မဲခေါင်မြစ်အထက်ပိုင်း ရေလမ်းကြောင်းတွင် တန် (၅၀၀) ရေယာဉ်များ သွားလာနိုင်ရန် တရုတ်နိုင်ငံ ပံ့ပိုးငွေဖြင့် ဆောင်ရွက်နေ

မဲခေါင်မြစ်အထက်ပိုင်း ရေလမ်းကြောင်းတွင် တန် (၅၀၀) ရေယာဉ်များ သွားလာနိုင်ရန် တရုတ်နိုင်ငံ ပံ့ပိုးငွေဖြင့် ဆောင်ရွက်နေ
ဖေဖော်ဝါရီ 25, 2019
By Tachileik News Agency
မြန်မာ၊ လာအို၊ တရုတ်၊ ထိုင်း လေးနိုင်ငံကြား မဲခေါင်မြစ် ကုန်သွယ်ရေကြောင်းဖွင့်လှစ်အပြီး (၁၉)နှစ်အကြာတွင် တန် (၅၀၀)ရေယာဉ်များသွားလာနိုင်ရေးအတွက် တရုတ်နိုင်ငံမှ ပံ့ပိုးသည့်ရန်ပုံငွေဖြင့် လုပ်ဆောင်နေဆဲဖြစ်ပြီး လက်ရှိတွင် တန် (၃၀၀)ရေယာဉ်များသာ သွားလာနိုင်သေးကြောင်း သိရသည်။

လေးနိုင်ငံပူးတွဲ ပိုင်ဆိုင်သည့် မဲခေါင်မြစ်အတွင်း ရေလမ်းကြောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ပထမအသုတ် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံမှ စီမံကိန်း အဆိုပြုလွှာ (၂၈) ခုကို တရုတ်နိုင်ငံဘက်သို့ ပေးပို့ခဲ့ရာ စီမံကိန်း (၁၀)ခုကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွေးချယ်ထားသည့် စီမံကိန်းများအတွက် တရုတ်နိုင်ငံမှ ရန်ပုံငွေကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ (၅) ရက်နေ့တွင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ခံရယူပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၆) ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးကာ လုပ်ငန်းများစတင်နေခြင်းဖြစ်ကြောင်း သိရသည်။


မြန်မာ၊ လာအို၊ တရုတ်၊ ထိုင်း လေးနိုင်ငံတို့အကြား မဲခေါင်မြစ်အထက်ပိုင်း ကုန်သွယ်ရေကြောင်း သွားလာရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၀၀ ပြည့်နှစ် ဧပြီလ (၂၀) ရက်နေ့က တာချီလိတ်မြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ရေလမ်းကြောင်းကို ၂၀၀၁ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကာ မဲခေါင်မြစ်သည် တရုတ်-မြန်မာ နယ်စပ်တွင် (၃၁) ကီလိုမီတာ၊ မြန်မာ-လာအိုနယ်စပ်တွင် (၂၃၄) ကီလိုမီတာ ထိစပ်နေခြင်းဖြစ်သည်။

သတင်း  - ဟန်စိုးထိုက်



~~~~~~~~⊰❂ Unicode Version ~~~~~~~~


မြန်မာ၊ လာအို၊ တရုတ်၊ ထိုင်း လေးနိုင်ငံကြား မဲခေါင်မြစ် ကုန်သွယ်ရေကြောင်းဖွင့်လှစ်အပြီး (၁၉)နှစ်အကြာတွင် တန် (၅၀၀)ရေယာဉ်များသွားလာနိုင်ရေးအတွက် တရုတ်နိုင်ငံမှ ပံ့ပိုးသည့်ရန်ပုံငွဖြေင့် လုပ်ဆောင်နေဆဲဖြစ်ပြီး လက်ရှိတွင် တန် (၃၀၀)ရေယာဉ်များသာ သွားလာနိုင်သေးကြောင်း သိရသည်။

လေးနိုင်ငံပူးတွဲ ပိုင်ဆိုင်သည့် မဲခေါင်မြစ်အတွင်း ရေလမ်းကြောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ပထမအသုတ် မဲခေါင်-လန်ချန်း အထူးရန်ပုံငွဖြေင့် အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံမှ စီမံကိန်း အဆိုပြုလွှာ (၂၈) ခုကို တရုတ်နိုင်ငံဘက်သို့ ပေးပို့ခဲ့ရာ စီမံကိန်း (၁၀)ခုကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွေးချယ်ထားသည့် စီမံကိန်းများအတွက် တရုတ်နိုင်ငံမှ ရန်ပုံငွေကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့တွင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ခံရယူပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၆) ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးကာ လုပ်ငန်းများစတင်နခြေင်းဖြစ်ကြောင်း သိရသည်။

“လေးနိုင်ငံမှာ JCCCL ဆိုတဲ့ညှိနှိုင်းပူးပေါင်းရေး ကော်မတီရှိပါတယ်ခင်ဗျ။ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လေးနိုင်ငံကြား မဲခေါင်မြစ်ထဲမှာ လုပ်နိုင်အောင်ဆိုတဲ့ လုပ်ငန်းတွေလည်း ပါတယ်။ မဲခေါင်မြစ်ထဲက မြစ်ကြောင်းထဲမှာ ကျောက်ဆွယ်တွေ၊ လျှိုလို့ခေါ်တဲ့ ကျောက်ပျဉ်ကြီးတွေ ခံနေတယ်။ အဲဒီတော့ မြစ်ကြောင်းသွားလာမှု အခက်အခဲ ဖြစ်နိုင်တဲ့နေရာက ကျွန်တော်တို့မြန်မာနဲ့ လာအိုကြားထဲက မဲခေါင်မြစ်ထဲမှာ လျှိုနှစ်ခုရှိနေတယ်။ အဲဒီလျှိုနှစ်ခုကို ကျွန်တော်တို့ ပြင်ဆင်ဖို့ပေါ့။ ပြောရင်တော့ ဖယ်ရှားပစ်ဖို့ ကျွန်တော်တို့ကြိုးစားရမှာ။ ဒီနှစ်ထဲမှာ ဒီဟာတွေကို တိုးတက်အောင် ဘယ်လိုလုပ်ကြမလဲ။ ရေကြောင်းသွားလာမှု လွယ်ကူရေးအတွက် လုပ်ငန်းတွေကိုဘယ်လိုလုပ်ကြ မလဲဆိုတာကို မဲခေါင်မြစ်ပူးတွဲ ညှိနှိုင်းရေးကော်မတီကနေ လေးနိုင်ငံပေါင်းပြီး ဆောင်ရွက်နေတာတွေရှိပါတယ်”ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့က ပြောကြားခဲ့သည်။

မြန်မာ၊ လာအို၊ တရုတ်၊ ထိုင်း လေးနိုင်ငံတို့အကြား မဲခေါင်မြစ်အထက်ပိုင်း ကုန်သွယ်ရေကြောင်း သွားလာရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၀၀ ပြည့်နှစ် ဧပြီလ (၂၀) ရက်နေ့က တာချီလိတ်မြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ရေလမ်းကြောင်းကို ၂၀၀၁ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကာ မဲခေါင်မြစ်သည် တရုတ်-မြန်မာ နယ်စပ်တွင် (၃၁) ကီလိုမီတာ၊ မြန်မာ-လာအိုနယ်စပ်တွင် (၂၃၄) ကီလိုမီတာ ထိစပ်နခြေင်းဖြစ်သည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~