ဝန်ထမ်းမမြဲသည့် ဝေးလံဒေသများတွင် ဒေသခံဝန်ထမ်းများကို ဦးစားပေးခန့်ထားသွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ဝန်ထမ်းမမြဲသည့် ဝေးလံဒေသများတွင် ဒေသခံဝန်ထမ်းများကို ဦးစားပေးခန့်ထားသွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ဖေဖော်ဝါရီ 7, 2019
By Tachileik News Agency
ဝေးလံဒေသများတွင် ဝန်ထမ်းများခန့်ထားရာ၌ ဝန်ထမ်းမမြဲသည့်အတွက် ဒေသမှ ရပ်မိရပ်ဖများဖြင့် တိုင်ပင်ခန့်ထားရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ မိုင်းဆတ်မြို့ဒေသခံတစ်ဦးက တင်ပြရာ ဒေသခံဝန်ထမ်းများကို ဦးစားပေးခန့်ထားသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြေကြားခဲ့သည်။
ဝေးလံဒေသများတွင် ဝန်ထမ်းများခန့်ထားရာတွင် အများဆုံး (၂)နှစ်အထိသာ တာဝန်ထမ်းဆောင်ပြီး ပြန်လည်ပြောင်းရွှေ့ကြရသဖြင့် ဒေသတွင် ဝန်ထမ်းမမြဲသဖြင့် အဆင်မပြေဖြစ်နေကြခြင်းဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဝေးလံဒေသများတွင် ဝန်ထမ်းများခန့်ထားရာ၌ ဝန်ထမ်းမမြဲသည့်အတွက် ဒေသမှ ရပ်မိရပ်ဖများဖြင့် တိုင်ပင်ခန့်ထားရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ မိုင်းဆတ်မြို့ဒေသခံတစ်ဦးက တင်ပြရာ ဒေသခံဝန်ထမ်းများကို ဦးစားပေးခန့်ထားသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြကြေားခဲ့သည်။
“ဝန်ထမ်းခန့်တဲ့နေရာမှာ ရပ်မိရပ်ဖတွေပါဝင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါဘယ်နိုင်ငံရဲ့ အစိုးရမှ မလုပ်ပါဘူး။ ဒါပေမဲ့လည်း ခုနပြောသွားတာတွေ မှန်ပါတယ်။ ဒီနေရာမှာ မနေနိုင်လို့ ကိုယ့်ရပ်ရွာမဟုတ်လို့ မနေနိုင်လို့ ဆိုပြီးမှ ရွှေ့ပြောင်းသွားပါတယ်။ ကျွန်မတို့က ဖြစ်နိုင်လို့ရှိရင် ဒေသခံတွေ ဦးစားပေးပြီးခန့်ပါမယ်။ ရပ်မိ ရပ်ဖတွေ ပါဝင်ပြီးတော့ ရွေးတယ်ဆိုတာ ဘယ်ဝန်ထမ်း အဖွဲ့အစည်းတွေမှာမှ မဖြစ်နိုင်ပါဘူး။ ဒေသခံတွေ ခန့်ထားနိုင်ဖို့အတွက် ကျွန်မတို့ ကြိုးစားနေပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြကြေားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိုင်းဆတ်မြို့လူထုနှင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် တွေ့ဆုံရာ ဒေသတွင်း ဝန်ထမ်းမမြဲသည့်အတွက် ဒေသခံများအား ခန့်ထားရန်နှင့် ဒေသမှ ရပ်မိရပ်ဖများဖြင့် တိုင်ပင်ခန့်ထားရန် ဒေသခံများက တင်ပြခဲ့ခြင်းဖြစ်သည်။
ဝေးလံဒေသများတွင် ဝန်ထမ်းများခန့်ထားရာတွင် အများဆုံး (၂)နှစ်အထိသာ တာဝန်ထမ်းဆောင်ပြီး ပြန်လည်ပြောင်းရွှေ့ကြရသဖြင့် ဒေသတွင် ဝန်ထမ်းမမြဲသဖြင့် အဆင်မပြဖြေစ်နကြခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက် - Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~