အျပည္ျပည္ဆိုင္ရာ မိခင္ဘာသာစကားေန႔ႏွင့္ ဌာေနတိုင္းရင္းသားတို႔၏ ဘာသာစကားႏွစ္ အခမ္းအနား ကယားျပည္နယ္တြင္ ပထမဆုံးအႀကိမ္ က်င္းပ

အျပည္ျပည္ဆိုင္ရာ မိခင္ဘာသာစကားေန႔ႏွင့္ ဌာေနတိုင္းရင္းသားတို႔၏ ဘာသာစကားႏွစ္ အခမ္းအနား ကယားျပည္နယ္တြင္ ပထမဆုံးအႀကိမ္ က်င္းပ
ဖေဖော်ဝါရီ 21, 2019
By Tachileik News Agency

အျပည္ျပည္ဆိုင္ရာ မိခင္ဘာသာစကားေန႔ ႏွင့္ ဌာေနတိုင္းရင္းသားတို႔၏ ဘာသာစကားႏွစ္ အခမ္းအနားအား ကယားျပည္နယ္တြင္ ပထမဆုံးအႀကိမ္အျဖစ္ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၂၁) ရက္ေန႔တြင္  လိြဳင္ေကာ္ၿမိဳ႕၌ က်င္းပသည္။

"ျမန္မာႏိုင္ငံမွာေတာ့ ဒီအခမ္းအနားကို တတိယအႀကိမ္ထိပဲ က်င္းပႏိုင္ေသးတယ္။ ကြၽန္မတို႔ ကယားျပည္နယ္ အေနနဲ႔ကေတာ့ ရန္ကုန္ကို မသြားႏိုင္တဲ့အတြက္ ကယားျပည္နယ္မွာပဲ ပထမဆုံးအႀကိမ္ စၿပီး က်င္းပတာျဖစ္တယ္။ ေနာက္ႏွစ္ေတြမွာ ခမ္းခမ္းနားနားနဲ႔ တိုင္းရင္းသားေပါင္းစုံေပါ့ အျခားဌာေန တိုင္းရင္းမဟုတ္တဲ့ တိုင္းရင္းသား ေပါင္းစုံပါ လာၿပီးဆင္ႏြဲႏိုင္ဖို႔ စီစဥ္သြားပါမယ္။ အဓိကက ကြၽန္မတို႔ တိုင္းရင္းသားေတြမွာ မိခင္ဘာစကားစာေပဟာအရမ္းကို အေရးႀကီးတယ္ဆိုတာ အသိေပးခ်င္လုိ႔ ဒီလိုအခမ္းနားကို စလုပ္ရျခင္းျဖစ္ပါတယ္"ဟု ကေယာစာေပႏွင့္ယဥ္ေက်းမႈအဖြဲ႔မွ ေဒၚေအာ္ေလးဗီယာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အခမ္းအနားတြင္ ကယားျပည္နယ္တြင္း႐ွိ ဌာေနတိုင္းရင္းသား ကယား၊ ကေယာ ၊ကယန္း ၊ ေဂဘား၊ မႏုမေနာ ၊ယင္းတလဲ စသည့္ တိုင္းရင္းသားမ်ား၏ စာေပယဥ္ေက်းမႈဆိုင္ရာမ်ား ျပသျခင္း ၊ သက္ဆိုင္ရာ တိုင္းရင္းသားအလိုက္ ႐ုိးရာေတးသီခ်င္းမ်ား သီဆိုျခင္း မ်ားျဖင့္ ထည့္သြင္းက်င္းခဲ့ေၾကာင္းသိရသည္။

ေဖေဖာ္ဝါရီလ (၂၁) ရက္ေန႔တြင္က်ေရာက္သည့္ အျပည္ျပည္ဆိုင္ရာ မိခင္ဘာသာစကားေန႔ႏွင့္ ဌာေနတိုင္းရင္းသားတို႔၏ ဘာသာစကားႏွစ္ အခမ္းအနားအား တိုင္းရင္းသား လူမ်ိဳးမ်ား ေရးရာဝန္ႀကီးဌာန တိုင္းရင္းသားစာေပႏွင့္ယဥ္ေက်းမႈဦးစီးဌာန႐ုံး႐ွိ ခန္းမေဆာင္တြင္က်င္းပခဲ့ၿပီး ျပည္နယ္တြင္း႐ွိ တိုင္းရင္းသား စာေပယဥ္ေက်းမႈအဖြဲ႔မ်ား တက္ေရာက္ခဲ့ၾကသည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့ နှင့် ဌာနေတိုင်းရင်းသားတို့၏ ဘာသာစကားနှစ် အခမ်းအနားအား ကယားပြည်နယ်တွင် ပထမဆုံးအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် လွိုင်ကော်မြို့၌ ကျင်းပသည်။

"မြန်မာနိုင်ငံမှာတော့ ဒီအခမ်းအနားကို တတိယအကြိမ်ထိပဲ ကျင်းပနိုင်သေးတယ်။ ကျွန်မတို့ ကယားပြည်နယ် အနေနဲ့ကတော့ ရန်ကုန်ကို မသွားနိုင်တဲ့အတွက် ကယားပြည်နယ်မှာပဲ ပထမဆုံးအကြိမ် စပြီး ကျင်းပတာဖြစ်တယ်။ နောက်နှစ်တွေမှာ ခမ်းခမ်းနားနားနဲ့ တိုင်းရင်းသားပေါင်းစုံပေါ့ အခြားဌာနေ တိုင်းရင်းမဟုတ်တဲ့ တိုင်းရင်းသား ပေါင်းစုံပါ လာပြီးဆင်နွဲနိုင်ဖို့ စီစဉ်သွားပါမယ်။ အဓိကက ကျွန်မတို့ တိုင်းရင်းသားတွေမှာ မိခင်ဘာစကားစာပေဟာအရမ်းကို အရေးကြီးတယ်ဆိုတာ အသိပေးချင်လို့ ဒီလိုအခမ်းနားကို စလုပ်ရခြင်းဖြစ်ပါတယ်"ဟု ကယောစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဒေါ်အော်လေးဗီယာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အခမ်းအနားတွင် ကယားပြည်နယ်တွင်းရှိ ဌာနေတိုင်းရင်းသား ကယား၊ ကယော၊ကယန်း၊ ဂေဘား၊ မနုမနော၊ယင်းတလဲ စသည့် တိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှုဆိုင်ရာများ ပြသခြင်း၊ သက်ဆိုင်ရာ တိုင်းရင်းသားအလိုက် ရိုးရာတေးသီချင်းများ သီဆိုခြင်း များဖြင့် ထည့်သွင်းကျင်းခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့နှင့် ဌာနေတိုင်းရင်းသားတို့၏ ဘာသာစကားနှစ် အခမ်းအနားအား တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနရုံးရှိ ခန်းမဆောင်တွင်ကျင်းပခဲ့ပြီး ပြည်နယ်တွင်းရှိ တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~