[ကြော်ငြာ] တာချီလိတ်ရှိ ဖူဆယ်တာချီလိတ်ဘောလုံးကွင်းသစ်တွင် (၁၀)ပွဲမြောက် ကစားသူများကို ကွင်းဝင်ကြေး (၅၀)ရာခိုင်နှုန်းအထိ လျှော့ပေးရန် စီစဉ်ထား

[ကြော်ငြာ] တာချီလိတ်ရှိ ဖူဆယ်တာချီလိတ်ဘောလုံးကွင်းသစ်တွင် (၁၀)ပွဲမြောက် ကစားသူများကို ကွင်းဝင်ကြေး (၅၀)ရာခိုင်နှုန်းအထိ လျှော့ပေးရန် စီစဉ်ထား
ဖေဖော်ဝါရီ 20, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဘိုးဘွားရိပ်သာလမ်း၊ ပြည်သူ့ဆေးရုံအနီး ဖွင့်လှစ်ထားသည့် ဖူဆယ်တာချီလိတ်ဘောလုံးကွင်းသစ်တွင် အထူးအစီအစဉ်အနေဖြင့် (၁၀)ပွဲအထိ ကစားခဲ့သူများကို ကွင်းဝင်ကြေး (၅၀) ရာခိုင်နှုန်းလျော့ပေးသည့် အစီအစဉ်ဖြင့် ဘောလုံးကစားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။


လက်ရှိအချိန်တွင် Loyalty Card များကို ဘောလုံးလာရောက်ကစားသူများကို ထုတ်ပေးနေပြီး ကတ် (၁၀၀) ပြည့်ချိန်တွင် အစီအစဉ်ကို ရပ်နားမည်ဖြစ်ကြောင်း သိရသည်။


ဖူဆယ်တာချီလိတ်ဘောလုံးကွင်းတွင် ဖူဆယ်ကွင်းသေးနှင့် ကွင်းကြီး နှစ်ကွင်းတည်ဆောက်ထားရာတွင်  နံနက် (၆)နာရီမှ ည (၁၀)အထိ သတ်မှတ်ချက်များတွင် လာရောက်ကစားနိုင်ကြောင်း နှင့် ကွင်းကြိုတင်၍ စာရင်းပေးလိုသူများအနေဖြင့် ဖုန်း 09891035755 ၊ 095127912 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဘိုးဘွားရိပ်သာလမ်း၊ ပြည်သူ့ဆေးရုံအနီး ဖွင့်လှစ်ထားသည့် ဖူဆယ်တာချီလိတ်ဘောလုံးကွင်းသစ်တွင် အထူးအစီအစဉ်အနဖြေင့် (၁၀)ပွဲအထိ ကစားခဲ့သူများကို ကွင်းဝင်ကြေး (၅၀) ရာခိုင်နှုန်းလျော့ပေးသည့် အစီအစဉ်ဖြင့် ဘောလုံးကစားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

“Loyalty Card ပေးထားတယ်။ အဲဒီအပေါ်မှာ တစ်ပွဲပြီးတိုင်း တံဆိပ်တုံးထုပေးတယ်။ (၄) ပွဲကစားပြီးလို့ (၅) ပွဲမြောက် ကစားရင် ကျွန်တော်တို့က ရေ (၆) ဘူးပေးတယ်။ ပြီးရင် (၉) ပွဲထိက ပုံမှန်ကွင်းကြေးပဲ။ (၁၀) ပွဲမြောက်ကစားရင် ကွင်းကြေး (၅၀) ရာခိုင်နှုန်းလျော့ပေးတယ်။ (၁၅) ပွဲမြောက်ဆိုရင် ကွင်းကြေး (၅၀) ရာခိုင်နှုန်းနဲ့ ရေ (၆) ဘူး။ ပွဲ(၂၀)မြောက်ဆိုရင် ကွင်းကြေး (၅၀) ရာခိုင်နှုန်းနဲ့ Sponsor အချိုရည် (၆) ဘူးပေါ့”ဟု ဖူဆယ်တာချီလိတ်ဘောလုံးကွင်းပိုင်ရှင် ဦးထွန်းထွန်းဦးက ပြောသည်။

လက်ရှိအချိန်တွင် Loyalty Card များကို ဘောလုံးလာရောက်ကစားသူများကို ထုတ်ပေးနပြေီး ကတ် (၁၀၀) ပြည့်ချိန်တွင် အစီအစဉ်ကို ရပ်နားမည်ဖြစ်ကြောင်း သိရသည်။

ဖူဆယ်တာချီလိတ်ဘောလုံးကွင်းသစ် ဖွင့်ပွဲကို ဖေဖော်ဝါရီလ (၅) ရက်နေ့က မြန်မာလက်ရွေးစင် အားကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်းမှ လာရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဘောလုံးကွင်းဖွင့်ပွဲ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲမှ ဆုရအသင်းများကို ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဖူဆယ်တာချီလိတ်ဘောလုံးကွင်းတွင် ဖူဆယ်ကွင်းသေးနှင့် ကွင်းကြီး နှစ်ကွင်းတည်ဆောက်ထားရာတွင် နံနက် (၆)နာရီမှ ည (၁၀)အထိ သတ်မှတ်ချက်များတွင် လာရောက်ကစားနိုင်ကြောင်း နှင့် ကွင်းကြိုတင်၍ စာရင်းပေးလိုသူများအနဖြေင့် ဖုန်း 09891035755၊ 095127912 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~