တိုင်းဒေသကြီးနှင့်ပြည်နယ်အုပ်ချုပ်ရေးမှူး (၆)ဦး ပြောင်းလဲ

တိုင်းဒေသကြီးနှင့်ပြည်နယ်အုပ်ချုပ်ရေးမှူး (၆)ဦး ပြောင်းလဲ
ဖေဖော်ဝါရီ 21, 2019
By Tachileik News Agency


ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၀န်ကြီးဌာနမှ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့ ရက်စွဲဖြင့် ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (၆)ဦးတို့အား ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှ စ၍ အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းရွှေ့တာဝန်ချထားလိုက်ကြောင်း ကြော်ငြာစာ ထုတ်ထားရာတွင် ကယားပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းအား နေပြည်တော်အုပ်ချုပ်ရေးမှူး အဖြစ် လည်းကောင်း၊ ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းအား ပဲခူးတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး အဖြစ် လည်းကောင်း၊ ချင်းပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးအား ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးအား ချင်းပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် လည်းကောင်း၊ ရခိုင်ပြည်နယ်အုပ်ချုပ်ရေး ဦးညီညီမင်းအား ကယားပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ် လည်းကောင်း၊ နေပြည်တော်အုပ်ချုပ်ရေးမှူး ဦးစိုင်းသော်ဝင်းအား ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း အသီးသီးပြောင်းရွေ့တာဝန်ချထားလိုက်ခြင်း ဖြစ်သည်။



Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန လက်အောက်သို့ ပြောင်းလဲလိုက်ပြီးနောက် ပထမဆုံးအဖြစ် တိုင်းနှင့်ပြည်နယ် အုပ်ချုပ်ရေးမှူး(၆)ဦးအား ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့က ပြောင်းလဲခန့်ထားလိုက်ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့ ရက်စွဲဖြင့် ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (၆)ဦးတို့အား ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှ စ၍ အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းရွှေ့တာဝန်ချထားလိုက်ကြောင်း ကြော်ငြာစာ ထုတ်ထားရာတွင် ကယားပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းအား နပြေည်တော်အုပ်ချုပ်ရေးမှူး အဖြစ် လည်းကောင်း၊ ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းအား ပဲခူးတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး အဖြစ် လည်းကောင်း၊ ချင်းပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးအား ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးအား ချင်းပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် လည်းကောင်း၊ ရခိုင်ပြည်နယ်အုပ်ချုပ်ရေး ဦးညီညီမင်းအား ကယားပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ် လည်းကောင်း၊ နပြေည်တော်အုပ်ချုပ်ရေးမှူး ဦးစိုင်းသော်ဝင်းအား ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း အသီးသီးပြောင်းရွေ့တာဝန်ချထားလိုက်ခြင်း ဖြစ်သည်။

တိုင်းဒေသကြီး နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများသည် တိုင်းဒေသကြီး နှင့် ပြည်နယ်တို့၏ အစိုးရအဖွဲ့တွင် အတွင်းရေးမှူးတာဝန်လည်း ထမ်းဆောင်ရသည်။

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ရှိနေရာမှ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၂၈)ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၏ သဘောတူညီချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~