လူမႈဝန္ထမ္းဦးစီးဌာနက ၿမိဳ႕နယ္တုိင္းတြင္ စံျပမူႀကိဳဖြင့္လွစ္ေရး ဘတ္ဂ်က္နည္းေန၍ အျပည့္အဝ မေဆာင္ရြက္ႏုိင္ေသး

လူမႈဝန္ထမ္းဦးစီးဌာနက ၿမိဳ႕နယ္တုိင္းတြင္ စံျပမူႀကိဳဖြင့္လွစ္ေရး ဘတ္ဂ်က္နည္းေန၍ အျပည့္အဝ မေဆာင္ရြက္ႏုိင္ေသး
ဖေဖော်ဝါရီ 25, 2019
By Tachileik News Agency

လူမႈဝန္ထမ္းဦးစီးဌာနက ၿမိဳ႕နယ္တုိင္းတြင္ စံျပမူႀကိဳေက်ာင္းမ်ားဖြင့္လွစ္ႏုိင္ေရး ေဆာင္ရြက္ ေနေသာ္လည္း ဘတ္ဂ်က္ရရိွမႈ နည္းသျဖင့္ အျပည့္အဝေဆာင္ရြက္ႏုိင္ျခင္းမရိွေသးဘဲ တစ္ႏိုင္ငံလုံုး အတုိင္းအတာျဖင့္ ေက်ာင္းေပါင္း (၁၂၄)ေက်ာင္းကိုသာ ဖြင့္လွစ္ႏိုင္ေသးေၾကာင္း သိရသည္။

“လူမႈဝန္ထမ္းဦးစီးဌာနအေနနဲ႔ ၿမိဳ႕နယ္တစ္ၿမိဳ႕နယ္လွ်င္ စံျပမူႀကိဳေက်ာင္းတစ္ေက်ာင္းႏႈန္း ဖြင့္လွစ္ႏုိင္ေရး ေဆာင္ရြက္ေနေသာ္လည္း ဘတ္ဂ်က္ရရိွမႈ အေျခအေနအရ မ်ားစြာတိုးခ်ဲ႕ႏုိင္ျခင္း မရိွေသးပါ “ဟု လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးစိုးေအာင္က ျပည္သူ႔လႊတ္ေတာ္တြင္ ေျပာၾကားသြားသည္။

ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၁)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (၁၇)ရက္ေျမာက္ေန႔ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၅)ရက္ေန႔တြင္ ကယားျပည္နယ္ ဖားေဆာင္း မဲဆႏၵနယ္မွ လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚနန္းေထြးသူက ဖားေဆာင္းၿမိဳ႕နယ္ ေတာင္ပိုင္း၊ ေျမာက္ပိုင္းရပ္ကြက္ရိွ ကိုယ္ထူကိုယ္ထ မူႀကိဳေက်ာင္း(၂)ေက်ာင္း ပ်က္စီးေန၍ ဝန္ႀကီးဌာနမွ ျပဳျပင္ေပးရန္အစီအစဥ္ ရွိ၊ မရွိ ႏွင့္ စပ္လ်ဥ္း သည့္ ေမးခြန္းကို ဒုတိယဝန္ႀကီးက ယင္းကဲ့သို႔ ေျဖၾကားခဲ့ျခင္းျဖစ္သည္။

လူမႈဝန္ထမ္းဦးစီးဌာနက တစ္ႏုိင္ငံလံုး အတုိင္းအတာျဖင့္ မူလတန္းႀကိဳေက်ာင္းမ်ား ဖြင့္လွစ္ေပးႏုိင္ျခင္း မရိွသျဖင့္ လူမႈဝန္ထမ္းဦးစီးဌာန၏ တရားဝင္ခြင့္ျပဳခ်က္ျဖင့္ မူလတန္းႀကိဳေက်ာင္းမ်ား ဖြင့္လွစ္ခြင့္ေပးျခင္း၊ ကိုယ္ထကိုယ္ထူမူႀကိဳေက်ာင္းမ်ားအား ပံ့ပိုးေပးျခင္းႏွင့္ ေက်ာင္းမရိွသည့္ေဒသမ်ားတြင္ ကေလး မိခင္မ်ားအား မိခင္ဝိုင္းမ်ား ဖန္တီးေပးျခင္းတို႔ကို လုပ္ေဆာင္ေနေၾကာင္း သိရသည္။

လူမႈဝန္ထမ္းဦးစီးဌာန အေနျဖင့္ ဖြင့္လွစ္ထားသည့္ မူလတန္းႀကိဳေက်ာင္း (၁၂၄)ေက်ာင္းတြင္ ကေလးအေရ အတြက္ (၁၇,၀၀၀)ေက်ာ္ကို ျပဳစုေပးေနၿပီး ဆက္လက္ ထိန္းသိမ္းရန္ အခက္အခဲရိွသည့္ ကိုယ္ထူကိုယ္ထ မူလတန္းႀကိဳေက်ာင္းမ်ားကို ဦးစီးဌာနက လႊဲေျပာင္းယူၿပီး စံျပမူႀကိဳေက်ာင္းမ်ားအျဖစ္ ဆက္လက္တာဝန္ယူေပးေနေၾကာင္း သိရသည္။

တစ္ႏုိင္ငံလံုးတြင္ ၂၀၁၉ ခုႏွစ္အထိ ဖြင့္လွစ္ထားသည့္ ကိုယ့္အားကိုယ္ကိုးမူႀကိဳေက်ာင္းေပါင္း (၁၀၂၅)ေက်ာင္းမွ ဆရာ၊ ဆရာမမ်ားအတြက္ ေထာက္ပံ့ေၾကးႏွင့္ သင္ေထာက္ကူပစၥည္း ဝယ္ယူေရးအတြက္ တစ္ေက်ာင္းလွ်င္ တစ္ႏွစ္ က်ပ္(၇)သိန္းႏႈန္းေထာက္ပံ့ေပးေနေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

လူမှုဝန်ထမ်းဦးစီးဌာနက မြို့နယ်တိုင်းတွင် စံပြမူကြိုကျောင်းများဖွင့်လှစ်နိုင်ရေး ဆောင်ရွက် နေသော်လည်း ဘတ်ဂျက်ရရှိမှု နည်းသဖြင့် အပြည့်အဝဆောင်ရွက်နိုင်ခြင်းမရှိသေးဘဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းပေါင်း (၁၂၄)ကျောင်းကိုသာ ဖွင့်လှစ်နိုင်သေးကြောင်း သိရသည်။

“လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ မြို့နယ်တစ်မြို့နယ်လျှင် စံပြမူကြိုကျောင်းတစ်ကျောင်းနှုန်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေသော်လည်း ဘတ်ဂျက်ရရှိမှု အခြေအနေအရ များစွာတိုးချဲ့နိုင်ခြင်း မရှိသေးပါ “ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြည်သူ့လွှတ်တော်တွင် ပြောကြားသွားသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် ကယားပြည်နယ် ဖားဆောင်း မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းထွေးသူက ဖားဆောင်းမြို့နယ် တောင်ပိုင်း၊ မြောက်ပိုင်းရပ်ကွက်ရှိ ကိုယ်ထူကိုယ်ထ မူကြိုကျောင်း(၂)ကျောင်း ပျက်စီးနေ၍ ဝန်ကြီးဌာနမှ ပြုပြင်ပေးရန်အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်းကို ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ဖြကြေားခဲ့ခြင်းဖြစ်သည်။

လူမှုဝန်ထမ်းဦးစီးဌာနက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မူလတန်းကြိုကျောင်းများ ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၏ တရားဝင်ခွင့်ပြုချက်ဖြင့် မူလတန်းကြိုကျောင်းများ ဖွင့်လှစ်ခွင့်ပေးခြင်း၊ ကိုယ်ထကိုယ်ထူမူကြိုကျောင်းများအား ပံ့ပိုးပေးခြင်းနှင့် ကျောင်းမရှိသည့်ဒေသများတွင် ကလေး မိခင်များအား မိခင်ဝိုင်းများ ဖန်တီးပေးခြင်းတို့ကို လုပ်ဆောင်နေကြောင်း သိရသည်။

လူမှုဝန်ထမ်းဦးစီးဌာန အနဖြေင့် ဖွင့်လှစ်ထားသည့် မူလတန်းကြိုကျောင်း (၁၂၄)ကျောင်းတွင် ကလေးအရေ အတွက် (၁၇,ဝဝဝ)ကျော်ကို ပြုစုပေးနပြေီး ဆက်လက် ထိန်းသိမ်းရန် အခက်အခဲရှိသည့် ကိုယ်ထူကိုယ်ထ မူလတန်းကြိုကျောင်းများကို ဦးစီးဌာနက လွှဲပြောင်းယူပြီး စံပြမူကြိုကျောင်းများအဖြစ် ဆက်လက်တာဝန်ယူပေးနေကြောင်း သိရသည်။

တစ်နိုင်ငံလုံးတွင် ၂၀၁၉ ခုနှစ်အထိ ဖွင့်လှစ်ထားသည့် ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းပေါင်း (၁၀၂၅)ကျောင်းမှ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ကြေးနှင့် သင်ထောက်ကူပစ္စည်း ဝယ်ယူရေးအတွက် တစ်ကျောင်းလျှင် တစ်နှစ် ကျပ်(၇)သိန်းနှုန်းထောက်ပံ့ပေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~