ပအိုး၀္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဟိုပုံးၿမိဳ႕နယ္ရွိ ေက်းရြာအုပ္စု(၅)စုတြင္ ဘိန္းစိုက္ရာသီအတြင္း (၁၅၄၄)ဧက ရွာေဖြဖ်က္စီးခဲ့

ပအိုး၀္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဟိုပုံးၿမိဳ႕နယ္ရွိ ေက်းရြာအုပ္စု(၅)စုတြင္ ဘိန္းစိုက္ရာသီအတြင္း (၁၅၄၄)ဧက ရွာေဖြဖ်က္စီးခဲ့
ဖေဖော်ဝါရီ 3, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပအို၀္းကိုယ္ပိုင္အုုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဟိုပုံးၿမိဳ႕နယ္ရွိ ေက်းရြာအုပ္စု(၅)စုတြင္၂၀၁၈-၁၉ ခုႏွစ္၏ ဘိန္းစိုက္ရာသီ ကာလအတြင္း ဘိန္းခင္း (၁,၅၄၄)ဧက ရွာေဖြ ဖ်က္စီးႏိုင္ခဲ့ေၾကာင္း ဟိုပုန္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးရံုးမွ သိရသည္။

“ေတာေတြမွာေပါ့ ေခ်ာင္ႀကိဳေခ်ာင္ၾကား ဟိုဘက္ လြိဳင္လင္နဲ႔ အစပ္ေပါ့။ ေတာင္ႀကိဳ ေတာင္ၾကားေတြထဲ စိုက္တာေပါ့။ ကၽြန္ေတာ္တို႔ လိုက္ရွာဖ်က္စီးခဲ့တာေပါ့။  ဟိုတစ္ေန႔က ၃၁ ရက္ (ဇန္န၀ါရီလ) ၿပီးသြားတာေပါ့။ အဲဒီလို လိုက္ရွာဖ်က္လိုက္တာေပါ့”ဟု ဟိုပုံးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေဖေဖာ္၀ါရီလ (၃)ရက္ေန႔တြင္ ေျပာသည္။

ဟိုပုံးၿမိဳ႕နယ္အတြင္းရွိ ေက်းရြာအုပ္စု(၂၂)အုပ္စုတြင္ အဓိက အားျဖင့္ ေက်းရြာအုပ္စု(၅)စုတြင္ ဘိန္းစိုက္ပ်ဳိးမႈကို အမ်ားဆံုးေတြ႔ရွိရေၾကာင္း သိရသည္။

“ဟိုပုံးၿမိဳ႕နယ္မွာ ဘိန္းစိုက္တဲ့ ရြာေတြရိွတယ္။ ေနာင္လိုင္မူဖိတ္ ေက်းရြာအုပ္စု၊ ေနာက္ၿပီးေတာ့ စံဖူးေက်းရြာအုပ္စု၊ ေနာက္ၿပီးေတာ့ စေငါေက်းရြာအုပ္စု၊ ဖက္ရမ္းေက်းရြာအုပ္စု၊ ေနာက္ၿပီးေတာ့ ဟိုဘက္ကဆိုရင္ လံုေဟးေက်းရြာအုပ္စု။ အဲဒီ (၅)အုပ္စုပဲစိုက္တာ က်န္တဲ့ရြာေတြက မစိုက္ဘူး။ ေက်းရြာအုပ္စု (၂၂)အုပ္စု ရိွတာေပါ့”ဟု ရဲမွဴးမင္းေအာင္က ေျပာသည္။

ဟိုပံုးၿမိဳ႕နယ္တြင္ ရပ္ကြက္အေနျဖင့္ (၆)ရက္ကြက္ရွိၿပီး၊ ေက်းရြာအုပ္စုအေနျဖင့္ (၂၂)အုပ္စုရွိရာတြင္ ေက်းရြာေပါင္း (၂၉၂)ရြာရွိေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာန၏ ၂၀၁၅ စာရင္းအရ သိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ရဲတပ္ဖြဲ႔



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ ကျေးရွာအုပ်စု(၅)စုတွင်၂၀၁၈-၁၉ ခုနှစ်၏ ဘိန်းစိုက်ရာသီ ကာလအတွင်း ဘိန်းခင်း (၁,၅၄၄)ဧက ရှာဖွေ ဖျက်စီးနိုင်ခဲ့ကြောင်း ဟိုပုန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“တောတွေမှာပေါ့ ချောင်ကြိုချောင်ကြား ဟိုဘက် လွိုင်လင်နဲ့ အစပ်ပေါ့။ တောင်ကြို တောင်ကြားတွေထဲ စိုက်တာပေါ့။ ကျွန်တော်တို့ လိုက်ရှာဖျက်စီးခဲ့တာပေါ့။ ဟိုတစ်နေ့က ၃၁ ရက် (ဇန်နဝါရီလ) ပြီးသွားတာပေါ့။ အဲဒီလို လိုက်ရှာဖျက်လိုက်တာပေါ့”ဟု ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ပြောသည်။

ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂၂)အုပ်စုတွင် အဓိက အားဖြင့် ကျေးရွာအုပ်စု(၅)စုတွင် ဘိန်းစိုက်ပျိုးမှုကို အများဆုံးတွေ့ရှိရကြောင်း သိရသည်။

“ဟိုပုံးမြို့နယ်မှာ ဘိန်းစိုက်တဲ့ ရွာတွေရှိတယ်။ နောင်လိုင်မူဖိတ် ကျေးရွာအုပ်စု၊ နောက်ပြီးတော့ စံဖူးကျေးရွာအုပ်စု၊ နောက်ပြီးတော့ စငေါကျေးရွာအုပ်စု၊ ဖက်ရမ်းကျေးရွာအုပ်စု၊ နောက်ပြီးတော့ ဟိုဘက်ကဆိုရင် လုံဟေးကျေးရွာအုပ်စု။ အဲဒီ (၅)အုပ်စုပဲစိုက်တာ ကျန်တဲ့ရွာတွေက မစိုက်ဘူး။ ကျေးရွာအုပ်စု (၂၂)အုပ်စု ရှိတာပေါ့”ဟု ရဲမှူးမင်းအောင်က ပြောသည်။

ဟိုပုံးမြို့နယ်တွင် ရပ်ကွက်အနဖြေင့် (၆)ရက်ကွက်ရှိပြီး၊ ကျေးရွာအုပ်စုအနဖြေင့် (၂၂)အုပ်စုရှိရာတွင် ကျေးရွာပေါင်း (၂၉၂)ရွာရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၅ စာရင်းအရ သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~