ေက်ာက္မဲၿမိဳ႕တြင္းလမ္းဆံုတြင္ ဆုိင္ကယ္စီးလာသည့္အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ခံရ

ေက်ာက္မဲၿမိဳ႕တြင္းလမ္းဆံုတြင္ ဆုိင္ကယ္စီးလာသည့္အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ခံရ
ဖေဖော်ဝါရီ 27, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕တြင္း လမ္းဆံုတြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၇) ရက္ေန႔ ညပိုင္းက ဆိုင္ကယ္စီးလာသည့္ အမ်ိဳးသားတစ္ဦးအား ေသနတ္ျဖင့္ပစ္ခတ္သြားသျဖင့္ ေသဆံုးသြားခဲ့ေၾကာင္း ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔ထံက သိရသည္။

"ေသဆံုးသူ  ကိုရန္လင္းေအာင္က အပစ္ခံရတဲ့ေနရာမွာပဲ ေသဆံုးသြားတဲ့အေနအထားရွိတယ္။ ျဖစ္စဥ္ အေသးစိတ္ကေတာ့ စံုစမ္းစစ္ေဆးေနဆဲရွိပါေသးတယ္" ဟု ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔စခန္းမွ ရဲအရာရွိတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕ ေအာင္ဆန္းလမ္းႏွင့္ ေရႊဖီဦးလမ္း လမ္းဆံုအနီးတြင္ ည (၇) နာရီခြဲဝန္းက်င္က ဆိုင္ကယ္စီးလာသည့္ အသက္(၃၄)ႏွစ္အရြယ္ အမ်ိဳးသားအား ဆုိင္ကယ္တစ္စီးျဖင့္ေက်ာ္တက္ကာ ေသနတ္ျဖင့္ အနီးကပ္ပစ္ခတ္သြားသျဖင့္ ေနရာတြင္ ေသဆံုးသြားၿပီး ပစ္ခတ္သြားသူကို ရဲတပ္ဖြဲ႕က စံုစမ္းေနဆဲျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသူမွာ တပ္မေတာ္သားေဟာင္းတစ္ဦး ျဖစ္ၿပီး လက္ရွိတြင္ ေက်ာက္မဲၿမိဳ႕၌ KTV ဖြင့္လွစ္ထားသူျဖစ္ကာ ကေလးႏွစ္ဦး၏ ဖခင္ျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၅) ရက္ေန႔က အမွတ္ ( ၇ ) ရပ္ကြက္ရွိ ဓမၼေမဒနီ ေရႊက်င္ေက်ာင္းတိုက္မွ ဆရာေတာ္ ဥဴးကလ်ာဏဝံသအား ေက်ာင္းတုိက္အတြင္း ေသနတ္ျဖင့္ (၇)ခ်က္ပစ္ခတ္သြားမႈကိုလည္း ရဲတပ္ဖြဲ႕က စံုစမ္းေနဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင်း လမ်းဆုံတွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့ ညပိုင်းက ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်သွားသဖြင့် သေဆုံးသွားခဲ့ကြောင်း ကျောက်မဲမြို့မရဲတပ်ဖွဲ့ထံက သိရသည်။

"သေဆုံးသူ ကိုရန်လင်းအောင်က အပစ်ခံရတဲ့နေရာမှာပဲ သေဆုံးသွားတဲ့အနေအထားရှိတယ်။ ဖြစ်စဉ် အသေးစိတ်ကတော့ စုံစမ်းစစ်ဆေးနေဆဲရှိပါသေးတယ်" ဟု ကျောက်မဲမြို့မရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့ အောင်ဆန်းလမ်းနှင့် ရွှေဖီဦးလမ်း လမ်းဆုံအနီးတွင် ည (၇) နာရီခွဲဝန်းကျင်က ဆိုင်ကယ်စီးလာသည့် အသက်(၃၄)နှစ်အရွယ် အမျိုးသားအား ဆိုင်ကယ်တစ်စီးဖြင့်ကျော်တက်ကာ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်သွားသဖြင့် နေရာတွင် သေဆုံးသွားပြီး ပစ်ခတ်သွားသူကို ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ တပ်မတော်သားဟောင်းတစ်ဦး ဖြစ်ပြီး လက်ရှိတွင် ကျောက်မဲမြို့၌ KTV ဖွင့်လှစ်ထားသူဖြစ်ကာ ကလေးနှစ်ဦး၏ ဖခင်ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့က အမှတ် ( ၇ ) ရပ်ကွက်ရှိ ဓမ္မမေဒနီ ရွှေကျင်ကျောင်းတိုက်မှ ဆရာတော် ဉူးကလျာဏဝံသအား ကျောင်းတိုက်အတွင်း သေနတ်ဖြင့် (၇)ချက်ပစ်ခတ်သွားမှုကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~