ဖူဆယ္တာခ်ီလိတ္ေဘာလံုးကြင္း ဖြင့္ပြဲသို႔ ျမန္မာ့လက္ေရြးစင္ေဟာင္းမ်ိဳးလိႈင္ဝင္း တက္ေရာက္

ဖူဆယ္တာခ်ီလိတ္ေဘာလံုးကြင္း ဖြင့္ပြဲသို႔ ျမန္မာ့လက္ေရြးစင္ေဟာင္းမ်ိဳးလိႈင္ဝင္း တက္ေရာက္
ဖေဖော်ဝါရီ 5, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕၊ ဝမ္ေကာင္းရပ္ကြက္၊ တာခ်ီလိတ္ျပည္သူ႔ေဆးရံုအနီး၊ ဘိုးဘြားရိပ္သာ လမ္းတြင္ ဖူဆယ္တာခ်ီလိတ္၏ ျမက္ခင္းတုဖူဆယ္ေဘာလံုးကြင္းသစ္ဖြင့္ပြဲႏွင့္ ဖြင့္ပြဲ အထိမ္းအမွတ္ ေဘာလံုးၿပိဳင္ပြဲမွ ဆုရအသင္းမ်ားကို ဆုခ်ီးျမႇင့္ျခင္းအား ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၅)ရက္ေန႔ ညေနပိုင္းတြင္ က်င္းပသည္။

အဆိုပါ ဖူဆယ္ကြင္းဖြင့္ပြဲသို႔ တက္ေရာက္လာသည့္ ျမန္မာ့ေဘာလံုးလက္ေရြးစင္အားကစားသမားေဟာင္း ဦးမ်ိဳးလိႈင္ဝင္းက ၿမိဳ႕ခံကစားသမားမ်ားႏွင့္အတူ ကစားခဲ့ၿပီး ကြင္းသစ္ဖြင့္ပြဲ အထိမ္းအမွတ္ အမ်ိဳးသား(အလြတ္တန္း) ေဘာလံုးၿပိဳင္ပြဲ တတိယေနရာလုပြဲႏွင့္ ဗိုလ္လုပြဲမ်ားကိုလည္း ယွဥ္ၿပိဳင္ခဲ့ၾကျခင္းျဖစ္သည္။

ဆုရအသင္းမ်ားအား ခ်ီးျမႇင့္ျခင္း အခမ္းအနားကို ည (၇) နာရီခြဲတြင္ က်င္းပရာ ပထမဆုရ အူဖူေဒ့ အသင္းကို ဖူဆယ္တာခ်ီလိတ္ေဘာလံုးကြင္းပိုင္ရွင္ ဦးထြန္းထြန္းဦးက လည္းေကာင္း၊ ဒုတိယဆုရ M.Y apartment အသင္းကို ေရႊမဟာ ကိုယ္ပိုင္အထက္တန္းေက်ာင္းႏွင့္ ေရႊမဟာေဘာလံုးအကယ္ဒမီတို႔မွ ေက်ာင္းအုပ္ႀကီး ဦးခင္ေမာင္ျမင့္က လည္းေကာင္း၊ တတိယဆုရ 7-Star အသင္းကို ျမန္မာလက္ေရြးစင္ အားကစားသမားေဟာင္း ဦးမ်ိဳးလိႈင္ဝင္းက လည္းေကာင္း၊ အေကာင္းဆံုး ဂိုးသမားဆုႏွင့္ အေကာင္းဆံုး ကစားသမားဆုကို ျမန္မာဘီယာမွ ဦးစြမ္းရည္တို႔က လည္းေကာင္း ဆုမ်ား အသီးသီးေပးအပ္ ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဖူဆယ္ေဘာလံုးကြင္းတြင္ ဖူဆယ္ကြင္းေသးႏွင့္ ဖူဆယ္ကြင္းႀကီး (၂)ခုခြဲ၍ ဖြင့္လွစ္ေပးထားၿပီး နံနက္ (၆)နာရီမွ ညေန (၁၀)နာရီအထိ ေန႔စဥ္လာေရာက္ကစားႏိုင္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်ပြည်သူ့ဆေးရုံအနီး၊ ဘိုးဘွားရိပ်သာ လမ်းတွင် ဖူဆယ်တာချီလိတ်၏ မြက်ခင်းတုဖူဆယ်ဘောလုံးကွင်းသစ်ဖွင့်ပွဲနှင့် ဖွင့်ပွဲ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲမှ ဆုရအသင်းများကို ဆုချီးမြှင့်ခြင်းအား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့ ညနေပိုင်းတွင် ကျင်းပသည်။

အဆိုပါ ဖူဆယ်ကွင်းဖွင့်ပွဲသို့ တက်ရောက်လာသည့် မြန်မာ့ဘောလုံးလက်ရွေးစင်အားကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်းက မြို့ခံကစားသမားများနှင့်အတူ ကစားခဲ့ပြီး ကွင်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲများကိုလည်း ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ဆုရအသင်းများအား ချီးမြှင့်ခြင်း အခမ်းအနားကို ည (၇) နာရီခွဲတွင် ကျင်းပရာ ပထမဆုရ အူဖူဒေ့ အသင်းကို ဖူဆယ်တာချီလိတ်ဘောလုံးကွင်းပိုင်ရှင် ဦးထွန်းထွန်းဦးက လည်းကောင်း၊ ဒုတိယဆုရ M.Y apartment အသင်းကို ရွှေမဟာ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ရွှေမဟာဘောလုံးအကယ်ဒမီတို့မှ ကျောင်းအုပ်ကြီး ဦးခင်မောင်မြင့်က လည်းကောင်း၊ တတိယဆုရ 7-Star အသင်းကို မြန်မာလက်ရွေးစင် အားကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်းက လည်းကောင်း၊ အကောင်းဆုံး ဂိုးသမားဆုနှင့် အကောင်းဆုံး ကစားသမားဆုကို မြန်မာဘီယာမှ ဦးစွမ်းရည်တို့က လည်းကောင်း ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖူဆယ်ဘောလုံးကွင်းတွင် ဖူဆယ်ကွင်းသေးနှင့် ဖူဆယ်ကွင်းကြီး (၂)ခုခွဲ၍ ဖွင့်လှစ်ပေးထားပြီး နံနက် (၆)နာရီမှ ညနေ (၁၀)နာရီအထိ နေ့စဉ်လာရောက်ကစားနိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~