၂၀၁၉ တကၠသိုလ္၀င္တန္း စာေမးပြဲတြင္ တာခ်ီလိတ္ၿမို႕ရွိ စာစစ္ဌာန(၃)ခုမွ ေက်ာင္းသား ေက်ာင္းသူေပါင္း (၁,၁၅၂) ဦး ၀င္ေရာက္ေျဖဆိုမည္

၂၀၁၉ တကၠသိုလ္၀င္တန္း စာေမးပြဲတြင္ တာခ်ီလိတ္ၿမို႕ရွိ စာစစ္ဌာန(၃)ခုမွ ေက်ာင္းသား ေက်ာင္းသူေပါင္း (၁,၁၅၂) ဦး ၀င္ေရာက္ေျဖဆိုမည္
ဖေဖော်ဝါရီ 22, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ စာစစ္ဌာန(၃)ခုတြင္ ၂၀၁၉ တကၠသိုလ္၀င္တန္း စာေမးပြဲအတြက္ ၀င္ေရာက္ေျဖဆိုမည့္သူ စုစုေပါင္း  ေက်ာင္းသား၊ ေက်ာင္းသူ (၁,၁၅၂) ဦးရိွေၾကာင္း သိရသည္။

တကၠသိုလ္၀င္ခြင့္စာေမးပြဲေျဖဆို႔ခြင့္ကတ္မ်ားကို သက္ဆိုင္ရာ စာစစ္ဌာနမ်ားမွ စတင္ထုတ္ေပးေနၿပီး ႏိုင္ငံသားစိစစ္ေရး ကတ္ျပားျဖင့္ ရံုးဖြင့္ရက္မ်ားအတြင္း ေန႔စဥ္ မြန္းလြဲႊ (၁) နာရီမွ ညေန(၄) နာရီအတြင္း လာေရာက္ထုတ္ယူႏိုင္ေၾကာင္း သိရသည္။

“သက္ဆိုင္ရာေက်ာင္းေတြအလိုက္ ထုတ္ေပးတာပါ။ ေဖေဖာ္၀ါရီ (၁၅) ရက္ေန႔ ညေနကတည္းက စထုတ္ေပးတာ။ သက္ဆိုင္ရာ ေက်ာင္းေတြမွာ သြားထုတ္ရမွာေပါ့။ အရင္က စေန၊ တနဂၤေႏြပါ ထုတ္ေပးတယ္။ အခုေတာ့ ကုန္သေလာက္ျဖစ္သြားၿပီဆိုေတာ့ ေက်ာင္းဖြင့္ရက္ေတြပဲ ထုတ္ေပးေတာ့မယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ပညာေရးမွဴးရံုးမွ တာ၀န္ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္စာစစ္ဌာနျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္အတြင္းရွိ အေျခခံပညာ အထက္တန္းေက်ာင္း(တာခ်ီလိတ္)တြင္ အထက(တာခ်ီလိတ္)၊ အထက(ဆန္ဆိုင္း)၊ အထက(မိုင္းကိုး)၊ အထက(ခြဲ)ပုန္းထြန္၊ ေရႊမဟာကိုယ္ပိုင္ အထက္တန္းေက်ာင္း၊ ရွမ္းေရွ႕တန္ေဆာင္ ကိုယ္ပိုင္ အထက္တန္းေက်ာင္း ႏွင့္ အျပင္ေျဖမ်ား စသည္တို႔မွ ေက်ာင္းသား(၂၆၇)ဦး ႏွင့္ ေက်ာင္းသူ(၄၀၄)ဦး စုစုေပါင္း (၆၇၁)ဦးတို႔မွ ေျဖဆိုၾကမည္ျဖစ္ေၾကာင္း သိရသည္။

ေဟာင္လိပ္စာစစ္ဌာနျဖစ္သည့္ အေျခခံပညာအထက္တန္းေက်ာင္း(ေဟာင္လိတ္)တြင္ အထက(ေဟာင္လိတ္)၊ အထက(ခြဲ)၀မ္ပံု ႏွင့္ အျပင္ေျဖတို႔မွ ေက်ာင္းသား (၁၀၁)ဦး ႏွင့္ ေက်ာင္းသူ (၁၃၇)ဦး စုစုေပါင္း (၂၃၈)ဦး ေျဖဆိုၾကမည္ျဖစ္ေၾကာင္း ႏွင့္ တာေလစာစစ္ဌာနျဖစ္သည့္ အေျခခံပညာ အထက္တန္းေက်ာင္း(တာေလ)တြင္ အထက(တာေလ)၊ အထက(၀မ္နတ္) ႏွင့္ အျပင္ေျဖ တို႔မွ ေက်ာင္းသား (၉၀)ဦး ႏွင့္ ေက်ာင္းသူ(၁၅၃)ဦး စုစုေပါင္း (၂၄၃)ဦး ျဖစ္ဆိုၾကမည္ျဖစ္ေၾကာင္း သိရသည္။

စာစစ္ဌာန(၃)ခုျဖစ္တြင္ စုစုေပါင္း ေက်ာင္းသား(၄၅၈)ဦး ႏွင့္ ေက်ာင္းသူ(၆၉၄)ဦး စုစုေပါင္း (၁၁၅၂)ဦး ေျဖဆိုၾကမည္ျဖစ္ရာ ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းမွ (၂၅)ဦး ႏွင့္ ရွမ္းေရွ႕တန္ေဆာင္ ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ (၃၄)ဦး ပါ၀င္ေၾကာင္း သိရသည္။

၂၀၁၉ တကၠသိုလ္၀င္တန္း စာေမးပြဲအား ၂၀၁၉ခုႏွစ္ မတ္လ(၆)ရက္ေန႔မွ မတ္လ(၁၅)ရက္ေန႔အထိ က်င္းပျပဳလုပ္မည္ျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ၂၀၁၉ တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ဝင်ရောက်ဖြေဆိုမည့်သူ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁,၁၅၂) ဦးရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆို့ခွင့်ကတ်များကို သက်ဆိုင်ရာ စာစစ်ဌာနများမှ စတင်ထုတ်ပေးနပြေီး နိုင်ငံသားစိစစ်ရေး ကတ်ပြားဖြင့် ရုံးဖွင့်ရက်များအတွင်း နေ့စဉ် မွန်းလွှဲ (၁) နာရီမှ ညနေ(၄) နာရီအတွင်း လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

“သက်ဆိုင်ရာကျောင်းတွေအလိုက် ထုတ်ပေးတာပါ။ ဖေဖော်ဝါရီ (၁၅) ရက်နေ့ ညနေကတည်းက စထုတ်ပေးတာ။ သက်ဆိုင်ရာ ကျောင်းတွေမှာ သွားထုတ်ရမှာပေါ့။ အရင်က စနေ၊ တနင်္ဂေနွပါ ထုတ်ပေးတယ်။ အခုတော့ ကုန်သလောက်ဖြစ်သွားပြီဆိုတော့ ကျောင်းဖွင့်ရက်တွေပဲ ထုတ်ပေးတော့မယ်”ဟု တာချီလိတ်မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်စာစစ်ဌာနဖြစ်သည့် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း(တာချီလိတ်)တွင် အထက(တာချီလိတ်)၊ အထက(ဆန်ဆိုင်း)၊ အထက(မိုင်းကိုး)၊ အထက(ခွဲ)ပုန်းထွန်၊ ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း၊ ရှမ်းရှေ့တန်ဆောင် ကိုယ်ပိုင် အထက်တန်းကျောင်း နှင့် အပြင်ဖြေများ စသည်တို့မှ ကျောင်းသား(၂၆၇)ဦး နှင့် ကျောင်းသူ(၄၀၄)ဦး စုစုပေါင်း (၆၇၁)ဦးတို့မှ ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

ဟောင်လိပ်စာစစ်ဌာနဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)တွင် အထက(ဟောင်လိတ်)၊ အထက(ခွဲ)ဝမ်ပုံ နှင့် အပြင်ဖြေတို့မှ ကျောင်းသား (၁၀၁)ဦး နှင့် ကျောင်းသူ (၁၃၇)ဦး စုစုပေါင်း (၂၃၈)ဦး ဖြေဆိုကြမည်ဖြစ်ကြောင်း နှင့် တာလေစာစစ်ဌာနဖြစ်သည့် အခြေခံပညာ အထက်တန်းကျောင်း(တာလေ)တွင် အထက(တာလေ)၊ အထက(ဝမ်နတ်) နှင့် အပြင်ဖြေ တို့မှ ကျောင်းသား (၉၀)ဦး နှင့် ကျောင်းသူ(၁၅၃)ဦး စုစုပေါင်း (၂၄၃)ဦး ဖြစ်ဆိုကြမည်ဖြစ်ကြောင်း သိရသည်။

စာစစ်ဌာန(၃)ခုဖြစ်တွင် စုစုပေါင်း ကျောင်းသား(၄၅၈)ဦး နှင့် ကျောင်းသူ(၆၉၄)ဦး စုစုပေါင်း (၁၁၅၂)ဦး ဖြေဆိုကြမည်ဖြစ်ရာ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ (၂၅)ဦး နှင့် ရှမ်းရှေ့တန်ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ (၃၄)ဦး ပါဝင်ကြောင်း သိရသည်။

၂၀၁၉ တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ၂၀၁၉ခုနှစ် မတ်လ(၆)ရက်နေ့မှ မတ်လ(၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~