တာခ်ီလိတ္ၿမိဳ႕တြင္ ညပိုင္း ေရွာင္တခင္ပိတ္ဆို႔စစ္ေဆးရာမွ အမ်ိဳးသားသံုးဦးကို ေသနတ္ (၂) လက္ႏွင့္ က်ည္ (၄၂) ေတာင့္ျဖင့္ ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕တြင္ ညပိုင္း ေရွာင္တခင္ပိတ္ဆို႔စစ္ေဆးရာမွ အမ်ိဳးသားသံုးဦးကို ေသနတ္ (၂) လက္ႏွင့္ က်ည္ (၄၂) ေတာင့္ျဖင့္ ဖမ္းမိ
ဖေဖော်ဝါရီ 13, 2019
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၂)ရက္ေန႔ ညပိုင္းက ရဲတပ္ဖြဲ႕၏ ပိတ္ဆို႔စစ္ေဆးမႈအတြင္း ပစၥတိုေသနတ္ (၂) လက္ႏွင့္ က်ည္ (၄၂) ေတာင့္ သယ္ေဆာင္လာသည့္ အမ်ိဳးသား (၃) ဦးကို အခ်ိန္ျခားကာ ဖမ္းဆီးရမိ၍ အမႈဖြင့္လိုက္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က ေဆခမ္းရပ္ကြက္၊ ေဟာင္လိတ္မီးပိြဳင့္လမ္းဆံုတြင္ ပိတ္ဆို႔စစ္ေဆးေနစဥ္ ည(၁၀)နာရီ (၃၀)မိနစ္က စိုင္း၀န္းေက်ာက္ဆိုသူ ေမာင္းႏွင္လာသည့္ Toyota Mark-X ယာဥ္အား စစ္ေဆးရာ စိုင္း၀န္းေက်ာက္ လြယ္ထားသည့္ အနက္ေရာင္သားေရအိတ္အတြင္းမွ GLOCK အမ်ိဳးအစား ပစၥတိုေသနတ္တစ္လက္ႏွင့္ က်ည္ (၁၀) ေတာင့္ကို က်ည္အိမ္တပ္လွ်က္၊ ပြိဳင့္ ၂၂ က်ည္ (၁၉) ကို ရွာေဖြဖမ္းဆီးရရိွခဲ့ေၾကာင္း၊ ဆက္လက္၍ ည (၁၀) နာရီ (၅၀) မိနစ္က ယာဥ္ေမာင္း အိုက္ႏြန္းေမာင္းႏွင္လာသည့္ Toyota Revo ယာဥ္အား စစ္ေဆးရာ ေမာ္ေတာ္ယာဥ္၏ တူးေဘာက္ အတြင္း GLOCK အမ်ိဳးအစား ပစၥတိုေသနတ္တစ္လက္ႏွင့္ က်ည္ (၁၃)ေတာင့္ကို က်ည္အိမ္တပ္လွ်က္ျဖင့္ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး လွဦး၊ ေဟာင္လိတ္ရဲကင္းစခန္းမွဴး ရဲအုပ္ခ်မ္းေျမ႕ေအာင္ဦးစီးသည့္ တပ္ဖြဲ႔၀င္မ်ား၊ ခမရ(၅၂၆)မွ ဗိုလ္ႀကီးၿဖိဳးေဇာ္ဦး ဦးစီးအဖြဲ႕၊ ျပည္နယ္မႈ/ကူမွ တပ္ၾကပ္ထြန္းဝင္းေဇာ္၊ အမွတ္(၁၁၉) ယာဥ္ထိန္း ရဲတပ္ဖြဲ႕စု (တာခ်ီလိတ္ခရိုင္)မွ တပ္ၾကပ္ႀကီး ဝင္းကို၊ ျပည္သူ႔စစ္အဖြဲ႕ဝင္မ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

လက္နက္မ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ စိုင္းရွန္ႏြန္းကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၇၃/၁၉၊ ရွမ္းျပည္နယ္လက္နက္ အမိန္႔အပိုဒ္ ၁၂၉(က)ျဖင့္ လည္းေကာင္း၊  အိုက္ႏြန္းကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၇၄/၁၉၊ ရွမ္းျပည္နယ္လက္နက္အမိန္႔အပုိဒ္ ၁၂၉(က)ျဖင့္ အသီးသီး အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ဇန္နဝါရီလကုန္ပုိင္းနွင့္ ေဖေဖၚဝါရီလဆန္းပိုင္းအတြင္း ေသနတ္ပစ္ခတ္မႈ (၃)ႀကိမ္ျဖစ္ပြားခဲ့ကာ တာခ်ီလိတ္ၿမိဳ႕မွ လုပ္ငန္းရွင္တစ္ဦးႏွင့္ ထုိင္းႏိုင္ငံသားတစ္ဦးတုိ႔ ေသဆံုးခဲ့ၿပီး က်ဴးလြန္သူမ်ား လြတ္ေျမာက္ေနဆဲျဖစ္သျဖင့္ ရဲတပ္ဖြဲ႕က ပံုမွန္စစ္ေဆးမႈမ်ားအျပင္ ပိတ္ဆို႔ႏွင့္ ေရွာင္တခင္စစ္ေဆးမႈမ်ားအား တိုးျမႇင့္လုပ္ေဆာင္ေနရာ ယခုဖမ္းဆီးရမိမႈမွာ ေဖေဖၚဝါရီလအတြင္း လက္နက္၊ခဲယမ္းမ်ားျဖင့္ (၃)ႀကိမ္ေျမာက္ ဖမ္းဆီးရရိွမႈျဖစ္သည္။

သတင္း/ဓါတ္ပံု - ဟန္စိုးထိုက္(Tachileik News Agency)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ညပိုင်းက ရဲတပ်ဖွဲ့၏ ပိတ်ဆို့စစ်ဆေးမှုအတွင်း ပစ္စတိုသေနတ် (၂) လက်နှင့် ကျည် (၄၂) တောင့် သယ်ဆောင်လာသည့် အမျိုးသား (၃) ဦးကို အချိန်ခြားကာ ဖမ်းဆီးရမိ၍ အမှုဖွင့်လိုက်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဆေခမ်းရပ်ကွက်၊ ဟောင်လိတ်မီးပွိုင့်လမ်းဆုံတွင် ပိတ်ဆို့စစ်ဆေးနေစဉ် ည(၁၀)နာရီ (၃၀)မိနစ်က စိုင်းဝန်းကျောက်ဆိုသူ မောင်းနှင်လာသည့် Toyota Mark-X ယာဉ်အား စစ်ဆေးရာ စိုင်းဝန်းကျောက် လွယ်ထားသည့် အနက်ရောင်သားရေအိတ်အတွင်းမှ GLOCK အမျိုးအစား ပစ္စတိုသေနတ်တစ်လက်နှင့် ကျည် (၁၀) တောင့်ကို ကျည်အိမ်တပ်လျှက်၊ ပွိုင့် ၂၂ ကျည် (၁၉) ကို ရှာဖွေဖမ်းဆီးရရှိခဲ့ကြောင်း၊ ဆက်လက်၍ ည (၁၀) နာရီ (၅၀) မိနစ်က ယာဉ်မောင်း အိုက်နွန်းမောင်းနှင်လာသည့် Toyota Revo ယာဉ်အား စစ်ဆေးရာ မော်တော်ယာဉ်၏ တူးဘောက် အတွင်း GLOCK အမျိုးအစား ပစ္စတိုသေနတ်တစ်လက်နှင့် ကျည် (၁၃)တောင့်ကို ကျည်အိမ်တပ်လျှက်ဖြင့် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဦး၊ ဟောင်လိတ်ရဲကင်းစခန်းမှူး ရဲအုပ်ချမ်းမြေ့အောင်ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ ခမရ(၅၂၆)မှ ဗိုလ်ကြီးဖြိုးဇော်ဦး ဦးစီးအဖွဲ့၊ ပြည်နယ်မှု/ကူမှ တပ်ကြပ်ထွန်းဝင်းဇော်၊ အမှတ်(၁၁၉) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (တာချီလိတ်ခရိုင်)မှ တပ်ကြပ်ကြီး ဝင်းကို၊ ပြည်သူ့စစ်အဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်များနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းရှန်နွန်းကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၇၃/၁၉၊ ရှမ်းပြည်နယ်လက်နက် အမိန့်အပိုဒ် ၁၂၉(က)ဖြင့် လည်းကောင်း၊ အိုက်နွန်းကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၇၄/၁၉၊ ရှမ်းပြည်နယ်လက်နက်အမိန့်အပိုဒ် ၁၂၉(က)ဖြင့် အသီးသီး အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဇန်နဝါရီလကုန်ပိုင်းနှင့် ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း သေနတ်ပစ်ခတ်မှု (၃)ကြိမ်ဖြစ်ပွားခဲ့ကာ တာချီလိတ်မြို့မှ လုပ်ငန်းရှင်တစ်ဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦးတို့ သေဆုံးခဲ့ပြီး ကျူးလွန်သူများ လွတ်မြောက်နေဆဲဖြစ်သဖြင့် ရဲတပ်ဖွဲ့က ပုံမှန်စစ်ဆေးမှုများအပြင် ပိတ်ဆို့နှင့် ရှောင်တခင်စစ်ဆေးမှုများအား တိုးမြှင့်လုပ်ဆောင်နေရာ ယခုဖမ်းဆီးရမိမှုမှာ ဖေဖော်ဝါရီလအတွင်း လက်နက်၊ခဲယမ်းများဖြင့် (၃)ကြိမ်မြောက် ဖမ်းဆီးရရှိမှုဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်(Tachileik News Agency)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~