တာခ်ီလိတ္ၿမိဳ႕ စည္ပင္ရံုးလမ္းၾကားရွိ ေနအိမ္တြင္ ဖေယာင္းတိုင္မီးမွ တဆင့္ မီးေလာင္မႈျဖစ္

တာခ်ီလိတ္ၿမိဳ႕ စည္ပင္ရံုးလမ္းၾကားရွိ ေနအိမ္တြင္ ဖေယာင္းတိုင္မီးမွ တဆင့္ မီးေလာင္မႈျဖစ္
ဖေဖော်ဝါရီ 1, 2019
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္အပိုင္း စည္ပင္ရံုးလမ္းၾကားရွိ ေနအိမ္တြင္ ဖေယာင္းတိုင္မီးေၾကာင့္  မီးေလာင္မႈ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁)ရက္ေန႔ ည(၈)နာရီခြဲ၀န္းက်င္အခ်ိန္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈေၾကာင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔မ်ားႏွင့္ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔ အပါအ၀င္ အရန္မီးသတ္ တပ္ဖြဲ႔တို႔ ေရာက္ရွိသြားၿပီး အနီးေနျပည္သူမ်ားျဖင့္ ၀ိုင္း၀န္းၿငိႇမ္းသတ္ခဲ့ရာ ခဏေလးအတြင္း မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။

မီးေလာင္ရျခင္း၏ အေၾကာင္းအရင္းမွာ ည(၇)နာရီ၀န္းက်င္အခ်ိန္က အိမ္ရွင္ျဖစ္သူ၏ သားမက္ျဖစ္သူသည္ ေနအိမ္သန္႔ရွင္းေရး လုပ္ရာမွ မီးမလာသျဖင့္ ဘုရားစင္တြင္ ဖေယာင္းတိုင္မီးျဖင့္ ဘုရားမီး ပူေဇာ္ထားရွိခဲ့ၿပီး အလုပ္ လုပ္ရာ သန္႔ရွင္းေရးလုပ္ၿပီး အျပန္တြင္ ဘုရားမီးပူေဇာ္ထားသည့္ ဖေယာင္းတိုင္အား မီးမၿငိမ္းမိဘဲ ေနအိမ္တံခါးပိတ္၍ ျပန္သြားခဲ့ရာမွ ဖေယာင္းတိုင္သည္ သစ္သားဘုရားစစ္ေပၚသို႔ လဲက်ေလာင္ကြ်မ္းမႈျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈႏွင့္ ပတ္သက္၍ မီးေပါ့ဆမႈျဖင့္ ေက်ာ္သူေအာင္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၅၄/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ျဖင့္ အမႈဖြင့္ထားရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔




~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အပိုင်း စည်ပင်ရုံးလမ်းကြားရှိ နေအိမ်တွင် ဖယောင်းတိုင်မီးကြောင့် မီးလောင်မှု ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ ည(၈)နာရီခွဲဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ အပါအဝင် အရန်မီးသတ် တပ်ဖွဲ့တို့ ရောက်ရှိသွားပြီး အနီးနပြေည်သူများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ခဏလေးအတွင်း မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်ရခြင်း၏ အကြောင်းအရင်းမှာ ည(၇)နာရီဝန်းကျင်အချိန်က အိမ်ရှင်ဖြစ်သူ၏ သားမက်ဖြစ်သူသည် နေအိမ်သန့်ရှင်းရေး လုပ်ရာမှ မီးမလာသဖြင့် ဘုရားစင်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီး ပူဇော်ထားရှိခဲ့ပြီး အလုပ် လုပ်ရာ သန့်ရှင်းရေးလုပ်ပြီး အပြန်တွင် ဘုရားမီးပူဇော်ထားသည့် ဖယောင်းတိုင်အား မီးမငြိမ်းမိဘဲ နေအိမ်တံခါးပိတ်၍ ပြန်သွားခဲ့ရာမှ ဖယောင်းတိုင်သည် သစ်သားဘုရားစစ်ပေါ်သို့ လဲကျလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆမှုဖြင့် ကျော်သူအောင်အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၅၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ထားရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~