တာခ်ီလိတ္တြင္ ပါ၀ါအိတ္ေဇာတပ္ဆိုင္ကယ္မ်ားကို ေန႔ေရာ ညပါ ဖမ္းဆီးမည့္ စီမံခ်က္စတင္

တာခ်ီလိတ္တြင္ ပါ၀ါအိတ္ေဇာတပ္ဆိုင္ကယ္မ်ားကို ေန႔ေရာ ညပါ ဖမ္းဆီးမည့္ စီမံခ်က္စတင္
ဖေဖော်ဝါရီ 12, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕တြင္ အသံဆူညံၿပီး အမ်ားျပည္သူ အေႏွာက္အယွက္ ျဖစ္ေစသည့္ ပါ၀ါအိတ္ေဇာတပ္ဆိုင္ကယ္မ်ားကို ဖမ္းဆီးအေရးယူျခင္းအား ေန႔ခင္းပိုင္းတြင္ သာမက ညပိုင္းမ်ားတြင္ လွည့္ကင္းမ်ား၊ ေရွာင္တခင္ပိတ္ဆို႔ ရွာေဖြျခင္းမ်ားျဖင့္ စီမံခ်က္ခ် လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ပါ၀ါအိတ္ေဇာတပ္ၿပီးရင္ တအားေမာင္းတယ္။ ယာဥ္မေတာ္တဆမႈ ျဖစ္ႏိုင္တာေပါ့။ အဲဒါေၾကာင့္ ဖမ္းဆီးထားတယ္။ အိတ္ေဇာကိုျဖဳတ္လဲမယ္၊ သူ႔ေအာ္ရီဂ်င္နယ္အိတ္ေဇာ ျပန္တပ္မယ္။ တရားရံုးမွာ ဒဏ္ေငြေဆာင္ၿပီးမွ ျပန္ထုတ္ေပး မွာေပါ့”ဟု အမွတ္(၁၁၉) ယာဥ္ထိန္း ရဲတပ္ဖြဲ႕စု (တာခ်ီလိတ္ခရိုင္)မွ ရဲအုပ္ေအာင္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေဖေဖာ္၀ါရီလ (၁၁) ရက္ေန႔က ေျပာသည္။

၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလအတြင္း စီမံခ်က္ျဖင့္ ဖမ္းဆီးထားသည့္ ပါ၀ါအိတ္ေဇာတပ္ဆိုင္ကယ္ (၈) စီးရိွၿပီး အဆိုပါ ဆိုင္ကယ္မ်ားကို (၁၀) တန္းစာေမးပြဲေျဖဆိုၿပီးခ်ိန္မွသာ ျပန္လည္ထုတ္ေပးမည္ျဖစ္ၿပီး စာေမးပြဲ ကာလအတြင္း ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ အမ်ားျပည္သူအေႏွာင့္အယွက္မျဖစ္ေစရန္အတြက္ ေန႔ခင္းပိုင္းတြင္ သာမက ညပိုင္းမ်ားတြင္လည္း ဖမ္းဆီးထိန္းသိမ္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရိွအခ်ိန္အထိ ဖမ္းဆီးအေရးယူထားသည့္ ပါ၀ါအိတ္ေဇာတပ္ဆိုင္ကယ္(၂၀၀) ေက်ာ္မွ အိတ္ေဇာမ်ားကို ျဖဳတ္ယူ သိမ္းဆည္းထားရာတြင္ အဆိုပါအိတ္ေဇာမ်ားကို ရွမ္းရိုးမကြင္းအတြင္း အမ်ားျပည္သူေရွ႕တြင္ လမ္းႀကိတ္စက္ျဖင့္ ဖ်က္စီး သြားမည္ျဖစ္ေၾကာင္းႏွင့္ ပါ၀ါအိတ္ေဇာ တပ္စီးနင္းမႈအတြက္ ဒဏ္ေၾကးေငြအျမင့္ဆံုး က်ပ္တစ္သိန္းႏွင့္ ေထာင္ဒဏ္တစ္လခ်မွတ္ႏိုင္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် အသံဆူညံပြီး အများပြည်သူ အနှောက်အယှက် ဖြစ်စေသည့် ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များကို ဖမ်းဆီးအရေးယူခြင်းအား နေ့ခင်းပိုင်းတွင် သာမက ညပိုင်းများတွင် လှည့်ကင်းများ၊ ရှောင်တခင်ပိတ်ဆို့ ရှာဖွခြေင်းများဖြင့် စီမံချက်ချ လုပ်ဆောင်နေကြောင်း သိရသည်။

“ပါဝါအိတ်ဇောတပ်ပြီးရင် တအားမောင်းတယ်။ ယာဉ်မတော်တဆမှု ဖြစ်နိုင်တာပေါ့။ အဲဒါကြောင့် ဖမ်းဆီးထားတယ်။ အိတ်ဇောကိုဖြုတ်လဲမယ်၊ သူ့အော်ရီဂျင်နယ်အိတ်ဇော ပြန်တပ်မယ်။ တရားရုံးမှာ ဒဏ်ငွေဆောင်ပြီးမှ ပြန်ထုတ်ပေး မှာပေါ့”ဟု အမှတ်(၁၁၉) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (တာချီလိတ်ခရိုင်)မှ ရဲအုပ်အောင်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ (၁၁) ရက်နေ့က ပြောသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း စီမံချက်ဖြင့် ဖမ်းဆီးထားသည့် ပါဝါအိတ်ဇောတပ်ဆိုင်ကယ် (၈) စီးရှိပြီး အဆိုပါ ဆိုင်ကယ်များကို (၁၀) တန်းစာမေးပွဲဖြေဆိုပြီးချိန်မှသာ ပြန်လည်ထုတ်ပေးမည်ဖြစ်ပြီး စာမေးပွဲ ကာလအတွင်း ကျောင်းသားကျောင်းသူများနှင့် အများပြည်သူအနှောင့်အယှက်မဖြစ်စေရန်အတွက် နေ့ခင်းပိုင်းတွင် သာမက ညပိုင်းများတွင်လည်း ဖမ်းဆီးထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ဖမ်းဆီးအရေးယူထားသည့် ပါဝါအိတ်ဇောတပ်ဆိုင်ကယ်(၂၀၀) ကျော်မှ အိတ်ဇောများကို ဖြုတ်ယူ သိမ်းဆည်းထားရာတွင် အဆိုပါအိတ်ဇောများကို ရှမ်းရိုးမကွင်းအတွင်း အများပြည်သူရှေ့တွင် လမ်းကြိတ်စက်ဖြင့် ဖျက်စီး သွားမည်ဖြစ်ကြောင်းနှင့် ပါဝါအိတ်ဇော တပ်စီးနင်းမှုအတွက် ဒဏ်ကြေးငွေအမြင့်ဆုံး ကျပ်တစ်သိန်းနှင့် ထောင်ဒဏ်တစ်လချမှတ်နိုင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~