ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဆန္ဒပြကန့်ကွက်သူများ နှင့် ကယားပြည်နယ်အစိုးရတို့ ဆွေးနွေးသဘောတူညီမှုရရှိသွား၍ ဆန္ဒပြနေမှုများ ရုတ်သိမ်း

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဆန္ဒပြကန့်ကွက်သူများ နှင့် ကယားပြည်နယ်အစိုးရတို့ ဆွေးနွေးသဘောတူညီမှုရရှိသွား၍ ဆန္ဒပြနေမှုများ ရုတ်သိမ်း
ဖေဖော်ဝါရီ 12, 2019
By Tachileik News Agency


လွိုင်ကော်မြို့ ကန္ဓာဟေဝန်ပန်းခြံတွင် ထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား ဖယ်ရှာပေးရန် ပြည်ထောင်စုနေ့ဖြစ်သည့် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ မနက်ပိုင်းမှစ၍ လူပေါင်းထောင်ချီဖြင့် ကန့်ကွက်ဆန္ဒပြနေသည့် ကရင်နီလူငယ်များမှ ကယားပြည်နယ်အစိုးရအနေဖြင့် တွေ့ဆုံညှိနှိုင်းရန် တောင်းဆိုခဲ့ပြီး လွိုင်ကော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သော အဖွဲ့နှင့် လူငယ်များ အကြိမ်ကြိမ် ဆွေးနွေးကာ ဆန္ဒပြကရင်နီလူငယ်ခေါင်းဆောင် (၃)ဦး  နှင့် ကယားပြည်နယ်အစိုးရ အဖွဲ့တို့ ညနေ (၃) နာရီ မှ ညနေ (၈)နာရီထိ တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီချက် (၂) ချက် ရရှိခဲ့ခြင်း ဖြစ်သည်။

နှစ်ဖက်ဆွေးနွေးရာတွင် လက်ရှိ ဆန္ဒပြလူငယ်များအားလုံးကို တရားစွဲဆိုထားသည့် အမှုများအားလုံး ရုပ်သိမ်းပေးရန် နှင့် ရှေ့ဆက်ဆန္ဒပြမှုများအား ရပ်ဆိုင်းထားရန်၊ ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီ နှင့် ကန့်ကွက်သောကော်မတီတို့ မှ မျှတသော လူဦးရေဖြင့် တစ်လအတွင်း သီးခြားညှိနှိုင်းကာ သဘောတူညီ ချက်များ ကို အစိုးရမှ အကောင်အထည်ဖော်ပေးရန်နှင့် ကော်မတီ နှစ်ရပ်မှ ရရှိသည့် သဘော တူညီချက်များတွင် ဗိုလ်ချုပ် မိန့်ခွန်း၊ ကတိကဝတ်၊ ပင်လုံစာချုပ်များမှာ အထောက်အထား ပြည့်စုံ မှန်ကန်ပါက အစိုးရမှ ကမ္ပည်းကျောက်စာရေးထိုး အကောင်အထည်ဖော်ပေးရန် ၊ ကော်မတီနှစ်ရပ် ညှိနှိုင်း နေစဉ်(၁)လအတွင်း ပြည်နယ်ခန်းမမှ အပ ကန္ဓာဟေဝန်ပန်းခြံတွင် ထောက်ခံပွဲနှင့် ကန့်ကွက်ပွဲများ ကျင်းပခွင့် မပြုရန် ၊ ကော်မတီနှစ်ရပ်မှ ရရှိမည့် သဘောတူညီချက်များကို အစိုးရမှ တစ်လအတွင်း အကောင်အထည်ဖော်ပေးရန် ပျက်ကွက်ပါက ဗိုလ်ချုပ်ကြေးရုပ်အား သက်ဆိုင်ရာပရဟိတရုံး သို့မဟုတ် သက်ဆိုင်ရာ ရုံးနေရာသို့ အစိုးရမှ တာဝန်ယူကာ ရွေ့ပြောင်းပေးရန် စသည့် အချက်များအား သဘောတူကြောင်း ဦးဆောင်သပိတ်ကော်မတီ ခူရီးရယ် နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဖျက်သိမ်းပေးရန်၊ ၀န်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီး နုတ်ထွက်ပေးရန် ကရင်နီပြည် လူငယ်အင်အားစုသပိတ်ကော်မတီမှ ဦးဆောင်၍ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ မနက်ပိုင်းမှစ၍ လိွုင်ကော်မြို့ ကန္ဓာဟေဝန် ပန်းခြံသို့ ချိကယ်စစ်ကြောင်း၊ နာရီစင်စစ်ကြောင်း၊ မြို့တော်ခန်းမဘေး စစ်ကြောင်းနှင့် လွိုင်ကော် အ.လ.ကကျောင်းဘေး စစ်ကြောင်းစသည့် စစ်ကြောင်း လေးကြောင်းဖြင့် ချီတက်ခဲ့ပြီး ရဲတပ်ဖွဲ့မှ ပိတ်ဆို့တားဆီးခဲ့ပြီး ရာဘာကျည် ၊တုတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ရာ ဒဏ်ရာရရှိသူ (၂၀) ဦး ရှိခဲ့ပြီး ည(၈)နာရီကျော် ဆွေးနွေးမှုအပြီးတွင် ဆန္ဒပြမှု့များအားရုပ်သိမ်းခဲ့သည်။


သတင်း - ဆန်းဖြိုးထွန်း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ကန့်ကွက်ဆန္ဒပြနေသည့် ကရင်နီလူငယ်ခေါင်းဆောင်များ နှင့် ပြည်နယ်အစိုးရတို့ ဗိုလ်ချုပ်ကြေးရုပ် ကိစ္စနှင့် ပက်သက်၍ တွေ့ဆုံဆွေးနွေးရာတွင် သဘောတူညီချက် (၂)ချက်ရရှိခဲ့ပြီး ဆွေးနွေးမှုအပြီး ဆန္ဒပြမှုအား ရုတ်သိမ်းသွားပြီဖြစ်ကြောင်း သိရသည်။

လွိုင်ကော်မြို့ ကန္ဓာဟေဝန်ပန်းခြံတွင် ထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား ဖယ်ရှာပေးရန် ပြည်ထောင်စုနေ့ဖြစ်သည့် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ မနက်ပိုင်းမှစ၍ လူပေါင်းထောင်ချီဖြင့် ကန့်ကွက်ဆန္ဒပြနေသည့် ကရင်နီလူငယ်များမှ ကယားပြည်နယ်အစိုးရအနဖြေင့် တွေ့ဆုံညှိနှိုင်းရန် တောင်းဆိုခဲ့ပြီး လွိုင်ကော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သော အဖွဲ့နှင့် လူငယ်များ အကြိမ်ကြိမ် ဆွေးနွေးကာ ဆန္ဒပြကရင်နီလူငယ်ခေါင်းဆောင် (၃)ဦး နှင့် ကယားပြည်နယ်အစိုးရ အဖွဲ့တို့ ညနေ (၃) နာရီ မှ ညနေ (၈)နာရီထိ တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီချက် (၂) ချက် ရရှိခဲ့ခြင်း ဖြစ်သည်။

နှစ်ဖက်ဆွေးနွေးရာတွင် လက်ရှိ ဆန္ဒပြလူငယ်များအားလုံးကို တရားစွဲဆိုထားသည့် အမှုများအားလုံး ရုပ်သိမ်းပေးရန် နှင့် ရှေ့ဆက်ဆန္ဒပြမှုများအား ရပ်ဆိုင်းထားရန်၊ ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီ နှင့် ကန့်ကွက်သောကော်မတီတို့ မှ မျှတသော လူဦးရဖြေင့် တစ်လအတွင်း သီးခြားညှိနှိုင်းကာ သဘောတူညီ ချက်များ ကို အစိုးရမှ အကောင်အထည်ဖော်ပေးရန်နှင့် ကော်မတီ နှစ်ရပ်မှ ရရှိသည့် သဘော တူညီချက်များတွင် ဗိုလ်ချုပ် မိန့်ခွန်း၊ ကတိကဝတ်၊ ပင်လုံစာချုပ်များမှာ အထောက်အထား ပြည့်စုံ မှန်ကန်ပါက အစိုးရမှ ကမ္ပည်းကျောက်စာရေးထိုး အကောင်အထည်ဖော်ပေးရန်၊ ကော်မတီနှစ်ရပ် ညှိနှိုင်း နေစဉ်(၁)လအတွင်း ပြည်နယ်ခန်းမမှ အပ ကန္ဓာဟေဝန်ပန်းခြံတွင် ထောက်ခံပွဲနှင့် ကန့်ကွက်ပွဲများ ကျင်းပခွင့် မပြုရန်၊ ကော်မတီနှစ်ရပ်မှ ရရှိမည့် သဘောတူညီချက်များကို အစိုးရမှ တစ်လအတွင်း အကောင်အထည်ဖော်ပေးရန် ပျက်ကွက်ပါက ဗိုလ်ချုပ်ကြေးရုပ်အား သက်ဆိုင်ရာပရဟိတရုံး သို့မဟုတ် သက်ဆိုင်ရာ ရုံးနေရာသို့ အစိုးရမှ တာဝန်ယူကာ ရွေ့ပြောင်းပေးရန် စသည့် အချက်များအား သဘောတူကြောင်း ဦးဆောင်သပိတ်ကော်မတီ ခူရီးရယ် နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဖျက်သိမ်းပေးရန်၊ ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီး နုတ်ထွက်ပေးရန် ကရင်နီပြည် လူငယ်အင်အားစုသပိတ်ကော်မတီမှ ဦးဆောင်၍ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ မနက်ပိုင်းမှစ၍ လွို်င်ကော်မြို့ ကန္ဓာဟေဝန် ပန်းခြံသို့ ချိကယ်စစ်ကြောင်း၊ နာရီစင်စစ်ကြောင်း၊ မြို့တော်ခန်းမဘေး စစ်ကြောင်းနှင့် လွိုင်ကော် အ.လ.ကကျောင်းဘေး စစ်ကြောင်းစသည့် စစ်ကြောင်း လေးကြောင်းဖြင့် ချီတက်ခဲ့ပြီး ရဲတပ်ဖွဲ့မှ ပိတ်ဆို့တားဆီးခဲ့ပြီး ရာဘာကျည်၊တုတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ရာ ဒဏ်ရာရရှိသူ (၂၀) ဦး ရှိခဲ့ပြီး ည(၈)နာရီကျော် ဆွေးနွေးမှုအပြီးတွင် ဆန္ဒပြမှု့များအားရုပ်သိမ်းခဲ့သည်။

လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်နှင့် ပတ်သက်၍၂၀၁၈ ခုနှစ်မှစ၍ ယခုချိန်ထိ ကန့်ကွက် ဆန္ဒဖော်ထုတ်မှုများကြောင့် တရားစွဲဆို ခံထားရသူ (၅၀) ဦးအထက် ရှိနေကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~