၂၀၁၉ ႏွစ္ဦးတြင္ အေမရိကန္၊ ၿဗိတိန္ႏွင့္ ၾသစေတးလ်တုိ႔၌ အျပင္းထန္ဆံုး အေအးဒဏ္ႏွင့္ အပူဒဏ္ကို ခံစားေနရ

၂၀၁၉ ႏွစ္ဦးတြင္ အေမရိကန္၊ ၿဗိတိန္ႏွင့္ ၾသစေတးလ်တုိ႔၌ အျပင္းထန္ဆံုး အေအးဒဏ္ႏွင့္ အပူဒဏ္ကို ခံစားေနရ
ဖေဖော်ဝါရီ 2, 2019
By Tachileik News Agency

၂၀၁၉ ခုႏွစ္ ႏွစ္ဦးတြင္ ဆိုးဝါးျပင္းထန္သည့္ အေအးဒဏ္ႏွင့္ အပူဒဏ္ကို အေမရိကန္၊ ၿဗိတိန္ႏွင့္ ၾသစေတးလ်တုိ႔တြင္ ႀကံဳေတြ႕ခံစားေနရကာ လူႏွင့္ တိရစၦာန္ေသဆံုးမႈမ်ားလည္း ျဖစ္ပြားေနသည္။

အေမရိကန္ျပည္ေထာင္စုတြင္ ယခုတစ္ပတ္အတြင္း စံခ်ိန္တင္ အေအးဒဏ္ေၾကာင့္ လူေပါင္း (၁၇)ဦးထက္ မနည္း ေသဆံုးခဲ့ရၿပီး ေလေၾကာင္းခရီးစဥ္ (၂၃၀၀)ထက္မနည္းကို ဖ်က္သိမ္းလုိက္ရသည္။

အျပင္းထန္ဆံုး အေအးဒဏ္ကို ခံစားေနရသည့္ မန္နီပိုးလစ္ႏွင့္ ရွီကာဂိုတို႔တြင္ အိမ္အတြင္းေနၾကရန္ တာဝန္ရိွသူမ်ားက သတိေပးထားရၿပီး ရွီကာဂိုေဆးရံုတြင္ ႏွင္းကိုက္သည့္ဒဏ္ကို ခံစားရသူ (၅၀)ကို ကုသေပးေနရကာ ယင္းတို႔အနက္ အခ်ိဳ႕မွာ ေျခေထာက္ သို႔မဟုတ္ လက္ကို ျဖတ္ေတာက္ရဖြယ္ အေျခအေနရိွေနေၾကာင္း သိရသည္။

အလားတူ ၿဗိတိန္တြင္လည္း စံခ်ိန္တင္ အပူခ်ိန္က်ဆင္းမႈကို ခံစားေနရကာ အဂၤလန္၊ စေကာ့တလန္ႏွင့္ ေဝလနယ္တုိ႔တြင္ ဆီးႏွင္းမ်ားထူထပ္စြာ က်ဆင္းမႈႏွင့္ ႀကံဳေတြ႔ေနရၿပီး ၿဗိတိန္တြင္ ၂၀၁၂ ခုႏွစ္ေနာက္ပိုင္း အနိမ့္ဆံုးအပူခ်ိန္က်ဆင္းမႈႏွင့္ ႀကံဳေတြ႔ေနရျခင္းျဖစ္ေၾကာင္း သိရသည္။

ဆီးႏွင္းထူထပ္စြာ က်ဆင္းမႈေၾကာင့္ လမ္းပိတ္ဆို႔မႈမ်ားျဖစ္ေနသည့္အျပင္ လန္ဒန္ၿမိဳ႕ ဟိသ္ရိုး ေလဆိပ္တြင္လည္း ေဖေဖၚဝါရီလ (၁)ရက္ေန႔က ေလေၾကာင္းခရီးစဥ္အခ်ိဳ႕ကို ဖ်က္သိမ္းခဲ့ရကာ အေမရိကန္ျပည္ေထာင္စုႏွင့္ ၿဗိတိန္တုိ႔တြင္ ေက်ာင္းအခ်ိဳ႕လည္း ပိတ္ထားရျခင္းျဖစ္သည္။

ျပင္သစ္ႏုိင္ငံ၏ ေဒသအခ်ိဳ႕တြင္ ဆီးႏွင္းထူထပ္စြာက်ႏုိင္ေၾကာင္း မိုးေလဝသဌာန သတိေပးထားသည္ကို ေတြ႔ရၿပီး အေမရိကန္ျပည္ေထာင္စုႏွင့္ ဥေရာပႏုိင္ငံအခ်ိဳ႕တြင္ စံခ်ိန္တင္အေအးဒဏ္ကို ခံစားေနရခ်ိန္တြင္ ၾသစေတးလ်ႏုိင္ငံတြင္ စံခ်ိန္တင္ အပူခ်ိန္ျမင့္တက္မႈကို ခံစားေနရေၾကာင္း သိရသည္။

ျပင္းထန္လြန္းသည့္အပူခ်ိန္ေၾကာင့္ လမ္းမ်ားတြင္ ကတၱရာအရည္ေပ်ာ္ျခင္းမ်ားေၾကာင့္ လမ္းပန္း ဆက္သြယ္ေရး အခက္အခဲျဖစ္ရသည့္အျပင္ တိရစၦာန္ေထာင္ေပါင္းမ်ားစြာလည္း ေသဆံုးျခင္းႏွင့္ ႀကံဳေတြ႔ေနရေၾကာင္း သိရသည္။

ႏုိင္ငံတြင္း ေတာရိုင္းတိရစၦာန္မ်ား အုပ္လုိက္ေသဆံုးမႈမ်ားကို ေတြ႔ေနရၿပီး ဇန္နဝါရီလ (၂၄)ရက္ေန႔က ႏုိင္ငံေတာင္ပိုင္းရိွ အဒဲလိတ္ဒ္ၿမိဳ႕တြင္ အပူခ်ိန္ (၁၁၆)ဒီဂရီဖာရင္ဟိုက္အထိျမင့္တက္ခဲ့ကာ ၿမိဳ႕သမုိင္းတြင္ စံခ်ိန္တင္အပူခ်ိန္ေရာက္ရိွသြားခဲ့ေၾကာင္း သိရသည္။

အပူဒဏ္ေရွာင္ႏုိင္ရန္ ေနအိမ္အတြင္း အရိပ္အကာအတြင္းသာေနထုိင္ၾကရန္ က်န္းမာေရး သတိေပးခ်က္မ်ားကိုလည္း ႏုိင္ငံအတြင္း လုပ္ေဆာင္ေနရေၾကာင္း သိရသည္။

ရာသီဥတုေျပာင္းလဲမႈကို ကမၻာ့ႏုိင္ငံမ်ား ပူးေပါင္းေျဖရွင္းမႈမလုပ္ေဆာင္ႏုိင္ပါက ယခုကဲ့သို႔ အပူလိႈင္းဒဏ္ကို မၾကာခဏခံစားရဖြယ္ရိွသည္ဟု ၾသစေတးလ်သိပၸံပညာရွင္မ်ားက သတိေပးလုိက္သည္။

“ ကာဗြန္ထုတ္လႊတ္မႈကို ေလွ်ာ့ခ်ၿပီး ရာသီဥတုေျပာင္းလဲမႈေၾကာင့္ ျဖစ္လာတဲ့ အဆိုးဆံုး အေျခအေနေတြကို ကၽြန္ေတာ္တုိ႔ ေလွ်ာ့ခ်ႏုိင္ပါတယ္။ ဒါေပမဲ့ ဒါက တစ္ကမၻာလံုးပါဝင္လုပ္ေဆာင္ဖို႔ လိုတာေပါ့။ တစ္ဦးခ်င္း၊ တစ္စုတစ္ဖြဲ႕ခ်င္းလည္း လုပ္ေဆာင္ႏုိင္တယ္ဆိုေပမဲ့ ကမၻာလံုးဆုိင္ရာ လႈပ္ရွားမႈေလာက္ေတာ့ ထိေရာက္မွာမဟုတ္ဘူး”ဟု အေရွ႕ အင္ဂလီးယားတကၠသိုလ္မွ ရာသီဥတုဆုိင္ရာ သိပၸံသုေတသီ ဘင္ဝက္ဘ္ဘာက စီအန္အန္ကို ေျပာၾကားထားေၾကာင္း သိရသည္။

ယင္းသို႔ လုပ္ေဆာင္ႏုိင္ရန္မွာ နုိင္ငံေရးသမားမ်ားက အဆုိပါကိစၥအေပၚ စိတ္ဝင္စားရန္လိုအပ္ေနသည္ဟု ေထာက္ျပလုိက္ၿပီး အကယ္၍ ရာသီဥတုေဖါက္ျပန္မႈကို မတားဆီး မကာကြယ္ႏုိင္ပါက ေျပာင္းလဲသည့္ ရာသီဥတုႏွင့္အဆင္ေျပေစမည့္ နည္းလမ္းမ်ား ရွာေဖြရမည့္အျပင္ ေဘးဒဏ္ခံရမႈေလ်ာ့နည္းေစမည့္ နည္းလမ္းမ်ားကိုလည္း ရွာေဖြရန္လိုအပ္မည္ဟု ဝက္ဘ္ဘာက ေျပာဆိုထားသည္။

ဘာသာျပန္သတင္း - ဇာႏွင္း
Ref: CNN



~~~~~~~~⊰❂ Unicode Version ~~~~~~~~

၂၀၁၉ ခုနှစ် နှစ်ဦးတွင် ဆိုးဝါးပြင်းထန်သည့် အအေးဒဏ်နှင့် အပူဒဏ်ကို အမေရိကန်၊ ဗြိတိန်နှင့် သြစတေးလျတို့တွင် ကြုံတွေ့ခံစားနေရကာ လူနှင့် တိရစ္ဆာန်သေဆုံးမှုများလည်း ဖြစ်ပွားနေသည်။

အမေရိကန်ပြည်ထောင်စုတွင် ယခုတစ်ပတ်အတွင်း စံချိန်တင် အအေးဒဏ်ကြောင့် လူပေါင်း (၁၇)ဦးထက် မနည်း သေဆုံးခဲ့ရပြီး လေကြောင်းခရီးစဉ် (၂၃၀၀)ထက်မနည်းကို ဖျက်သိမ်းလိုက်ရသည်။

အပြင်းထန်ဆုံး အအေးဒဏ်ကို ခံစားနေရသည့် မန်နီပိုးလစ်နှင့် ရှီကာဂိုတို့တွင် အိမ်အတွင်းနကြေရန် တာဝန်ရှိသူများက သတိပေးထားရပြီး ရှီကာဂိုဆေးရုံတွင် နှင်းကိုက်သည့်ဒဏ်ကို ခံစားရသူ (၅၀)ကို ကုသပေးနေရကာ ယင်းတို့အနက် အချို့မှာ ခြေထောက် သို့မဟုတ် လက်ကို ဖြတ်တောက်ရဖွယ် အခြေအနေရှိနေကြောင်း သိရသည်။

အလားတူ ဗြိတိန်တွင်လည်း စံချိန်တင် အပူချိန်ကျဆင်းမှုကို ခံစားနေရကာ အင်္ဂလန်၊ စကော့တလန်နှင့် ဝေလနယ်တို့တွင် ဆီးနှင်းများထူထပ်စွာ ကျဆင်းမှုနှင့် ကြုံတွေ့နေရပြီး ဗြိတိန်တွင် ၂၀၁၂ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအပူချိန်ကျဆင်းမှုနှင့် ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။

ဆီးနှင်းထူထပ်စွာ ကျဆင်းမှုကြောင့် လမ်းပိတ်ဆို့မှုများဖြစ်နေသည့်အပြင် လန်ဒန်မြို့ ဟိသ်ရိုး လေဆိပ်တွင်လည်း ဖေဖော်ဝါရီလ (၁)ရက်နေ့က လေကြောင်းခရီးစဉ်အချို့ကို ဖျက်သိမ်းခဲ့ရကာ အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တို့တွင် ကျောင်းအချို့လည်း ပိတ်ထားရခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံ၏ ဒေသအချို့တွင် ဆီးနှင်းထူထပ်စွာကျနိုင်ကြောင်း မိုးလေဝသဌာန သတိပေးထားသည်ကို တွေ့ရပြီး အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံအချို့တွင် စံချိန်တင်အအေးဒဏ်ကို ခံစားနေရချိန်တွင် သြစတေးလျနိုင်ငံတွင် စံချိန်တင် အပူချိန်မြင့်တက်မှုကို ခံစားနေရကြောင်း သိရသည်။

ပြင်းထန်လွန်းသည့်အပူချိန်ကြောင့် လမ်းများတွင် ကတ္တရာအရည်ပျော်ခြင်းများကြောင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲဖြစ်ရသည့်အပြင် တိရစ္ဆာန်ထောင်ပေါင်းများစွာလည်း သေဆုံးခြင်းနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

နိုင်ငံတွင်း တောရိုင်းတိရစ္ဆာန်များ အုပ်လိုက်သေဆုံးမှုများကို တွေ့နေရပြီး ဇန်နဝါရီလ (၂၄)ရက်နေ့က နိုင်ငံတောင်ပိုင်းရှိ အဒဲလိတ်ဒ်မြို့တွင် အပူချိန် (၁၁၆)ဒီဂရီဖာရင်ဟိုက်အထိမြင့်တက်ခဲ့ကာ မြို့သမိုင်းတွင် စံချိန်တင်အပူချိန်ရောက်ရှိသွားခဲ့ကြောင်း သိရသည်။

အပူဒဏ်ရှောင်နိုင်ရန် နေအိမ်အတွင်း အရိပ်အကာအတွင်းသာနေထိုင်ကြရန် ကျန်းမာရေး သတိပေးချက်များကိုလည်း နိုင်ငံအတွင်း လုပ်ဆောင်နေရကြောင်း သိရသည်။

ရာသီဥတုပြောင်းလဲမှုကို ကမ္ဘာ့နိုင်ငံများ ပူးပေါင်းဖြေရှင်းမှုမလုပ်ဆောင်နိုင်ပါက ယခုကဲ့သို့ အပူလှိုင်းဒဏ်ကို မကြာခဏခံစားရဖွယ်ရှိသည်ဟု သြစတေးလျသိပ္ပံပညာရှင်များက သတိပေးလိုက်သည်။

“ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ အဆိုးဆုံး အခြေအနေတွေကို ကျွန်တော်တို့ လျှော့ချနိုင်ပါတယ်။ ဒါပေမဲ့ ဒါက တစ်ကမ္ဘာလုံးပါဝင်လုပ်ဆောင်ဖို့ လိုတာပေါ့။ တစ်ဦးချင်း၊ တစ်စုတစ်ဖွဲ့ချင်းလည်း လုပ်ဆောင်နိုင်တယ်ဆိုပေမဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုလောက်တော့ ထိရောက်မှာမဟုတ်ဘူး”ဟု အရှေ့ အင်ဂလီးယားတက္ကသိုလ်မှ ရာသီဥတုဆိုင်ရာ သိပ္ပံသုတေသီ ဘင်ဝက်ဘ်ဘာက စီအန်အန်ကို ပြောကြားထားကြောင်း သိရသည်။

ယင်းသို့ လုပ်ဆောင်နိုင်ရန်မှာ နိုင်ငံရေးသမားများက အဆိုပါကိစ္စအပေါ် စိတ်ဝင်စားရန်လိုအပ်နေသည်ဟု ထောက်ပြလိုက်ပြီး အကယ်၍ ရာသီဥတုဖောက်ပြန်မှုကို မတားဆီး မကာကွယ်နိုင်ပါက ပြောင်းလဲသည့် ရာသီဥတုနှင့်အဆင်ပြေစေမည့် နည်းလမ်းများ ရှာဖွေရမည့်အပြင် ဘေးဒဏ်ခံရမှုလျော့နည်းစေမည့် နည်းလမ်းများကိုလည်း ရှာဖွေရန်လိုအပ်မည်ဟု ဝက်ဘ်ဘာက ပြောဆိုထားသည်။

ဘာသာပြန်သတင်း - ဇာနှင်း
Ref: CNN

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~