံသားအဖြဲ႔သည္ တာခ်ီလိတ္ႏွင့္ က်ဳိင္းတံုၿမိဳ႕တို႔တြင္ တရုတ္ႏိုင္ငံထုတ္အိုင္ဖုန္း(အိုင္ဖုန္းအတု)မ်ားကို အိုင္ဖုန္းအစစ္ဟု လိမ္လည္ေရာင္းခ်မႈမ်ားႏွင့္ ပတ္သက္၍ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလအတြင္းက သိသိသာသာ သတင္းမ်ားထြက္ေပၚခဲ့ၿပီး တာခ်ီလိတ္၌ လိမ္လည္ခံရသူမ်ားမွာ ထိုင္းဘတ္ေငြ (၁၀,၀၀၀)မွ ဘတ္(၂၀,၀၀၀)အထိ လည္လိမ္ခံရသည္အထိ ရွိခဲ့ေၾကာင္း သိရသည္။

 Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း၌ တရုတ်နိုင်ငံသားတစ်ဦးမှ အိုင်ဖုန်း အတုများ လိုက်လံရောင်းချနေသည်ကို သိရသဖြင့် ပုန်းထွန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့မှ ခေါ်ယူပြီး တာချီလိတ်မြို့မရဲစခန်းသို့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့ နံနက်က သွားရောက် အပ်နှံလိုက်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားမှာ အိုင်ဖုန်းအတု(တရုတ်အိုင်ဖုန်း)များကို တာချီလိတ်မြို့အတွင်း လိုက်လံ ရောင်းချနေသဖြင့် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း စစ်ဆေးခဲ့ပြီး ဌာနပြေန်ရန် ပြန်လွှတ်ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံထုတ် အိုင်ဖုန်း(အိုင်ဖုန်းအတု)များ လိုက်လံရောင်းချနခြေင်း ဖြစ်သဖြင့် လိမ်လည်မှုမမြောက်သကဲ့သို့ ယင်းသို့ ရောင်းချမှုများအ ပေါ်ဝယ် ယူသူများဘက်မှလည်း တိုင်တန်းမှု တစ်စုံတစ်ရာ မရှိကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ သိရသည်။

ယခုလို ဖုန်းများလိုက်လံရောင်းချသူမှာ တရားဝင်ဗီဇာ အထောက်အထားများဖြင့် ဝင်ရောက် လာသူဖြစ်ကြောင်း လဝက ထံက သိရသည်။

“သူက ဗီဇာအထောက်အထားတွေ အကုန်ပါတယ်။ ရက်ကျော်တာလဲ မရှိပါဘူး။ တရားဝင် အထောက်အထားနဲ့ လာတော့ အရေးယူလို့ မရဘူးလေ။ ကျွန်တော်တို့ ပြန်ခိုင်းလိုက်တာပေါ့ဗျာ။ သူက ဒီတာချီလိတ်မှာ ဖုန်းတွေဘာတွေ လာရောင်းတာပေါ့ဗျာ။ ဖုန်းက အတုတွေ ဘာတွဖြေစ်နေမှာစိုးလို့ ရှုပ်ထွေးမှုတွေ ဖြစ်မှာစိုးလို့ ပြန်လွှတ်လိုက်တာပေါ့”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သက်ဆိုင်ရာမှ၎င်းတို့အား ဖမ်းဆီးရမိ၍ ပြန်လွှတ်ပေးမည်ဆိုပါက နယ်စပ်တံတားပေါ်မှ တဆင့် စနစ်တကျ ခံဝန်ဂတိများဖြင့် သတိပေးပြီးမှသာ လွှတ်စေချင်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

"ကျွန်တော်တို့ မြို့တွင်းမှာ အခုလို ခဏခဏ လိုက်လိမ်ရောင်းချနေတာ တော်တော်ကြားနေရတယ်။ ကျွန်တော့်အသိဆိုရင် အိုင်ဖုန်းအစစ်ထင်ပြီး ဘတ်(၁၅,ဝဝဝ)နဲ့ ဝယ်မိသေးတယ်။ သက်ဆိုင်ရာကလည်း ဖမ်းမိလို့ သူ့ကို ပြန်ခိုင်းတယ်ဆိုရင်လည်း နယ်စပ်ထွက်ပေါက်ကို အရောက်ပို့ပေးပြီး ခံဝန်ဂတိတွေ လက်မှတ်ထားပြီးမှ ပြန်လွှတ်စေချင်တယ်၊ နောက်တစ်ခု မလာတော့အောင် မလိမ်တော့အောင်ပေါ့၊ အခုတော့ ဖမ်းတဲ့သူက ဖမ်းပေးပြီး ပြန်လွှတ်ပေးလိုက်ရင် မသိနားမလည်သူတွေက လိမ်ခံနေရမှာပါ"ဟု မကာဟိုခမ်းရပ်ကွက်နေ ကိုသန့်ဇင်က ပြောသည်။

အဆိုပါ တရုတ်နိုင်ငံသားအဖွဲ့သည် တာချီလိတ်နှင့် ကျိုင်းတုံမြို့တို့တွင် တရုတ်နိုင်ငံထုတ်အိုင်ဖုန်း(အိုင်ဖုန်းအတု)များကို အိုင်ဖုန်းအစစ်ဟု လိမ်လည်ရောင်းချမှုများနှင့် ပတ်သက်၍ ၂၀၁၉ခုနှစ် ဇန်နဝါရီလအတွင်းက သိသိသာသာ သတင်းများထွက်ပေါ်ခဲ့ပြီး တာချီလိတ်၌ လိမ်လည်ခံရသူများမှာ ထိုင်းဘတ်ငွေ (၁၀,ဝဝဝ)မှ ဘတ်(၂၀,ဝဝဝ)အထိ လည်လိမ်ခံရသည်အထိ ရှိခဲ့ကြောင်း သိရသည်။

 Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~